Pages

Monday, February 24, 2014

ယူရို ၂၀၁၆ ခြေစစ်ပွဲအဆင့် မဲခွဲမှုများ


RangonNewsDaily: February . 24 .2014
၂၀၁၆ ခုနှစ် ဥရောပဖလား ပြိုင်ပွဲအတွက် ခြေစစ်ပွဲအဆင့် ပွဲစဉ်များကို မဲခွဲခဲ့ရာမှာ အင်္ဂလန်အသင်းဟာ အုပ်စု E မှာ အသင်းငယ်များနှင့် ကျရောက်ခဲ့ပြီး အုပ်စုချောင်ခဲ့သည်။ ဟော်လန်အသင်းအနေနှင့် အနည်းငယ် ခက်ခဲနိုင်ပြီး တူရကီ၊ ချက် အသင်းများနှင့် အတူကျရောက်ခဲ့သည်။ ပေါ်တူဂီ အသင်းကတော့ ဒိန်းမတ်အသင်းနှင့် ထပ်မံ ရေစက်ဆုံခဲ့ပြီး ရုရှား၊ ဆွီဒင်၊ မွန်တီနီဂရိုး၊ သြစတြီးယားတို့ ပါဝင်သည့် အုပ်စု G ဟာ ခက်ခဲသည့် အုပ်စု တစ်စုအဖြစ် အတူ မဲကျခဲ့ကြသည်။ 
ပြိုင်ပွဲ ပုံစံသစ်အရ ဥရောပဖလား ပြိုင်ပွဲဟာ ၂၄ သင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရမည် ဖြစ်သည်။ အိမ်ရှင် ပြင်သစ်အသင်းနှင့်အတူ ခြေစစ်ပွဲအောင် ၂၃ သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ 

ခြေစစ်ပွဲ ကျင်းပပုံအရ ၆ သင်းပါဝင်သည့် အုပ်စု ၈ ခု၊ ၅ သင်းပါဝင်သည့် အုပ်စု တစ်စုတို့မှ အုပ်စု ပထမနှင့် ဒုတိယ ရသည့် အသင်း ၁၈ သင်းတို့ဟာ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်သည်။ တတိယ နေရာမှာ ရပ်တည်သည့် အသင်း ၉ သင်းမှ အကောင်းဆုံး ရလာဒ်ရရှိသည့် အသင်းဟာ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်ပြီး လက်ကျန် ၈ သင်းဟာ Play-off ယှဉ်ပြိုင် ကစားကြရမည် ဖြစ်သည်။

GROUP A: ဟော်လန်၊ ချက်၊ တူရကီ၊ လက်ဗီယား၊ အိုက်စ်လန်၊ ကာဇက်စတန်

GROUP B: ဘော့စနီးယားနှင့်ဟာဇီဂိုဗီနား၊ ဘယ်လ်ဂျီယံ၊ အစ္စရေး၊ ဝေးလ်စ်၊ ဆိုက်ပရပ်စ်၊ အင်ဒိုရာ

GROUP C: စပိန်၊ ယူကရိန်း၊ စလိုဗာကီးယား၊ ဘေလာရုဇ်၊ မက်ဆီဒိုးနီးယား၊ လူဇင်ဘတ်

GROUP D: ဂျာမဏီ၊ အိုင်ယာလန်၊ ပိုလန်၊ စကော့တလန်၊ ဂျော်ဂျီယာ၊ ဂျီဘရော်တာ

GROUP E: အင်္ဂလန်၊ ဆွတ်ဇာလန်၊ စလိုဗေးနီးယား၊ အက်စ်တိုးနီးယား၊ လစ်သူယေးနီးယား၊ ဆန်မာရီနို

GROUP F: ဂရိ၊ ဟန်ဂေရိ၊ ရိုမေးနီးယား၊ ဖင်လန်၊ မြောက်အိုင်ယာလန်၊ ဖာရိုးကျွန်းစု

GROUP G: ရုရှား၊ ဆွီဒင်၊ သြစတြီးယား၊ မွန်တီနီဂရိုး၊ မော်လ်ဒိုဗာ၊ လီချင်စတိန်း

GROUP H: အီတလီ၊ ခရိုအေးရှား၊ နော်ဝေ၊ ဘူလ်ဂေးရီးယား၊ အဇာဘိုင်ဂျန်၊ မော်လ်တာ

GROUP I: ပေါ်တူဂီ၊ ဒိန်းမတ်၊ ဆာဘီးယား၊ အာမေးနီးယား၊ အယ်ဘေးနီးယား

footballcafe , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment