Pages

Monday, February 24, 2014

တောင်ကိုရီးယားနိုင်ငံ ထိန်းချုပ်ထားသည့် ကျွန်းများ ပြန်လည် ရရှိရေး ဂျပန် စုဝေး ဆန္ဒပြ

RangonNewsDaily: February . 24 .2014
တောင်ကိုရီးယား နိုင်ငံက ထိန်းချုပ်ထားသည့် ကျွန်းစု ငယ်လေးများ ပြန်လည် ရရှိရေးအတွက် ဂျပန်နိုင်ငံက နှစ်စဉ် ပြုလုပ်မြဲ ဖြစ်သော စုဝေး ဆန္ဒပြပွဲ တစ်ရပ်ကို စနေနေ့တွင် လုပ်ဆောင် လိုက်သဖြင့် ကာလရှည်ကြာ ဖြစ်ပွားနေသော နယ်မြေ အငြင်းပွားမှုတွင် လောင်စာသစ်များ ထပ်မံ လောင်းထည့် လိုက်သလို ဖြစ်သွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
ဂျပန် အနောက်ဘက်ပိုင်း ရှီမာနီ စီရင်စုတွင် အထက်တန်း အစိုးရ အရာရှိကြီးများ၊ နိုင်ငံရေးသမားများ၊ ဒေသခံများ စုစုပေါင်း လူပေါင်း ၅၀၀ ကျော် စုဝေးပြီး ကျွန်းစုများအရေး ဆန္ဒပြလျက် ရှိသည်။

အရှေ့ ဂျပန် ပင်လယ်ပြင် အတွင်းရှိ ကျွန်းငယ်လေးများကို ဂျပန်နိုင်ငံက တကီရှီမားဟု ခေါ်ဆိုပြီး တောင်ကိုရီးယား နိုင်ငံကို ဒေါ့ဒို ကျွန်းငယ်များစု ခေါ်ဝေါ်ထားသည်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ကိုယ်စားလှယ် အဖြစ် ဂျပန်အစိုးရ အဖွဲ့ရုံးမှ ပါလီမန် အတွင်းဝန် ကာနီယိုကာလည်း အဆိုပါ ဆန္ဒပြပွဲကို တက်ရောက်ခဲ့ကြောင်း ဆန္ဒပြပွဲ ဦးဆောင် ကျင်းပသူများက ပြောကြားသည်။

“တကီရှီးမားက ကျွန်တော်တို့ နိုင်ငံရဲ့ ခွဲထုတ် မရတဲ့ အစိတ်အပိုင်းပါ” ဟု ဂျပန် အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဒီဒါဆူဂက ပြောကြားလိုက်ပြီး ဆန္ဒပြပွဲသို့ ကာနီယိုကာ တက်ရောက်မှုသည် ဂျပန် နိုင်ငံ၏ ရပ်တည်ချက်ကို ဖော်ပြမှု ဖြစ်ကြောင်း မှတ်ချက်ပေး ပြောကြားလိုက်သည်။

နယ်မြေ ပိုင်ဆိုင်မှုအရေး ကိုရီးယား ကျွန်းဆွယ်ကို ဂျပန်နိုင်ငံ ကိုလိုနီပြု သိမ်းပိုက်ခဲ့သည့် ၁၉၁၀- ၄၅ ခုနှစ်ကာလ အရေးများနှင့် ပတ်သက်ပြီး ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံကြား ဆက်ဆံရေး မကြာခဏ တင်းမာလျက် ရှိသည်။

ဒေါ့ဒိုကျွန်းသို့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် ၂၀၁၂ ခုနှစ်တွင် ရုတ်တရတ် သွားရောက် လည်ပတ်ခဲ့ပြီး ယင်းကာလ နောက်ပိုင်းတွင် ဆက်ဆံရေး ဆိုးရွားလာခဲ့သည်။

ဂျပန်နိုင်ငံမှာ တောင်ကိုရီးယား နိုင်ငံနှင့်သာမက တရုတ်၊ ရုရှား စသည့် နိုင်ငံများနှင့်လည်း နယ်မြေ အငြင်းပွားမှုများ ဖြစ်ပွားလျက် ရှိသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment