Pages

Monday, February 24, 2014

***သူ့ကိုလွမ်းတယ်***

RangonNewsDaily: February . 23 .2014
တစ်ခါက ပျော်ပျော်နေတက်တဲ့ ကောင်လေးတစ်ယောက် ရှိတယ်။ တစ်နေ့ ကောင်လေး အွန်လုံးသုံးနေတဲ့ အချိန်မှာ ကောင်မလေးတစ်ယောက်ဆီက message ဝင်လာခဲ့တယ်။
"ဟေ့ .....အရူးလေး"

ကောင်လေး တင်းသွားတယ်။ အလွန်အမင်း လည်း အံသြသွားခဲ့ တယ်။ ကောင်လေး သူငယ်ချင်းတွေထဲ မှာ စစနောက်နောက် တွေ ရှိပေမယ့် သူ့ ကို ဘယ်သူမှ ဒီလို မခေါ်ခဲ့ဘူး။

"ဘာလဲ အရူးမ"

ကောင်လေးက လည်းပြန်ပြောတယ်။ သူတို့တွေ စရင်းနောက် ရင်းနဲ့ခင်မင်သွားကြတယ်။ဒီလိုနဲ့ အချိန်တွေ ကြာလာတော့ ကောင်လေးနဲ့ ကောင်မလေး ချစ်သူတွေ ဖြစ်သွားကြတယ်။

ချစ်သူတွေ ဘဝမှာလည်း တစ်ယောက်နဲ့ တစ်ယောက် စစနောက်နောက်ဘဲ နေလာခဲ့ကြတာ...အထူးသဖြင့် ကောင်မလေးက အဆိုးဆုံးဘဲ ကောင်လေးကတော့ ကောင်မလေးကို အပြစ်မမြင်ဘဲ အရမ်း ချစ်ခဲ့တယ်။

"ဒါ...ငါ့ရဲ့ လိပ်စာ နင်နဲ့ ငါအပြင်မှာတွေ့ရအောင်"

"နင့်ရဲ့...လိပ်စာက ရွာသာကြီးမလား။ အရူးလေးရဲ့"

ကောင်မလေးရဲ့ စကားကို ကောင်လေး မချေပခဲ့ဘူး။ဒီလို နဲ့ တစ်နေ့မှာ ကောင်လေး message တစ်စောင် ပို့လိုက်တယ်။

"ငါ သေတော့မယ်"

ကောင်မ လေးဆီက ချက်ချင်းဘဲ message ပြန်ဝင်လာတယ်။

"သေပေါ့ဟ......နင်သေသွားရင် ငါလာငိုပေးမှာပေါ့"

"............."

"နင်ကလေ...အရူးဘဲ။ နင့်ကို အရူးလို့ ပြောရင် နင်မကြိုက်ချင်ဘူး"

ဒီနောက်ပိုင်း ကောင်လေးဆီက message တွေပြန်မဝင်တော့ဘူး။ ကောင်မလေးက လည်း တခြားသူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွင်ရွင် ဘဲနေခဲ့တယ်။၆ရက် လောက်အထိ ကောင်လေးဘက်က message တွေ ဝင်မလာတော့ ကောင်မလေး အရမ်းစိတ်ပူသွားတယ်။

ဖုန်းခေါ်တော့လည်း မကိုင်ဘူး။ဒါနဲ့ ကောင်လေး ပေးထားတဲ့ လိပ်စာပြန်ရှာပြီး လိုက်သွားခဲ့တယ်။ ကောင်လေး ခြံဝ ရောက်တော့ လူတွေ စုရုံးနေတာ ကောင်မလေး မြင်လိုက်တယ်။ အဲ့ချိန်မှာ ကောင်လေးရဲ့ အမေသူ့အနားရောက်တယ်။

"သမီးက သားပြောပြောနေတဲ့ ကောင်မလေးလား..."

"ဟုတ်ကဲ့ အန်တီ ..သူဘာဖြစ်လို့လဲဟင်"

ကောင်လေးရဲ့ အမေက ညိုးငယ်စွာနဲ့ပြောတယ်။

"သူ ဦးနှောက်ကင်ဆာနဲ့ လွန်ခဲ့တဲ့ တစ်ပတ် ကဘဲ ဆုံးသွားခဲ့ပြီ"

"ဟင်! တကယ်ပြောနေတာလား အန်တီ....သမီးကို မနောက်ပါနဲ့"

ကောင်လေး အမေက မျက်ရည်ဝဲပြီး တစ်လုံးချင်းပြောတယ်။

"လွန်ခဲ့တဲ့ တစ်နှစ်ခွဲထဲက အဲ့ရောဂါဖြစ်နေတာ...သူမဆုံးခင်က မှာခဲ့တာ တစ်ခုရှိတယ်။ အကယ်၍ သူ့ကို လာရှာတဲ့ ကောင်မလေး တစ်ယောက်ကို ဒီစာလေးပေးပေးပါတဲ့"

ကောင်လေး အမေပေးတဲ့ စာကို ကောင်မလေး တုန်တုန်ရင်ရင်နဲ့ ယူလိုက်တယ်။ စာရွက်ပေါ်မှာ...

"နင် ကျန်းမာရေးဂရုစိုက်ပါ။ငါနင့်ကို အရမ်းချစ်တယ်"

ဆိုပြီးရေးထားတယ်။ အောက်မှာတော့ ပြောင်ပြနေတဲ့ပုံလေးနဲ့ ကောင်လေး လက်မှတ်ထိုးထားတယ်။

ဒီစာကို မြင်လိုက်ရတဲ့ အချိန်မှာ ကောင်မလေး ထိန်းချုပ်မရဘဲ မျက်ရည်တွေ စီးကျလာခဲ့တယ်။ကောင်မလေး ရှိုက်ကြီးတငင် နဲ့အော်ဟစ်လိုက်တယ်။ ရင်နင့် အောင်ခံစားနေရတဲ့ ကောင်မလေးရဲ့ ငိုသံ ကို ဝမ်းနည်းစွာ ကြည့်နေတဲ့ ကောင်လေးရဲ့ ဝိညာဉ်ကို ကောင်မလေးသာ မြင်တွေ့ခဲ့မယ်ဆိုရင်...

(ဒီအဖြစ်အပျက်လေးဟာ အပြင်မှာ တကယ်ဖြစ်ခဲ့တာပါဆိုရင် ဘယ်လို သုံးသပ်ချင်လဲ?)

မိုးရေစက်

ဇတ်လမ်းတိုလေးတွေ ဖတ်ကြမယ်
Photo: Sunday, February 23, 2014

kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment