Pages

Monday, February 24, 2014

ရန်ကုန်မြို့ ကိုချစ်မြတ်နိုးသူတိုင်း ဘာသာရေးပဋိပက္ခဖြစ်ပွားမှုမှာ ကာကွယ်ပါ

ဓါတ်ပုံအညွှန်း > ရန်ကုန်မြို့ လယ်တစ်နေရာမှ ဘာသာပေါင်းစုံငြိမ်းချမ်းရေး ပြယုဂ်တစ်ခု။

RangonNewsDaily: February . 24 .2014
ရန်ကုန်မြို့ ဟာ ဘာသာပေါင်းစုံ ဟာမိုနီဖြစ်တဲ့မြို့ တစ်ခုဖြစ်ပါတယ်။ ဘယ်လောက်တောင်ဖြစ်သလဲဆိုရင် ရခိုင်မုန့် တီကိုတောင် အစ္စလာမ်ဘာသာဝင်တွေက ရောင်းချပြီး အစ္စလာမ်ဘာသာဝင်တွေက မြတ်မြတ်နိုးနိုးဝယ်စားကြတာပါ။
မုန့် ဟင်းခါးဆိုရင်လည်း အထမ်းသယ်ကစပြီး ဆိုင်နဲ့ ရောင်းချသူကအဆုံး အစ္စလာမ်ဘာသာဝင်တွေရှိပါတယ်။

နောက်ပြီး ဒံပေါက်လို အိန္ဒိယရိုးရာအစားအစာ၊ တိုရှည်၊ ပလာတာ၊ အီကြာကွေး၊ စတဲ့ဟာတွေကို ဗမာလူမျိုးတွေရောင်းချနေတာကို
လည်း နေရာအနှံ့ မြင်နိုင်ကြပါတယ်။ ဒါ့အပြင် ဘိန်းမုန့် ၊ မုန့် ပစ်သလတ်၊ မုန့် လင်မယားစတဲ့ဗမာ့ရိုးရာအစားအစာတွေကိုဘာသာ
စုံလူမျိုးစုံ ရောင်းချသူတွေရှိသလို ဘာသာစုံလူမျိုးစုံစားသုံးသူတွေလည်း ရှိပါတယ်။ ရန်ကုန်မြို့ ဟာ အဲသလောက်ထ ဘာသာပေါင်းစုံ Religious Harmony ဖြစ်တဲ့မြို့ ပါ။

တစ်ယောက်နဲ့ တစ်ယောက်ဖေးမကူညီကြတယ်၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တိုင်းဟာ ဘာသာမတူတဲ့လူတွေ တစ်ယောက်နဲ့ တစ်ယောက်မှီခိုနေကြတယ်။ ဘုရင့်နောင်ကိုကြည့်မလား၊ စော်ဘွားကြီးကုန်းကိုကြည့်မလား၊ ဘာသာပေါင်းစုံဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန်စီပွားရေးလုပ်ငန်းရှင်တွေ အပြန်အလှန်ကူးလူးဆက်ဆံပြီးစီးပွားရေးလုပ်ကိုင်နေကြတာကိုတွေ့ ရမှာပါ။

လမ်းမတော်မြို့ နယ်နဲ့ လသာမြို့ နယ်ကတော့ ပြည်တွင်းနေ မြန်မာနိုင်ငံသား တရုတ်လူမျိုးတွေအများအပြားကြီးစိုးနေထိုင်တဲ့မြို့ တစ်

ခုပါ။ တရုတ်တန်းလို့ ခေါ်ရာမှာ တရုတ်တွေသိမ်းပိုက်ထားတဲ့ မြို့ နယ်တစ်ခုလို့ မမြင်စေချင်ပါဘူး။ တရုတ်တန်းမှာ ဗမာလူမျိုးတွေ
အပါအ၀င် တိုင်းရင်းသားမျိုးစုံနဲ့ မြန်မာမွတ်စလင်တွေနေထိုင်ကြတာလည်းရှိကြပါတယ်။ အဲဒီတရုတ်တန်းမှာပဲ တရုတ်ဘုံကျောင်း
တွေ၊ ဓမ္မာရုံတွေ၊ အစ္စလာမ်ဘာသာရေးဝတ်ကျောင်းတော်တွေရှိပါတယ်။ ဒါကို ရန်ကုန်မြို့ မှာ နေထိုင်ကြသူတိုင်းသိကြမှာပါ။

အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ကြတယ်လို့ ရည်ညွှန်းတဲ့ ပန်းဘဲတန်းမြို့ နယ်နဲ့  မင်္ဂလာတောင်ညွှန့် မြို့ နယ်တွေမှာဆို
ရင်
လည်း ဘာသာပေါင်းစုံညီညွတ်တဲ့ ပြယုဂ်တွေကို အံ့သြစရာကောင်းလောက်အောင် မြင်တွေ့ ရမှာဖြစ်ပါတယ်။ တစ်နှစ်မှာ
တစ်ကြိမ်ကျင်းပတဲ့ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွေဆိုရင် လမ်းတွေပိတ်ပြီး သက်ဆိုင်ရာလမ်းတွေက ငွေကြေးတတ်နိုင်
သူတွေက ကလေးငယ်တွေကို ဘာသာလူမျိုးမခွဲခြားပဲ အားကစားပွဲတွေလုပ်ပေးပါတယ်။ 

တစ်နှစ်တာရဲ့ ဘာသာပေါင်းစုံညီညွတ်ပြီး ပျော်ပျော်ရွှင်ရွှင်ရှိကြတဲ့ အချိန်ကာလကိုပြပါဆိုရင် လွတ်လပ်ရေးနေ့ ကိုပြရမှာပါ။ ဘာ
သာဝင်အားလုံးဟာ လွတ်လပ်ရေးရယူခဲ့တုန်းက ဘာသာပေါင်းစုံအားထုတ်ခဲ့ကြသလိုပဲ ဂုဏ်ပြုတဲ့နေ့ ရက်တွေမှာလည်း ဒီမြင်ကွင်းမျိုးကို ပြန်မြင်ရလို့ မျက်ရည်ဝိုင်းရတဲ့အထိပါပဲ။ စာရေးသူကိုယ်တိုင် လွတ်လပ်ရေးနဲ့ ပျော်ပွဲရွှင်ပွဲတွေကို အသက်၂၀တိုင်အောင် ဂုဏ်ယူစွာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သင်္ကြန်ကျပြီဆိုရင်လည်း ထိုနည်းတူပါပဲ။

ပွင့်လင်းရာသီဆိုရင်လည်း တရားပွဲတွေကို တရုတ်အများစုနေတဲ့ရပ်ကွက်၊ ဗမာအများစုနေတဲ့ရပ်ကွက်၊ တိုင်းရင်းသားအများစုနေတဲ့ရပ်ကွက်၊ မွတ်စလင်အများစုနေတဲ့ရပ်ကွက်မခွဲခြားပဲ လမ်းလုံးပြည့်လူပြည့်လျှံအောင်ပြုလုပ်ကြလေ့ရှိပါတယ်။ 


မွတ်စလင်အများစုနေတဲ့ ရပ်ကွက်တွေဖြစ်တဲ့ ပန်းဘဲတန်းနဲ့ မင်္ဂလာတောင်ညွှန့် မြို့ နယ်တွေမှာဆိုရင်လည်း လမ်းတိုင်းလမ်းတိုင်းနည်းပါး ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေလာရောက်ပြီး စင်မြင့်ထက်မှာ တရားဟောပြောလေ့ရှိပါတယ်။ 

ဒါဟာတစ်နှစ် နှစ်နှစ်မဟုတ်ပါဘူး၊ နှစ်စဉ်နည်းပါးပြုလုပ်တဲ့အလေ့အထရှိပါတယ်။ တစ်ချို့ လမ်းတွေဆိုရင် တရားပွဲတင်မကပဲ စာပေဟောပြောပွဲတွေပါလုပ်ပါတယ်။ အရမ်းကိုလေးစားအားကျဖွယ်ကောင်းပြီး ဘာသာပေါင်းစုံစည်းလုံးညီညွတ်ရေးကို တခြားမြို့ တွေကပါ အတုယူသင့်တဲ့ မြန်မာနိုင်ငံရဲ့ မြို့ တော်ဟောင်းကြီးရန်ကုန်ရဲ့  Harmony အလှဟာ အံ့မခန်းပါ။

မွတ်စလင်ရပ်ကွက်လို့  ကင်ပွန်းတပ်ခံရတဲ့
ပန်းဘဲတန်းမြို့ နယ်မှာဆိုရင်လည်း ရွှေတိဂုံဘုရားလမ်းမှာ ဗုဒ္ဓဘာသာဝင်(ဗမာ+တရုတ်) နဲ့ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ကြပါတယ်။ သိမ်ကြီးဈေးရုံခွဲများအပါအ၀င် ညဘက်လမ်းထွက်သူတွေအကြိုက် အပန်းဖြေနေရာတွေနဲ့ စီကားပါတယ်။

၂၅လမ်းမှာဆိုရင် (ဗမာ+မွတ်စလင်) အများစုနေထိုင်ကြပါတယ်။ ၂၆လမ်းမှာဆိုရင် မွတ်စလင်အများစုနဲ့ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ကြပါတယ်။ ၂၆လမ်းအောက်လမ်းမှာ ရှားရှားပါပါး ဂျူးဘာသာဝင်တွေရဲ့ ဘုရားကျောင်းလည်းရှိပါသေးတယ်။

၂၅လမ်း အလယ်လမ်းနဲ့ ၂၆လမ်းအလယ်လမ်းကတော့ သိမ်ကြီးဈေးရှိတဲ့လမ်းဖြစ်ပြီး ဘာသာပေါင်းစုံ ဈေးရောင်းဈေးဝယ်တွေနဲ့ စည်ကားလှပါတယ်။ ကုန်ဈေးတန်းလမ်းအောက်လမ်းဟာဆိုရင် ဗုဒ္ဓဘာသာဝင်(ဗမာနဲ့ တရုတ်) အများစုနေထိုင်ကြပါတယ်။ ကုန်ဈေးတန်းလမ်းအလယ်လမ်းကတော့ ပရဆေးဆိုင်နဲ့ မြန်မာ့တိုင်းရင်းဆေးအဓိကရောင်းချတဲ့ လမ်းဖြစ်တဲ့အတွက် မြန်မာ့ယဉ်ကျေးမှုရဲ့ ပြယုဂ်လမ်းလို့ တောင်ဆိုနိုင်ပါတယ်။ 


ဟိန္ဒူဘာသာဝင်အများစုရှိကြပါတယ်။ ကုန်ဈေးတန်းလမ်းအထက်လမ်းဟာဆိုရင် ဟိန္ဒူဘာသာဝင်တွေရဲ့ မန်ဒိလ်ခေါ် ဘုရားကျောင်းကြီးတစ်ခုရှိပါတယ်။ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော်တွေနဲ့ အမြဲတစေ စီကားနေတဲ့ ဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။

ဒီဘက်ကိုဆက်ကြည့်မယ်ဆိုရင်တော့ ၂၇လမ်း၊ ၂၈လမ်း အောက်၊ အလယ်၊ အထက်လမ်းတွေမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနေထိုင်ကြပြီး စုစုပေါင်းလိုက်မယ်ဆိုရင်တော့ အစ္စလာမ်ဘာသာဝင်တွေက ၆၀ရာခိုင်နှုန်းခန့် ရှိကြပါတယ်။


 ရွှေဘုံသာလမ်း(အရင်က မဂိုလမ်း) အောက်လမ်းမှာ သမိုင်းဝင်ရှေးဟောင်းဗလီဝတ်ကျောင်းတော်ကြီးဖြစ်တဲ့ စူရတီဗလီကြီးရှိပါတယ်။ အဲဒီစူရတီဗလီကြီးရဲ့ အောက်ကဆိုင်ခန်းတွေကိုတော့ ဟိန္ဒူဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင်တွေငှားရမ်းပြီး စီးပွားရေးလုပ်ငန်းတွေဖွင့်လှစ်ကာ အစွဲမထားပဲ ချစ်ကြည်ရင်းနှီးစွာလုပ်ကိုင်ကြတာကိုလည်း မြင်တွေ့ ရဦးမှာပါ။ 

အဲဒီရွှေဘုံသာအောက်လမ်းမှာပဲ မြန်မာတစ်နိုင်ငံလုံးရဲ့ ရွှေ၊ ကျောက်၊ ဒေါ်လာဈေးကွက်တွေကို ဖွင့်လှစ်ကြပါတယ်၊ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံပွဲစားတွေ ကျင်လည်ကျက်စားကြပါတယ်။ နေထိုင်သူအများစုကတော့ ဟိန္ဒူဘာသာဝင် တမိလ်တွေ၊ မာရ၀ါရီတွေ၊ ဂေါ်ရခါးလူမျိုးတွေနဲ့  အစ္စလာမ်ဘာသာဝင်အနည်းငယ်ရှိပါတယ်။ အလယ်လမ်းနဲ့ အထက်လမ်းမှာဆိုရင်တော့ ရွှေဆိုင်တွေ၊ ဆေးဆိုင်တွေ၊ ဆေးခန်းတွေနဲ့ စီကားပါတယ်။ ဗုဒ္ဓဘာသာဝင်တွေပိုင်ဆိုင်တဲ့ နာမည်ကြီးဆေးခန်းတွေဖြစ်တဲ့ အမေရိကန်ဗီးရှင်း၊ ယူနိုက်တက်ဗီးရှင်း၊ အေးဆေးခန်းတို့ ရှပါတယ်။

၂၉လမ်းနဲ့ လမ်း၃၀အောက်လမ်းမှာတော့ ရခိုင်လူမျိုးအများစုနေထိုင်ကြပါတယ်။ အားလုံးအေးအေးချမ်းချမ်းပါပဲ။ လမ်း၃၀အောက်လမ်းမှာဆိုရင်တော့ ရှီယိုက်မွတ်စလင်တွေရဲ့ သမိုင်းဝင်ဝတ်ကျောင်းတော် မဂိုဗလီကြီးရှိပါတယ်။ ၂၉လမ်းအလယ်လမ်းမှာတော့ ရခိုင်နဲ့ ဗမာလူမျိုးအနည်ငယ်နဲ့ အစ္စလာမ်ဘာသာဝင် ၇၅ရာခိုင်နှုန်းလောက်ရှိပါတယ်။ ၂၉လမ်းနဲ့ လမ်း၃၀အထက်လမ်းမှာတော့ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ပြီး ၂၈လမ်းအထက်လမ်းမှာနာမည်ကြီး YES အင်္ဂလိပ်စာသင်တန်းကျောင်းရှိပါတယ်။

ဗိုလ်ဆွန်ပက်လမ်းအောက်လမ်းကတော့ ဘာသာပေါင်းစုံ လက်ဖက်ရည်ဆိုင်များနဲ့ စီကားတဲ့လမ်းတစ်ခုဖြစ်ပြီး အထင်ကရဖြစ်တဲ့ တယ်လီဖုန်းရုံးကြီးလည်းရှိပါတယ်။ အလယ်လမ်းမှာတော့ အစ္စလာမ်ဘာသာဝင်တို့ ရဲ့ သမိုင်းဝင် ကျူလီယာဗလီဝတ်ကျောင်းတော်ကြီးရှိပါတယ်။ ကျူလီယာဗလီပတ်ပတ်လည်ဆိုင်ခန်းတွေမှာလည်း ဘာသာပေါင်းစုံက ဆိုင်ခန်းတွေငှားရမ်းပြီးဖွင့်လှစ်ထားရုံမက Tokyo Donut လိုနာမည်ကြီး စားသောက်ဆိုင်တောင် ကျူလီယာဗလီအောက်က ဆိုင်ခန်းမှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ 


အထက်လမ်းမှာဆိုရင်တော့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ချာခ်ျကျောင်းတော်ကြီးတစ်ခုလည်းရှိပါသေးတယ်။ အထက်လမ်းမှာတော့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့ Antique ပစ္စည်းတွေရောင်းတဲ့ဆိုင်တွေရှိပါတယ်။ ၃၁လမ်းအောက်လမ်းနဲ့ အလယ်လမ်းကတော့ ဖိတ်စာရိုက်လုပ်ငန်း၊ စာရေးကိရိယာလုပ်ငန်းနဲ့ စက္ကူလုပ်ငန်းတွေ အထူးအလုပ်ဖြစ်ပါတယ်။ 

၃၂လမ်းအောက်လမ်းမှာတော့ ယမာကာဆိုင်၊ ရှီးယိုက်ဘာသာဝင်တို့ ရဲ့ ဝတ်ကျောင်းတော်နဲ့ ဟိုတယ်တို့ ရှိပါတယ်။ အလယ်လမ်းမှာတော့ စက္ကူနဲ့ စာရေးကိရိယာအပြင် တံဆိပ်တုံးလုပ်ငန်းတွေရှိပါတယ်။ အထက်လမ်းမှာတော့ နာမည်ကြီးဟိုတယ်ဖြစ်တဲ့ Central ဟိုတယ်ရှိပါတယ်။

ပန်းဘဲတန်းမြို့ ရဲ့ ကမ်းနားလမ်းမှာတော့နာမည်ကြီး ရွှေဘဲစားတော်စက်ရှိပါတယ်။ ကုန်သည်လမ်းမှာတော့ လူစီကားတဲ့ လမ်း၃၀ကားဂိတ်အပြင် အိမ်ဆောက်ပစ္စည်းဆိုင်တွေရှိပါတယ်။ မုန့် ဆိုင်အများအပြားလည်းရှိပါတယ်။
မဟာဗန္ဓုလလမ်းမှာတော့ ပန်းဘဲတန်းရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ ဆူးလေစေတီတော်ကြီးရှိတဲ့အပြင် သိမ်ကြီးဈေး၊ သိမ်တော်ကြီး ဓမ္မရုံ၊ အင်တာနက်ဆိုင်တွေ၊ သီချင်းခွေဆိုင်တွေ၊ ဓါတ်ပုံရိုက်ကူးရေးဆိုင်တွေ၊ ချစ်တီးစားသောက်ဆိုင်တွေရှိပါတယ်။ 


ဖရေဇာလို့ အရင်ကခေါ်ခဲ့တဲ့ အနော်ရထာလမ်းမှာတော့ လမ်းဘေးဈေးသည်တွေနဲ့ စီကားပြီး အစုံရနိုင်ပါတယ်။ တကယ့်ကို ဘာသာပေါင်းစုံမြင်တွေ့ နိုင်တဲ့လမ်းတစ်ခုပါ။ ကားကြပ်ရာမှာလည်းနာမည်ကျော်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာတော့ နိုင်ငံခြားသားတွေမျက်စိကျတဲ့ ဗိုလ်ချုပ်ဈေး၊ FMI စင်တာ၊ ဇော်ဂျီHouse စားသောက်ဆိုင်တို့ အပြင် Grand မီးရထား ဟိုတယ်ဟောင်းကြီးရှိပါတယ်။

ထူးခြားတာတစ်ခုက လမ်းတိုင်းနည်းပါးမှာ ဓမ္မာရုံတွေရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ပွဲတော်ဆိုရင် ဘာသာပေါင်းစုံဖေးမကူညီကြတဲ့အပြင် တခြားဘာဝာ၀င်တွေရဲ့ ပွဲတော်တွေဆိုရင် ဗုဒ္ဓဘာသာဝင်တွေက ပျော်ရွှင်စွာ ၀င်နွှဲလေ့ရှိကြပါတယ်။ အရမ်းကိုပျော်ဖို့ ကောင်းတဲ့ ရန်ကုန်မြို့ ရဲ့ ဘာသာပေါင်းစုံပြကွက်တစ်ခုဖြစ်ပါတယ်။

ဒါ့ကြောင့် အဓိကရုဏ်းလိုလားသူတွေ၊ မုန်းတီးရေးလှုပ်ရှားသူတွေ၊ တိုင်းဖျက်ပြည်ဖျက်တွေစွပ်စွဲသိလို ရန်ကုန်မြို့ လယ် ၂၇လမ်းကနေ လမ်း၃၀ထိဟာ ဘင်္ဂလီTown ဖြစ်နေတယ်ဆိုပြီး ကင်ပွန်းတပ်တာဟာ လုံးဝမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ ခရစ်ယာန်ဘာသာရေးဆရာများ၊ အစ္စလာမ်ဘာသာရေးဆရာများ၊ ဟိန္ဒူဘုန်းတော်ကြီးများကိုလည်း ဘာသာရေးဝတ်စုံအပြည့်နဲ့ မကြာခဏမြင်တွေ့ ရလေ့ရှိတာဟာလည်း ပန်းဘဲတန်းမြို့ နယ်ရဲ့  Trade Mark တစ်ခုဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အခန့် မသင့်ဖြစ်လျှင်လည်း ဘယ်တော့မှာ လူမျိုးရေး ဘာသာရေးခေါင်းစဉ်အောက်ကနေ ရန်ဖြစ်ခြင်း၊ ငြင်းခုန်ခြင်းမရှိကြပါဘူး။

ရန်ကုန်မြို့ လယ် မြို့ နယ်တစ်ခုဖြစ်သည့် ပန်းဘဲတန်းတစ်ခွင်ပြဲပြဲစင်အောင် ကိုယ်တိုင်ကိုယ်ကျသွားရောက်လေ့လာထားသည်။ လိုအပ်တာတွေရှိရင် ဖြည့်ကြပါ။

အခုအောက်မှာဖော်ပြမယ့် ကိစ္စတွေကတော့ (#) ဆိုတဲ့ Sign နဲ့ ဖော်ပြထားတာ စွပ်စွဲချက်တွေဖြစ်ပြီး ($) နဲ့ ဖော်ပြထားတာကတော့ ဖြေရှင်းချက်တွေဖြစ်ပါတယ်။

(#) ၁။ မြန်မာသီပေါဘုရင်မင်းမြတ်ကို အင်္ဂလိပ်များဖမ်းသည့်အခါကုလားအမတ်က ရှေ့ဆုံးမှပါသည်။ သူ့ကိုဂုဏ်ပြုသည့်နေဖြင့် အင်္ဂလိပ်တို့က ရန်ကုန်တွင် ရောဘဇယဈေးကို ဖွင့်ခွင့်ပြုခဲ့သည်။ ယင်းနောက်မှ သိမ်ကြီးဈေးဖြစ်လာသည်။

($) ထိုကုလားဆိုသည်မှာ ကုလားဖြူများ (နယ်ချဲ့ မျက်နှာဖြူများ) ကိုဆိုလိုပါသည်။ မွတ်စလင်များနှင့်မဆိုင်ပါ။ သိမ်ကြီးဈေးရဲ့ အရင်နာမည်က စွပ်စွဲချက်မှာပါသလို ရောဘဇယဈေး မဟုတ်ပါ။ ဘဟူးဘဇားလို့ ခေါ်ပါတယ်။ အရင်က အိန္ဒိယလူမျိုး အစ္စလာမ်နဲ့ ဟိန္ဒူအများအပြားနေခဲ့တဲ့ မြို့ နယ်တစ်ခုဖြစ်လို့ ပန်းဘဲတန်းမြို့ နယ်က နေရာတော်တော်များများက အိန္ဒယအခေါ်အဝေါ်တွေတွင်ခဲ့ပါတယ်။ အခုတော့ Urbanization အရ လူမျိုးစုံဘာသာစုံ နေထိုင်နေကြပါပြီ။

(#) ၂။ တာမွေဗလီအပေါ်မှခေါင်မိုးမိုးထားပြီး အတွင်းတွင်ကြီးကြီးကျယ်ကျယ်ပြန်ဆင်နေသည်။ ခေါင်မိုးကိုဖွင့်လိုက်သည်နှင့် မဟာဗလီဖြစ်သွားမည်။
($) ပေါက်လွတ်ပဲစားစွပ်စွဲချက်တစ်ခုပါ။ မွတ်စလင်တွေ ဒီလိုဖိနှိပ်ခံနေရတဲ့အချိန်မျိုးမှာ ဗလီပြင်ဖို့ ၊ ဆောက်ဖို့ ဆိုတာမလွယ်တဲ့ ကိစ္စရပ်တစ်ခုပါ။ စည်ပင်သာယာရဲ့ ခွင့်ပြုမိန့် အရပဲ သတ်မှတ်ထားသလောက်ပြင်ဆင်နိုင်မှာပါ။

(#) ၃။ ရန်ကုန်တိုင်းဒလမြို့တွင် ဗလီ(၃) လုံးဆောက်နေသည်။ စစ်ဌာနချုပ်(၃)ခု တည်ဆောက်အောင်မြင်တော့မည်ဟု ကုလားများကြိမ်းဝါးနေကြသည်။


($) အကယ်လို့ စွပ်စွဲချက်မှာပါသလိုသာ ဗလီတွေမှာ စစ်ဌာနချုပ်လို စစ်စခန်းလို လုပ်ထားမယ်ဆိုရင်တော့ ဗလီတွေမြန်မာနိုင်ငံအနှံ့ မှာ အလွယ်တကူအကြမ်းဖက်မီးရှို့ နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်တဲ့အတွက် ဒီဟာကိုလည်း ပေါက်လွတ်ပဲစားစွပ်စွဲချက်တစ်ခုလို့ ပဲ ဦးနှောက်ရှိသူတစ်ယောက်အနေနဲ့ သတ်မှတ်ပါရစေ။ ဒီလိုလုပ်ရင်အစိုးရလဲ ရပ်ကြည့်နေမှာမဟုတ်ပါဘူး။

(#) ၄။ ပုဇွန်တောင်စာတိုက်ဗလီကို အပြင်ကစုတ်ပြတ်နေအောင် လုပ်ပြထားသည်။ အတွင်း၌ အပ်ကျ၍ပြန်ကောက်ယူလို့တောင်ရသည်။ အစိုးရများကိုကစားနေသည်။ ပြီးလျှင် မဟာဗလီဖြစ်လာလိမ့်မည်။
($) တာမီဗလီကို စွပ်စွဲထားတဲ့အတိုင်းပဲပြောရစေတော့။ အပြင်ကစုတ်ပြတ်ပြီး အထဲမှာ ဒီလောက်သန့် ပြန့် နေတာကို ဘာသာခြားဖြစ်တဲ့ စွပ်စွဲတဲ့လူဘယ်လိုသိလဲတော့မသိပါ။ အပြင်မှာမလှပဲ အထဲမှာ သပ်ရပ်နေတဲ့ ဓမ္မရုံတွေ ဘုန်းကြီးကျောင်းတွေအများအပြားကို စာရှု့ သူတွေမမြင်ဘူးပဲမနေပါဘူး။

(#) ၅။ ဘူးသီးတောင်၊မောင်တောမှ ဘင်္ဂါလီကုလားများကိုတရားမရှိသောနေရာ၌ ငါတို့မနေ၊ရန်ကုန်မြို့ကြီးသို့ ငါတို့လူမျိုးအားလုံးရောက်ရမည်ဟု ကြွေးကြော်လျှက်၊ငွေမရှိသူများကို ဗလီမှ ငွေထုတ်ပေးကားရန်ကုန်မြို့ သို့ခေါ်ယူလျှက်ရှိသည်။ သွားလာရေးကို အောင်ဇော်ဝင်း(ခ)ဇော်ကိရ်အာမတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(မောင်တော)က စီစဉ်ပေးလျှက်ရှိသည်။
($) အထောက်အထားမဲ့စွပ်စွဲချက်ဖြစ်လို့ ပယ်ပါရစေ။

(#) ၆။ ဗလီရှေ့တွင်ဈေးရောင်းခြင်း၊ငှားရမ်းခြင်းကို မူဆလင်များကိုသာ ၀င်ခွင့်ပြုသည်။ မြန်မာများငှားရမ်းလုပ်ကိုင်ခွင့်လုံးဝမရကြ။ ယခုနှစ်ရွှေတိဂုံစေတီတော်မြတ်နှစ်(၁၆၀၀)ပွဲတော်မှစ၍ ကြက်၊ဘဲ၊ဆိတ် လည်လှီးလျှက် ဘုရားဈေးပွဲတော်ကိုတက်လာကြပြီ။ မော်လ၀ီများ၏ မဟာစီမံကိန်းအရ အကောင်အထည်ဖော်လာခြင်းဖြစ်သည်။ မြန်မာများကြည့်ကြပါ။ မြင်ကြပါ။
($) အထက်မှာဖော်ပြထားတဲ့ ပန်းဘဲတန်းမြို့ နယ်က စူရတီဗလီနဲ့ ကျူလီယာဗလီအောက်ကဆိုင်ခန်းတွေနဲ့ ပတ်ပတ်လည်က ဆိုင်ခန်းတွေကို ဘယ်ဘာသာဝင်တွေ ငှားရမ်းပြီး စီးပွားရေးလုပ်ကိုင်နေတယ်ဆိုတာကို ခရေစေ့တွင်းကျလေ့လာပါ။

(#) ၇။ သာကေတဈေးကွေ့အောက် ဗလီ(၁)လုံးကို အကြီးအကျယ်ဆောက်လုပ်နေသည်။ တာလီဘန် သန်တန်းများအတွက်ရည်ရွယ်သည်။ မြန်မာအစိုးရကသဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ အာရဗီကျောင်းများကို တက္ကသိုလ်အဆင့်ထိ မှိုလိုပေါက်အောင်ဖွင့်နေကြသည်။ စာသင်ဖို့မဟုတ်။ စစ်သင်တန်း၊ အကြမ်းဖက်သင်တန်းများကိုသာ သင်ကြားနေကြခြင်းဖြစ်သည်။ မည်သူမျှစိစစ်မှု မရှိကြချေ။ နိုင်ငံသားစိစစ်ရေးကတ်ပြား(၁)ခိုကို (၁၀)သိန်းကျပ်ဖြင့် အလွယ်တကူရနိုင်သဖြင့် ကုလားနိုင်ငံသားကဒ်သိန်းပေါင်းများစွာ ထွက်ပေါ်လာနေလေပြီ။ တိုင်းပြည်အတွက် ရင်နာစရာကောင်းလေစွ။
($) မြန်မာနိုင်ငံတွင် တာလီဘန်လဲမရှိပါ။ တော်တော်စိတ်ပျက်ဖို့ ကောင်းတဲ့စွပ်စွဲချက်တစ်ခုဖြစ်ပတယ်။ စိတ်တော်တော်လေးမချမ်းမသာဖြစ်ရပါတယ်။

(#) ၈။ အခုတလော ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ဘင်္ဂါလီမ အများအပြားမီးဖွားလာကြသည်။ လူမျိုး၊ဘာသာကိုမေး
လျှင်ရခိုင်
လူမျိုး၊ မူဆလင်ဘာသာဟုပြောရန် ဗလီက သင်ထားသည်။ နောင်အခါရွှေမြန်မာ တာလီဘန်ဟု ရေးခိုင်းလာပါလိမ့်မည်။($) 
စာရေးသူမှာ ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ အသက်နဲ့ လဲပြီး တာဝန်ယူပါတယ်။ ဒီလိုကိစ္စမျိုးမရှိရိုးပါ။ ပညာမဲ့ပြီး ရိုးလွန်းတဲ့ စွပ်စွဲချက်သာ။ တာလီဘန်မြန်မာနိုင်ငံတွင်မရှိဘူးဆိုတာ စာတတ်သူတိုင်းသိပါတယ်။

(#) ၉။ ဒီမိုကရေစီနိုင်ငံတော်တွင် နိုင်ငံ၏စီးပွားရေးကို နိုင်ငံသားများကပိုင်ဆိုင်ကြသည်။ မိမိ နိုင်ငံသားတို့လုပ်ပိုင်ခွင့်ရကြသည်။ မြန်မာနိုင်ငံတွင်မူထိုသို့မဟုတ်ပါ။ လူက ဒီမိုကရေစီဆိုသည့် စီးပွားရေးက ကုလားနှင့်တရုတ်လက်ထဲတွင်ရှိသည်။ စစ်အစိုးရ လက်ထက်ကပင် လုပ်လာကြသည့် ကွင်းဆက်များ၊သံယောဇဉ်များမှာ ယင်းအတိုင်းပင်ဆက်သွားနေကြသည်။ ယင်းအတိုင်းပင် အကျိုးခံစားနေကြဆဲဖြစ်သည်ကိုတွေ့ရသည်။ 


လက်တို့ပြီးပေးသည့် ပေါ်လစီဒေါ်လာ၊ ပေါ်လစီဆက်ကြေး၊ ပေါ်လစီများဖြစ်နေသေးသည်။($) ခရိုနှီများတွင် ဘာသာပါစုံပါဝင်ပါ
ယ်။ ခရိုနီအများစုကတော့ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးတွေနဲ့ တရုတ်လူမျိုးတွေဖြစ်ပြီး လက်ချိုးရေလို့ ရတဲ့ မွတ်စလင်ခရိုနီတွေထဲ
မှတော့ Father Land, Shine တို့ သာပါဝင်ပါတယ်။ သာမန်စီးပွားရေးလုပ်ငန်းများကို သက်ဆိုင်ရာဘာသာဝင်နိုင်ငံသားများကသာ ပိုင်ဆိုင်ပါတယ်။

(#) ၁၀။ မြန်မာမများခေါင်းမြီးခြုံချင်လျှင် ဒန်ပေါက်ကို ကြိုက်သလောက်စားကြပါ။ ကြက်လျှာစွန်း၊နီလာ၊ ကောင်းကြိုက်၊ ကေအက်

စ်အက်စ်နတ်သုဒ္ဓါ၊ ရွှေညောင်ပင်၊ ယုဇနစားနေကျ၊ မင်္ဂလာဈေးနားလေးမှာ စသည့်ရှိပါသည်။ ဇိမ်ကျကျစားပါ။ ရွှေတိဂုံကိုတက်
လာပြီး ပုဂံမှာကုလားဟိုတယ်ဆောက်နေပြီ။ နှစ်(၁၀) မကြာတော့ပါ။ စေတီပုထိုး၊ ကျောင်းကန်၊ ဇရပ်များကို ဘူဒိုဇာဖြင့် တူးယူဖယ်
ရှား လာတော့မည်။ အမျိုးကိုချစ်ကြပါ။

($) စေတီပုထိုးနဲ့ သိမ်များကို လက်ပံတောင်းမှာ ဘယ်သူက ဘူဒိုဇာနဲ့ တူးယူဖယ်ရှားနေလဲဆိုတာလူတိုင်းသိပါတယ်  . မြန်ာမ

မများခေါင်းမြီးခြုံလျှင်ဒန်ပေါက်ကြိုက်သလောက်စားပါဆိုတဲ့စွပ်စွဲချက်ကတော့ သူငယ်ချင်း မြန်မာမလေးတွေအနေနဲ့ စမ်းပြီးသွား
စားကြည့်ပါ။ ရဲစခန်းမှာ အာမခံနဲ့ လာထုတ်မယ့်လူကိုတော့ ကြိုတင်အကြောင်းကြားထားပါ။

တဆင့်ပြန်လည် ဖြန့်ဝေခြင်းဖြင့်အနာဂတ် မြန်မာပြည်အတွက်တာဝန်ကျေပြွန်ကြပါစို့။“ရန်ကုန်ကို ကာကွယ်ပါ” ဆိုတဲ့စကားတစ်

ခွန်း ဆရာတော်တွေ မိန့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခု ၀ါဒဖြန့် ပြီး မဟုတ်မမှန်စွပ်စွဲနေတာတွေကြောင့် ရန်ကုန်ကို ကယ်တင်ဖို့ထက် ကယ်တင် လို့ရနိုင်သေးရဲ့လားဆိုတာ ကျနော်တို့ စဉ်းစားရမယ့် အချိန် ရောက်လို့နေပါတယ်။

ရန်ကုန်မြို့ဟာ ဘာသာပေါင်းစုံ Harmony အင်အားကြီးတဲ့မြို့အဖြစ် ဒီနေ့ ဒီအချိန်ထိ ရှင်းရှင်းလင်းလင်းရှိနေပါတယ်။ ဆူးလေ
ဘုရား၊ ဗလီနဲ့ ချာခ်ျကျောင်းတွေမြို့ လယ်ကောင်မှာ ယှဉ်တွဲရှိတဲ့မြို့ ၊ ခံယူချက်အမျိုးမျိုးနဲ့ ဂျာနယ် မီဒီယာတွေ အဓိကအခြေစိုက်ရာမြို့။ ဘာသာပေါင်းစုံလံခြုံမှုအရှိဆုံးမြို့။ ဘုန်းကြီးကျောင်းတွေနဲ့ တန်ခိုးကြီးဘုန်းသမိုင်းဝင်ဘုရား၊ စေတီ၊ ကျောင်းကန်တွေအများဆုံး
ရှိတဲ့မြို့ ဖြစ်ပါတယ်။

ဘာသာပေါင်းစုံငြိမ်းချမ်းရေးကိုလိုလားသူတိုင်း မသမာသူတွေရဲ့ ရန်ကုန်မြို့ အပေါ်ဝါဒဖြန့် မှုကနေ ကာကွယ်ကြပါလို့ တိုက်တွန်း

ပါတယ်။ ငြိမ်းချမ်းရေးကို မြတ်နိုးသူတိုင်း အဆင်ပြေရင် Share ပေးစေလိုပါတယ်။


(စတီဗင်)
kolatt(PBDN)

RangonNewsDaily

0 comments:

Post a Comment