Pages

Wednesday, June 25, 2014

အကိုက်ကြမ်းတဲ့ လူးဝစ်ဆွာရက်ကို ဘောလုံးကစားခွင့် ၂ နှစ်ပိတ်လိုက်ပြီ


RangonNewsDaily:: June . 25 .2014
ဥရုဂွေးနဲ့ လီဗာပူး အသင်းတို့ရဲ့ တိုက်စစ်မှူး လူးဝစ် ဆွာရက်ကို မနေ့ညက အီတလီနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်တဆင့်
တက်ရေး အဆုံးအဖြတ်ပွဲမှာ အီတလီနောက်ခံလူ Giorgio Chiellini ရဲ့ပုခုံးကို ကိုက်တာလိုက်တာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ဒီကနေ့ ကြာသာပတေးနေ့ကစပြီး ၂ နှစ် ဘောလုံးကစားခွင့်ပိတ်ပင်လိုက်ပြီဖြစ်တယ်
လို့ သတင်းတွေထွက်နေပါတယ်။
ပွဲကစားချိန်မှာတော့ဒိုင်ကအပြစ်ပေးအရေးယူမှုတွေပြုလုပ်ခဲ့တာ မရှိပေမယ့် ပွဲအပြီး ရုပ်သံ အနှေးပြကွက်တွေမှာတော့
ထင်ရှားတဲ့ အထောက် အထားတွေကို တွေ့ရှိတဲ့ အတွက် သုံးကြိမ်မြောက် ကိုက်မှု ဖြစ်အပြီးမှာတော့ ခုလို့အပြစ်ပေး
အရေးယူလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွာရက်ဟာ ၂၀၁၃ ခုနှစ် English Premier League ပွဲစဉ်တခုဖြစ်တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးပွဲစဉ်မှာလည်း ချဲလ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်ရဲ့ ညာဘက်လက်ကို ကိုက်ခဲ့တဲ့ အတွက် ကြီးမားတဲ့ ပွဲ

ပယ်ပြစ်ဒဏ်တွေကို ခံခဲ့ရဖူးပြီး အခုတကြိမ်ဟာ သူ့အတွက် အကြီးမားဆုံးပြစ်ဒဏ်ဖြစ်ပါတယ်။

အခုတကြိမ် ကိုက်တာဟာ သုံးကြိမ်မြောက်ဖြစ်ပြီး လီဗာပူး အသင်းကို မရောက်ခင် သူပထမဆုံး ကိုက်ခဲ့သူကတော့ ၂၀၁၀ ခုနှစ်က အေဂျက် အသင်းမှာ ကစားစဉ် အေဂျက်အသင်းနဲ့ PSV အသင်းတို့ ကစားတဲ့ ပွဲမှာ PSV ကစားသမား Otman Bakkal ရဲ့ ပုခုံးကိုကိုက်ခဲ့ဖူးပါတယ်။

The Irrawaddy , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment