Pages

Monday, February 24, 2014

ဒရော့ဂ်ဘာကို တစ်ကျော့ပြန် ကမ်းလှမ်းဖွယ် ရှိနေသည့် ချယ်လ်ဆီး


RangonNewsDaily: February . 24 .2014
ချယ်လ်ဆီး အသင်းသည် ဂန္ထဝင် တိုက်စစ်မှူးဟောင်း ဒီဒီရာဒရော့ဂ်ဘာကို ပြန်လည် ခေါ်ယူရန် စီစဉ်လျှက် ရှိကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။
ချယ်လ်ဆီး၏ သမိုင်းဝင် ပထမဆုံး ချန်ပီယံလိဂ် ဆုဖလားကို ရယူခဲ့စဉ်က အထူးတလည် ဦးဆောင်မှု ပေးခဲ့သော အိုင်ဗရီကို့စ် လက်ရွေးစင်သည် မတ်လတွင် အသက်(၃၆)နှစ် ပြည့်မည်ဖြစ်သည်။ ၎င်းသည် တူရကီ ကလပ် ဂါလာတာဆာရေးနှင့် အတူ ယခု သီတင်းပတ်တွင် ချယ်လ်ဆီးကို ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ် အဖြစ် ဧည့်ခံရန် ပြင်ဆင်လျှက် ရှိသည်။ 

လက်ရှိ ချယ်လ်ဆီး တိုက်စစ်မှူးများသည် အကောင်းဆုံး ဂိုးသွင်းစွမ်းရည် မရရှိဘဲ ရုန်းကန် နေရချိန်တွင် ဒရော့ဂ်ဘာကမူ အသက်အရွယ်နှင့် မလိုက်အောင် တိုးအား၊ ဂိုးသွင်း စွမ်းရည်ကောင်းများ ပိုင်ဆိုင်နေဆဲ ဖြစ်သည်။

ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုသည် အသင်းကို ၎င်းပထမအကြိမ် ကိုင်တွယ်စဉ်က ဒရော့ဂ်ဘာကို ခေါ်ယူခဲ့ပြီး ကစားသမားနှင့် ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ခဲ့သည်။ ယခုတစ်ဖန် မော်ရင်ဟိုသည် ဒရော့ဂ်ဘာကို တစ်ကျော့ပြန် ခေါ်ယူရန် ဆန္ဒရှိနေပြီး အသင်းပိုင်ရှင် ရိုမန်အေဗရာမိုဗစ်ခ်ျ ကိုယ်တိုင်ကလည်း အဆိုပါ အစီအစဉ်အတွက် လိုလိုလားလား ကူညီဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။ ချယ်လ်ဆီးတွင် ဒရော့ဂ်ဘာ ကစားနေစဉ်က ချယ်လ်ဆီးသည် အခြားတိုက်စစ်မှူးများ ဖြစ်ကြသည့် ဖာနန်ဒိုတောရက်စ်၊ အေဒရီယန်မူတား၊ အန်ဒရီရှက်ဗ်ချန်ကို၊ ဟာနန်ခရက်စ်ပို၊ နီကိုလက်စ် အနယ်လ်ကာတို့ကို ပေါင်စတာလင် သန်း(၁၅၀)မျှ အကုန်အကျခံ ဝယ်ယူခဲ့သော်လည်း ဒရော့ဂ်ဘာလောက် တစ်ဦးမျှ တောက်တောက်ပပ ဖြစ်မလာခဲ့ကြချေ။

ချယ်လ်ဆီးအနေဖြင့် နွေရာသီတွင် အဓိက တိုက်စစ်ကစားသမားသစ် တစ်ဦးခေါ်ယူရေးကို ဦးစားပေး ဆောင်ရွက်ဖွယ် ရှိနေပြီး ထိပ်တန်းကြယ်ပွင့်တစ်ဦးကို ဈေးကြီးပေး ခေါ်ယူဖြစ်သည့်တိုင် ဒရော့ဂ်ဘာအတွက်လည်း ကြိုးစားချိတ်ဆက်ဖွယ် ရှိနေကြောင်း သိရှိရသည်။ 

Soccer Myanmar , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment