Pages

Monday, February 24, 2014

ကုန်တင်ယာဉ်မှ ခရီးသည်တင်ယာဉ်အား နောက်ဖက်မှတိုက်မိခဲ့သဖြင့် (၁)ဦးသေ၊ (၃)ဦးဒဏ်ရာရ

RangonNewsDaily: February . 24 .2014
၂၃.၂.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန် လှည်းကူးမြို့နယ်၊ အမှတ်(၂) လမ်းမကြီးအတိုင်း ဇရပ်ကွင်းရွာဘက်မှ ဆားတလင်းကျေးရွာ
ဘက်သို့ ယာဉ်မောင်း အောင်ဆန်းကြည်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသော
4A---- နစ်ဆန်းဒီဇယ် (၁၂)ဘီးကုန်တင်ယာဉ်သည် မိုင်တိုင်အမှတ် (၂၆/၄)အနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ဆည်မြောင်း
မှတ်တိုင်၌ ခရီးသည်တင်/ချပြုလုပ်နေ သော လှည်းကူး-ဒါးပိန်-သင်္ဃန်းကျွန်း ပြေးဆွဲသည့် 6A---- ခရီးသည်တင် ဒိုင်နာယာဉ်၏ နောက်ဖက်အား ၀င်ရောက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် 6A---- ယာဉ်ပေါ်ပါ ခရီးသည် ခလရ(၇၂) လွိုင်ကော်မှ ဗိုလ်ကြီးစောနိုင်ဟိန်းမှာ ယာခြေသလုံးကျိုး၊ ကျောပြင်ညိုမဲ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အခြားခရီးသည် (၃)ဦးတို့တွင် ဖူးရောင်၊ နာကျင်ဒဏ်ရာ
များရရှိခဲ့သဖြင့် ဒါးပိန်ဆေးရုံ၌ ပြင်ပလူနာများအဖြစ် ဆေးကုသမှုခံယူခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကုန်တင်ယာဉ်မောင်း အောင်ဆန်းကြည်အား ဒါးပိန်နယ်မြေရဲစခန်း ယာဉ်(ပ)၃/၂၀၁၄၊ ပုဒ်မ ၃၃၇/၃၀၄-က ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment