Pages

Monday, February 24, 2014

ဘာစီလိုနာအသင်း၏ရှုံးပွဲမှာ မိမိအမှားကြောင့်သာ ဖြစ်ကြောင်း နည်းပြမာတီနို ၀န်ခံ

RangonNewsDaily: February . 24 .2014
ပြီးခဲ့သည့်စနေနေ့ညက ကစားခဲ့သော လာလီဂါပွဲစဉ်တွင် ဘာစီလိုနာအသင်းအနေဖြင့် ရီးယဲလ်ဆိုစီဒက်အသင်းကို ရှုံးနိမ့်ခဲ့ရခြင်း
မှာ ၎င်း၏အမှားကြောင့်ဟု ဘာစီလိုနာအသင်းနည်းပြ မာတီနိုက၀န်ခံပြောကြား ခဲ့သည်။ဘာစီလိုနာအသင်းသည် ဆိုစီဒက်အသင်း
အား လာလီဂါပွဲစဉ်(၂၅)အဖြစ် အဝေးကွင်းတွင် သွားရောက်ရင် ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ၃-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ ဘာစီလိုနာ
အသင်း၏ ကွင်းလယ်လူဆောင်း ကိုယ့် ဂိုးကိုယ်သွင်းယူမိခဲ့သည့်အတွက် ဆိုစီဒက်အသင်းက ဦးဆောင်ခွင့်ရရှိခဲ့သော်ည်း မက်
ဆီက ဘာစီလို နာအတွက် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့သည်။

သို့သော် ဒုတိယပိုင်းတွင် ဆိုစီဒက်အသင်းအတွက် ဂရစ်ဇ်မန်းနှင့် ဇူရူတူဇာတို့က အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့သည့်အတွက် ဘာစီလို
နာအသင်းအနေဖြင့် ယခုရာသီလိဂ်ပွဲစဉ် သုံးပွဲမြောက်ရှုံးပွဲကြုံခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် ဘာစီလိုနာအသင်းသည် အမှတ်ပေး ဇယား ထိပ်ဆုံးနေရာမှ ဖယ်ပေးလိုက်ရပြီး အယ်လ်ချီအသင်းကို သုံးဂိုးပြတ်
အနိုင်ရရှိခဲ့သော ရီးယဲလ် အသင်းက အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ရောက်ရှိလာခဲ့သည်။ 

အသင်းနည်းပြ မာတီနိုကမူ အသင်း ၏ရှုံးပွဲအတွက် အပြစ်တင်ထိုက်သူမှာ မိမိကိုယ်တိုင်ပင်ဖြစ်ပြီး ၎င်းအနေဖြင့် ဆိုစီဒက်ကို ရင်
ဆိုင်ရန် အတွက် အသင်းကို လုံလုံလောက်လောက် ပြင်ဆင်မှုမရှိခဲ့ကြောင်း ၀န်ခံခဲ့သည်။

ထို့အပြင် ဘာစီလိုနာနည်းပြ မာတီနို ကို ၁-၁ ဂိုးစီ သရေကျနေသော ပထမပိုင်းပွဲချိန်အပြီးတွင် ဒိုင်လူကြီး များကို စောဒက

တက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည့်အတွက် ကွင်းလယ်ဒိုင်လူကြီး ဖာနန်ဒက်ဇ်ဘော်ဘာ လန်က အနီကတ်ပြထုတ်ပယ်ခဲ့သည်။ ထို့ကြောင့် မာတီနိုသည် ဒုတိယပိုင်းပွဲချိန်ကို နည်းပြခုံတန်းမှမဟုတ် ဘဲ ပွဲကြည့်စင်မှသာ ကြည့်ရှုခဲ့ရကာ လက်ထောက်နည်းပြ ပေါ်တက်ဆာက ပွဲကိုဆက်လက်ကိုင်တွယ်ခဲ့ရသည်။

ဘာစီလိုနာအသင်းသည် ယခုရှုံးပွဲကြောင့် ဇယားထိပ်ဆုံးမှ ဖယ်ပေးလိုက်ရသကဲ့သို့ ထိပ်ဆုံးသို့ တက် လှမ်းသွားခဲ့သော ရီးယဲလ်အသင်းနှင့်လည်း ရမှတ်သုံးမှတ် ကွာဟသွားခဲ့ပြီဖြစ်သည်။ ထို့အပြင် ယခုနှစ် ရာသီတွင် သုံးပွဲမြောက်လိဂ်ရှုံးပွဲဖြစ်လာခဲ့ ပြီး ရာသီအစမှ လက်ရှိအချိန်ထိ ရှုံးပွဲလေးပွဲအထိရှိလာခဲ့ပြီဖြစ် သည်။

Mizzima - News , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment