Pages

Monday, February 24, 2014

schemic Heart Disease (IHD) နှလုံးသွေးကြောကျဉ်းရောဂါ


RangonNewsDaily: February . 23 .2014
နှလုံးဟာ တရက်မှာ ပျမ်းမျှအကြိမ် တစ်သိန်းလောက် ခုန်နေပြီး၊ သွေးထုထည် ဂါလံနှစ်ထောင်လောက် ညှစ်ထုတ်ပေးနေတယ်။ တသက်လုံး မရပ်မနား စည်းချက်မှန်မှန် ညှစ်ထုတ်ပေးနေရပြီး အသက် ၇၀ အရွယ်ရှိသူတယောက်မှာ အကြိမ်ပေါင်း ၂ ဘီလီယံခွဲ ခုန်ပြီးဖြစ်တယ်။
ဒီလို အချိန်ပြည့် လုပ်နိုင်အောင် နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာဟာရကို နှလုံးသွေးကြောတွေက ထောက်ပံ့ပေးနေတယ်။ နှလုံးသွေးကြောတွေဟာ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာဟာရကို လုံလောက်အောင် မထောက်ပံ့နိုင်တော့တဲ့အခါ နှလုံးသွေးကြောကျဉ်းရောဂါ (IHD) ရလာမယ်။

နှလုံးသွေးကြောကျဉ်းစေတဲ့ အဓိကအချက် (၃) ချက်
1. သွေးတိုးရောဂါ
2. (ကိုလက်စထရော) များခြင်း၊
3. ဆေးလိပ်သောက်ခြင်း။

တခြားအကြောင်းတွေကတော့ -
1. အသက်ရလာခြင်း၊
2. အဝလွန်ခြင်း၊
3. စိတ်ဖိစီးမှုများခြင်း၊
4. ဆီးချိုရောဂါ နဲ့
5. ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ အလုပ်လုပ်ကိုင်ရခြင်း။

အဲဒီအကြာင်းတွေကြောင့် သွေးလွှတ်ကြောရဲ့ အတွင်းနံရံဟာ ကျဉ်းမြောင်းလာမယ်။ အနည်ကျစုပုံတဲ့သဘောဖြစ်ပြီး၊ (ကိုလက်စထရော)၊ (ကယ်လ်စီယမ်)၊ (ဆဲလ်) အသေတွေ၊ သွေးမှုံတွေပါတယ်။ အဲဒါတွေက သွေးကြောနံရံကနေ ပြုတ်ထွက်ပြီး သွေးကြောတနေရာမှာ ပိတ်မိနေတာကို Embolism ခေါ်တယ်။ နှလုံးသွေးကြောပိတ်ခြင်း Myocardial Infarct ဦးနှောက်သွေးကြောပိတ်ခြင်း Stroke လေဖြတ်ခြင်း၊ ခြေလက်ရှိ သွေးကြောတွေပိတ်မိရင် နာကျင်ခြင်း၊ Gangrene အသားသေသွားခြင်းတွေ ဖြစ်တတ်တယ်။

Angina Pectoris နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာတွေ
• ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်အလယ်မှာ ပြုတ်တူနဲ့အညှပ်ခံထားရသလို တင်းကျပ်နာခြင်း၊ လေးလံနေခြင်း၊ ရင်ပူခြင်း၊ ဘယ်ဘက်ပုခုံးနဲ့ ဘယ်ဘက်လက်မောင်း၊ လည်ပင်းနဲ့ မေးစေ့တဝိုက်ကို ပြန်နှံ့နာကျင်တတ်တယ်။ ရင်ဘတ်အောင့်ခြင်းဟာ ရုတ်တရက်ပြေးရခြင်း၊ အားစိုက်အလုပ်လုပ်ရခြင်းကြောင့် ဖြစ်ပေါ်တတ်ပြီး စက္ကန့် ၃၀ ကနေ ၅ မိနစ်ထိ ကြာတတ်တယ်။ နားလိုက်ရင် သက်သာလာမယ်။
• အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သကဲ့သို့ ခံစားရခြင်း၊ မူးဝေလာခြင်း၊ ပျို့အန်ခြင်း၊ အလွန်အမင်း ချွေးထွက်လာခြင်း၊
• အနားယူပေမဲ့ ရင်ဘတ်အောင့်တာ မသက်သာရင် နှလုံးသွေးကြောပိတ်ခြင်း Heart Attack ဖြစ်နိုင်တယ်။

ဆေးချက်တွေလုပ်မယ် -
• Exercise Electrocardiogram (ECG) ရိုက်ခြင်း၊
• Cardiac Catheterization ပိုက်အသေးလေးတမျိုးကို ခြေထောက် (သို့) လက်မောင်း သွေးကြောကတဆင့် နှလုံးသွေးကြောကို ရောက်အောင်လုပ်ပြီး ဆိုးဆေးတမျိုးသုံးပြီး၊ ဓါတ်မှန်ရိုက်ကြည့်ရင် သွေးကြောကျဉ်းတဲ့နေရာ သိနိုင်တယ်။
• ရင်ဘတ်ဓါတ်မှန် ရိုက်ခြင်း၊
• သွေးထဲက (ကိုလက်စထရော) စစ်ဆေးခြင်း၊
• ဆီးချို စစ်ဆေးခြင်း။

ဆေးကုသမှုမှာ ၂ ပိုင်းရှိတယ်။ (၁) Medical ဆေးဝါး နဲ့ (၂) Revascularization ခွဲစိတ်နည်း။

Medical ဆေးနည်း
• Bed rest အိပ်ယာထဲနားပါ။
• Cardiac monitoring နှလုံးစောင်ကြည့်မှု (စက်) နဲ့ကြည့်နေပါ။
• Morphine injection (မော်ဖိန်း) ထိုးဆေးထိုးမယ်။
• Antiplatelets သွေးမှုံအတွက်ဆေးပေးမယ်။
• Anticoagulants သွေးမခဲဆေးပေးမယ်။
• Beta-blockers (ဘီတာဘလော့ကာ) ဆေးပေးမယ်။

Surgical ခွဲစိတ်ကုသနည်းများ
1. Percutaneous Coronary Intervention (PCI)

Stenosis ကျဉ်းနေတာကိုသက်သာဘို့
- Balloon angioplasty, Stenting
- Atherectomy

2. Off-pump Coronary Artery Bypass surgery
3. Coronary Artery Bypass Graft (CABG)
- အဓိက ဘယ်ဘက်သွေးလွှတ်ကြော
- Triple vessel disease
- Two vessel disease
- Poor left ventricular function တွေရှိနေသူတွေကိုလုပ်ပေးတယ်။

4. Conduits
Off-Pump Coronary Artery Bypass (OPCAB) surgery


4. IHD Complications နောက်ဆက်တွဲဖြစ်တာတွေအတွက် ခွဲစိတ်နည်းတွေလဲရှိတယ်။
- Repair of left ventricular aneurysm
- Repair of post infarction VSD
- Acute ischemic MR
- Surgery for ischemic ventricular arrhythmias
- Transplantation
- Ventricular assist devices နည်းတွေရှိတယ်။

ဆေးဝါတွေကို ညွှန်ကြားတဲ့အတိုင်း သုံးရမယ်။
• Nitrates (Nitroglycerin), Betablockers (Propranolol, Metoprolol), Calcium channel blockers (Amlodipine, Diltiazem) စသည့် နှလုံးသွေးကြောကျယ်စေရန်နဲ့ နှလုံးခုန်နှုန်း၊အောက်စီဂျင် လိုအပ်မှုကို ထိန်းချုပ်ပေးတဲ့ဆေးတွေ၊
• သွေးခဲတာကို တားဆီးပေးသောဆေးတွေ Aspirin (Aspilet)၊
• (လက်စထရော) ကျဆေးတွေ Statins (Atorvastatin, Simvastatin)၊

အမြဲတမ်း လိုက်နာရမည့်အချက်တွေ -
• (ကိုလက်စထရော) များတဲ့ တိရိစ္ဆာန်အဆီတွေ၊ အသား (အမဲသား၊ ဝက်သာ၊ ဆိတ်သား)၊ ကြက်ဥ၊ မလိုင်ပါ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေ ရှောင်ပါ။ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ၊ မလိုင်ထုတ်ထားသော နွားနို့၊ ငါး၊ အသားတွေ၊ ဂျုံ၊ ပြောင်း၊ လူး၊ ဆပ်၊ အနှံတွေ စားပါ။
• ဆေးလိပ်ဖြတ်ပါ။
• ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။
• သွေးတိုးနဲ့ ဆီးချိုရောဂါရှိပါရင် ဆေးကုသမှုစနစ်တကျခံယူနေပါ။
• စိတ်ဖိစီးမှုလျှော့နည်းတွေလုပ်ပါ။

ဒေါက်တာတင့်ဆွေ

kolatt(PBDN)

RangonNewsDaily

0 comments:

Post a Comment