Pages

Wednesday, June 25, 2014

မလေးရှားတွင် အလုပ်လုပ်ကိုင်မည့်သူများကို နှစ်နိုင်ငံအစိုးရ သဘောတူညီမှုစနစ် (G to G)ဖြင့် ယနေ့စတင်ပို့ဆောင်ပေးမည်

RangonNewsDaily:: June . 25 .2014
မလေးရှားနိုင်ငံ တွင် အလုပ်လုပ်ကိုင်မည့် မြန်မာ အလုပ်သမားများကို နှစ်နိုင်ငံအစိုးရ သဘောတူညီမှုဖြင့် လုပ်သားစေလွှတ် ခွင့်အစီအစဉ် (G to G)(သို့) OSC အစီအစဉ်ဖြင့် ယခုလအတွင်း စတင် ပို့ဆောင်ပေးတော့မည်ဖြစ်ကြောင်းအလုပ်သမားဝန်ကြီးဌာနမှသိရသည်။
အဆိုပါအစီအစဉ်ကို ဇွန် ၂၅ ရက်မှစတင်ကာ ဆောင်ရွက်သွား မည်ဖြစ်ပြီး ထိုအစီအစဉ်ကို ယခင် ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ၌ မလေး ရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာ နိုင်ငံဆိုင်ရာသံရုံးတွင် ဆောင်ရွက် ရန် လျာထားရာမှ အစီအစဉ်ပျက် ခဲ့ပြီး ယခု တွင် မြန်မာနှင့် မလေးရှား နှစ်နိုင်ငံအစိုးရတို့မှ တရားဝင်လုပ် ကိုင်ရန် အမည်စာရင်းအသစ်ထုတ် ပြန်ထားသည့် ကုမ္ပဏီများမှ စတင် ဆောင်ရွက်ခွင့် ရရှိနိုင်တော့မည်ဖြစ် ကြောင်းသိရသည်။

အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက''ဒီအစီအစဉ်မှာ မလေးရှားနိုင်ငံကို တရားမဝင်နေထိုင် နေရတဲ့မြန်မာတွေ အနေနဲ့ နှစ်နိုင်ငံ အစိုးရသဘောတူညီတဲ့ အစီအစဉ်မှာ ဘယ်သူမဆိုပါလို့ရပါတယ်။ ဈေးနှုန်း အပြောင်းအလဲမရှိဘူး'' ဟုပြောသည်။

ပါမစ်လျှောက်ထားရာတွင် ဆောင်ရွက်ပုံအဆင့်ဆင့်နှင့် ဆောင် ရွက်ရမည့်တရားဝင်သတ်မှတ်နေရာ များ၊ ကုမ္ပဏီအချက် အလက်များ၊ လိုအပ်သောစာရွက်စာတမ်းများ၊ တရားမဝင်မြန်မာနိုင်ငံသားများအတွက် လိုအပ်သောအချက်လက်များ၊ ကုန် ကျစရိတ်များနှင့် လုပ်ငန်းစဉ်များ အားလုံးကို သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်များရရှိပါက ထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း ကို မလေးရှား နိုင်ငံမှ အသိပေးထားကြောင်း မလေး ရှားနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများမှ သိရသည်။

မလေးရှားနိုင်ငံရှိ သစ်အချော ထည်လုပ်ငန်းတွင် အလုပ်လုပ်ကိုင် နေသည့် မြန်မာနိုင်ငံသား ဦးသန့်ဇင် က ''တရားဝင် အထောက်အထား လုပ်ပေးပေမယ့် သူတို့လုပ်ပေးတဲ့ နေရာတွေကိုမရောက်ခင် လမ်းမှာပဲ အဖမ်းခံနေရတာတွေရှိနေ လို့ကြောက် ပြီး မလုပ်ကြတာတွေများတယ်''ဟု လက်ရှိကြုံတွေ့ရသည်ကို ပြောသည်။

မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ခန့်မှန်းသုံးသိန်း ခန့်ရှိပြီး တစ်သိန်းကျော်ခန့်မှာ တရားဝင်လုပ်သား များဖြစ်ကြကာ လုပ်သားအားလုံးနီးပါးမှာ ဥပဒေ များ၊ လူမျိုးရေးများ ခွဲခြားစွာဆက်ဆံ ခံနေရခြင်း၊ နိုင်ငံခြားသားအလုပ် သမားချင်းတူသော်လည်း လုပ်ခလစာ များခေါင်းပုံဖြတ်ခံနေရခြင်းတို့ကို ကြုံတွေ့နေရပြီး မလေးရှားနိုင်ငံ တွင် အော်ပရာဇီ (အထောက်ထား မဲ့ဝင်ရောက်သူ)အဖြစ် မကြာခဏ ဖမ်းဆီးလေ့ရှိခြင်းကြောင့်လည်း အဖမ်းခံနေရသည့်မြန်မာရွှေ့ပြောင်း အလုပ်သမားများ များပြားစွာရှိနေ ကြောင်း မလေးရှားရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများက ဆို သည်။

၂၀၁၄ခုနှစ် ဖေဖော်ဝါရီ ၃ရက် တွင် နိုင်ငံတော်သမ္မတမှ မလေးရှား ရှိ မြန်မာသံရုံးအား သက်တမ်းတိုး စာအုပ်အသစ်ပြုလုပ် ခနှုန်းထား များ ကိုလျှော့ချကာ ပြုလုပ်ပေးရန် မြန်မာ နိုင်ငံမှပတ်စ်ပို့စာအုပ်အသစ်တစ်အုပ် ဖိုးအား ၂၅ဒေါ်လာကောက်ခံ ခိုင်းထား သဖြင့် တစ်ဒေါ်လာကို မလေးရှား ငွေသုံးရင်းဂစ်နှင့်တွက်မည်ဆိုပါ က ၇၅ရင်းဂစ်သာ ကောက်ခံ ရမည် ဖြစ်သည့် အတွက် သက်တမ်းစာအုပ် တစ်အုပ်ကို ယခင် မလေးရှားငွေ ရင်းဂစ်၃၂၀ ယူရာမှ ယခု ရင်းဂစ် ၇၅ သာယူရန်၊ ပတ်စ်ပို့စာ အုပ်ပျောက် ဆုံး ပြန်လျှောက်ရာတွင် ယခင်က မြန်မာသံရုံးမှ ၁၂၈၀ ရင်းဂစ်ကောက် ခံသော်လည်း နိုင်ငံတော်အစိုးရမှ ယခုအခါ ၇၅ဒေါ်လာနှင့်ညီမျှသော ရင်းဂစ်သာကောက်ခံရန်တို့ကို ညွှန် ကြားထားခြင်းကိုလည်း မလေးရှား နိုင်ငံမြန်မာသံရုံး ၌ ကြေညာထား ကြောင်း မလေးရှားနိုင်ငံရှိမြန်မာများ ထံမှ သိရသည်။

Yangon Media , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment