BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

ခက်လည်း ခက်တဲ့ သမ္မတ


RangonNewsDaily: February . 23 .2014
ပြည်သူ့အသံ နားထောင်ချင်လို့ ခရိုနီတစု ခေါ်တွေ့ရတယ်ပဲ ရှိသေး။ ဒီလူနဲ့ ဒီလူ တွေ့နေကျ မဟုတ်တာ လိုက်လို့။ပြည်သူ့အသံ တကယ်နားခံချင်ရင်၊

ပြည်သူအသံ တကယ်နားခံချင်ရင်၊ သမီးကလေးကျေးရွာတို့၊ လက်ပံတောင်းတို့၊ ကချင်ပြည်နယ်တို့လို နေရာတွေကို ဖါတလုံးခေါင်းကျား လို၊ အရူးယောင်ဆောင်ပြီးသာ သွားကြည့်ပါလေ။

ဒီအတိုင်း အကောင်းတော့ သွား မရ လောက်ဘူး။ 

လုံခြုံရေးအပြည့်နဲ့သွားလည်း ဘာမှ ကြားရမှာ မဟုတ်ဘူး။ ပြည်သူက အနားတောင် သီခွင့်မရှိတာ။

ခင်ဗျားခေါ်တွေ့တဲ့ လူတွေက ပြည်သူတွေ မဟုတ်ဘူး။ 

အပင်းတွေဗျ။ 

ခေတ်အဆက်ဆက်၊ အစိုးရ၊ နဲ့ စစ်တပ်နဲ့အာဏာရှိသူတွေနဲ့ ပင်းသင်းလုပ်စားတတ်တဲ့သူတွေ။ 

အပင်းတွေဆီက ဘာများ အမှန်စကား ကြားရမလဲ။ 

ဟုတ်ကဲ့ အဘ၊ ဟုတ်ကဲ့ အဘနဲ့ ငယ်ပါ လက်အုပ်၊ ဒါမှမဟုတ် လက်အုပ်ချီတဲ့အမူအယာ
နဲ့ အဖေရင်း တောင် ဒီလောက် ရိုသေကြမှာ မဟုတ်ဘူး။

ဒီလိုလူတွေဆီကများ တိုင်းပြည်က ပြည်သူအသံနာခံဖို့ မျှော်လင့်တယ် ဆိုတော့၊

လူရွှင်တော် မော့စ် ပြက်ခဲ့သလို၊ တော်တော်စောက်ဆုံးမကျတဲ့ ရဲ လို့ ရဲ ကို တရုပ်ကြီး အစိရှည် ဆဲသလို၊

တော်တော်စောက်ဆုံးမကျတဲ့ သမ္မတ လို့သာ ဆဲ ဖို့ ရှိပေတော့လေရဲ့။

ချိုတူးဇော် 
kolatt(PBDN)
RangonNewsDaily