Pages

Monday, February 24, 2014

MAI ၏ ကိုရီးယား - ရန်ကုန် စင်းလုံးငှား ခရီးစဉ်စတင်


RangonNewsDaily: February . 24 .2014
နိုင်ငံသားပိုင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) ၏ ကိုရီးယား-ရန်ကုန် ပထမဆုံး စင်းလုံးငှား ခရီးစဉ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စတင်ပြေးဆွဲ ခဲ့ကြောင်း ယင်းလေကြောင်းလိုင်းထံမှ စုံစမ်းသိရှိရသည်။
ပထမဆုံး စင်းလုံးငှား ခရီးစဉ်တွင် ကိုရီးယားနိုင်ငံသား ဧည့်သည် ၇၀ ဦးကျော် တင်ဆောင်ကာ Air Bus လေယာဉ် အမျိုးအစားဖြင့် ကိုရီးယားနိုင်ငံ ပူစမ် (Pusan) အပြည်ပြည်ဆိုင်ရာလေဆိပ်မှရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စင်းလုံးငှား (Charter) ခရီးစဉ်အနေနှင့် ပထမဆုံးအကြိမ် ဆင်းသက် ပျံသန်းပေးခဲ့ပြီး လေယာဉ် ငှားရမ်းခအဖြစ် ခန့်မှန်းခြေ တစ်နာရီလျှင် အမေရိကန်ဒေါ်လာ ခြောက်ထောင်ခန့်ဖြင့် ငှားရမ်းပြေးဆွဲ ပေးခဲ့ကြောင်း MAI လေကြောင်းလိုင်း၏ အရောင်းမန်နေဂျာ ဒေါ်အေးမရသာက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ရန်ကုန်မြို့မှ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ စီရမ်ရိ၊ ဖနွမ်းပင်နှင့် ဂါယာမြို့တို့သို့ Airbus A320 (လူဦးရေ ၁၈၀ ဆံ့)၊ Airbus A319 (လူဦးရေ ၁၂၀ ဆံ့) လေယာဉ်များဖြင့် ပုံမှန် ပျံသန်းပေးလျက် ရှိပြီး၊ စင်းလုံးငှား (Charter Flight) ခရီးစဉ် များကိုလည်း ဆက်သွယ် ငှားရမ်းနိုင်သည့်အပြင် ကိုရီးယား-ရန်ကုန် နေ့စဉ်ပုံမှန် (Schedule) ခရီးစဉ် များကိုလည်း ပြေးဆွဲပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကရှင်းပြသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ၁၉၉၃ ခုနှစ်မှ စတင်ကာ ပြည်ပခရီးစဉ်များကို ပျံသန်း ပေးလျက်ရှိပြီး လက်ရှိတွင် Air Bus ကိုးစင်းဖြင့် ပြည်ပခရီးစဉ်များကို ပြေးဆွဲပေးလျက် ရှိကြောင်း ယင်းလေကြောင်းလိုင်းထံမှ သိရသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment