Pages

Monday, February 24, 2014

ဟံသာဝတီအ၀ိုင်း ယာဉ်ကြောကျပ်မှု အချိန်ယူရမည်


RangonNewsDaily: February . 24 .2014
ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိဟံသာဝတီအ၀ိုင်းတွင်ယာဉ်ကြောကျပ်တည်းမှုများပြားလာနေခြင်းကို ဖြေရှင်းနိုင်ရန်အတွက်ဟံသာဝ
တီဝိုင်း၌ မီးပွိုင့်စနစ်ကို ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် စမ်းသပ်တပ်ဆင် အသုံးပြုလျက်ရှိသော်လည်း ယာဉ်ကြောကျပ်တ
ည်းမှုကို လူအင်အားဖြင့်ပါ ရှင်းလင်းနေရဆဲဖြစ်သောကြောင့် မီးပွိုင့်စနစ်အောင်မြင်မှုရှိ၊ မရှိကိုရေရှည်စောင့်ကြည့်သွားရ
မည်ဖြစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးက ပြောဆိုသည်။
မီးပွိုင့်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ လမ်းတံတားနှင့် အင်ဂျင်နီယာဌာနမှ တပ်ဆင်ကာ အော်တိုစနစ်ဖြင့် ထိန်းချုပ်ရန်စီစဉ် ခဲ့သော်လည်း အချို့ယာဉ်များမှာ မီးပွိုင့်တပ်ဆင်ထားခြင်းကို မသိရှိဘဲ အ၀ိုင်းပတ်အားပတ်နေခြင်းများကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များဖြင့်ပါ ထိန်းသိမ်းနေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ "လက်ရှိမှာတော့ မီးပွိုင့်တပ်ဆင်ထားတာကို တချို့ကမသိကြသေးဘူး။ 

ဒါကြောင့် ရဲတပ်ဖွဲ့ဝင် အင်အားနဲ့ပါ ထိန်းသိမ်းပေးနေရတယ်။ ဒီမီးပွိုင့်တပ်ထားတဲ့ အတွက် ယာဉ်အန္တရာယ်ကတော့ ကင်းရှင်းသွားတယ်။ အ၀ိုင်းထဲမှာ ယာဉ်ကြော ပိတ်ဆို့မှုတော့နည်းသွားတယ်။ ဒါပေမဲ့ ကျန်တဲ့လမ်းကတော့ နည်းနည်း ပိတ်သေးတယ်။ ဒီမီးပွိုင့်တပ်ဆင်ထားတာကိုလည်း ယာဉ်မောင်းတွေကို အသိပညာပေးမှု တွေလုပ်နေရတယ်။ ပြီးတော့ မီးပွိုင့်တပ်ဆင်ထား တယ်ဆိုတာ ဆိုင်းဘုတ်လည်း ချထားတယ် " ဟု ဒုရဲမှူးက စံတော်ချိန်သို့ပြောကြားသည်။

ထိုကဲ့သို့ မီးပွိုင့်စမ်းသပ်တပ်ဆင်ထားသည့်ကာလအတွင်း ယာဉ်အန္တရာယ် ထိခိုက်မှုမရှိအောင် အသိပညာပေးခြင်းများဆောင်
ရွက်နေပြီး မှားယွင်းခဲ့ သည့် ယာဉ်မောင်းများကို ပထမအဆင့်အနေဖြင့် အသိပညာပေးခြင်းကိုသာဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။ 

ဟံသာဝတီအ၀ိုင်းမီးပွိုင့်ကိုလှည်းတန်းမှ မြေနီကုန်းသို့လာသည့်ပြည်လမ်းဘက်ခြမ်းနှင့် မြေနီကုန်းမှ လှည်းတန်းသို့လာသည့် ပြည်လမ်းတစ်ခြမ်းစီ (အရှေ့အနောက်ယာဉ်ကြော)ကို ၄၅ စက္ကန့် ကြာချိန်ပေးထားပြီး ဦးဝိစာရလမ်းမအထွက်ကို ကြိုပွိုင့် ၁၅ စက္ကန့် အပိုပေးထားပြီး ဦးဝိစာရလမ်းနှင့် ဟံသာဝတီဘက်ခြမ်း(တောင် မှ မြောက်)ကို ၂၅ စက္ကန့်စီ ကြာချိန်ပေးထားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

" မီးပွိုင့်စနစ်ကို စမ်းသပ်ထားတယ်ဆိုပေမယ့် အချိန်ကာလတော့ လက်ရှိမှာ မသိရသေးဘူး။ အောင်မြင်အောင်လုပ်သွားမယ်လို့
တော့ ပြောနေတယ်။အောင်မြင်မှုရှိ၊ မရှိကတော့ အချိန်ပေးရမှာပါ။ ဒီမီးပွိုင့်တပ်ဆင်ပြီးချိန်မှာ ယာဉ်ကြောပိတ်ဆို့မှုတော့ နည်းသွား
ပါတယ်။မီးပွိုင့်တပ်ပြီးချိန်မှာတော့ ယာဉ်တိုက်မှုမရှိတော့ဘူး။ တစ်ခါတလေ ယာဉ်ကြောပိတ်တာက ခုံးတံတားပေါ်ထိ ရောက်တယ်။ဒီအချိန်မှာတော့ ရဲအင်အားသုံးပြီး ရှင်းထုတ်ရတယ် " ဟု ဒုရဲမှူးက ဆက်လက်ပြောဆိုသည်။

ထိုကဲ့သို့အ၀ိုင်းတွင် မီးပွိုင့်တပ်ဆင် အသုံးပြုသော်လည်း ယာဉ်ကြော ပိတ်ဆို့မှုမှာဆက်လက်ဖြစ်ပေါ်မြဲ ဖြစ်ကြောင်း ယာဉ်လိုင်း
များနှင့် ခရီးသည်များ အများစုက ပြောကြားနေခြင်းအပေါ် မိမိတို့သည်လည်း မီးပွိုင့်စနစ် အောင်မြင်မှုရှိ၊မရှိကို စောင့်ကြည့်နေပြီး အောင်မြင်မည်ဟုလည်းယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။

" မီးပွိုင့်စတပ်တုန်းက ကားသမားအများစုက သိတောင်မသိဘူး။ ယာဉ်ထိန်းရဲတွေက ပြောမှ သတိထားမိသွားတာ။ ဒါပေမဲ့ ယာဉ်
ကြောကတော့ ပိတ်နေတုန်းပဲဗျ။ ဒါပေမဲ့ သေချာကြည့်တော့ အရင်လိုတော့ အချိန်အရမ်းမပေးရတော့တာ သတိထားမိတယ်။ 

ဒါပေမဲ့ ယာဉ်ကြောကိုတော့မပိတ်အောင်လုပ်ဖို့ကလမ်းတွေကျယ် သွားအောင်အ၀ိုင်းကြီးဖြုတ်ပစ်မှ ရမယ်ထင်တယ် " ဟု တက္ကစီ ယာဉ်မောင်းကိုအောင်က ပြောဆိုသည်။

ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့ရာနေရာများနှင့် လမ်းဆုံ များတွင်ယာဉ်ကြောကျပ်တည်းမှုများ ဖြေရှင်းနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် JICA တို့သည်နည်းပညာပိုင်းဆိုင်ရာအရပူးပေါင်းဆောင်ရွက်လျက်ရှိပြီးအ၀ိုင်းများဖျက်သိမ်းရေး
တွက်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် JICA တို့ကလေ့လာမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

စံတော်ချိန်
kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment