Pages

Wednesday, June 25, 2014

တယ်လီနော အသုံးပြုသူများအား Wikipedia စာမျက်နှာ အခမဲ့ ကြည့်ရှုနိုင်ရန် စီစဉ်ထားဟုဆို

RangonNewsDaily:: June . 25 .2014
တယ်လီနော အသုံးပြုသူများ Wikipedia စာမျက်နှာအား အင်တာနက် အသုံးပြုခ အခမဲ့ဖြင့် ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း တယ်လီနော မြန်မာမှ ထုတ်ပြန်ကြေညာသည်။တယ်လီနောနဲ့ တယ်လီနော ၀န်ထမ်းတွေက Wikipedia မှာ မြန်မာစာနဲ့ စာမျက်နှာတွေ ဖန်တီးရေးသားနိုင်ဖို့ အတွက် ပါဝင် ပံ့ပိုးလျက်ရှိ ပါတယ် ဟု တယ်လီနော မြန်မာမှ CEO Mr.Petter Furbesg ကပြောသည်။
မြန်မာဘာသာဖြင့် Wikipedia စာမျက်နှာ My.Wikipedia.ory တွင် မြန်မာ ဘာသာဖြင့် ဆောင်းပါး (၃၀၀၀၀) ခန့် ရှိသည်။ အဆိုပါ စာမျက်နှာအား တယ်လီနော ၀န်ဆောင်မှု စတင်သည့် စက်တင်ဘာလ မှစ၍ အသုံးပြုနိုင်မည် ဖြစ်ကြောင်း တယ်လီနော မှ ထုတ်ပြန် ကြေညာထားသည်။

Wikipedia Foundation နှင့် တယ်လီနော မြန်မာမှ မြန်မာစာဖြင့် ဖတ်ရှုနိုင်သည့် ဒစ်ဂျစ်တယ် စာမျက်နှာများ ဖန်တီးနိုင်ရန် ပထမဆုံးအကြိမ် ပူးတွဲ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်လည်း ပြုလုပ်ခဲ့သည်။ Wikipedia Foundation ဟာ ကမ္ဘာပေါ်ရှိ လူသားအားလုံး အသိပညာ အချက်အလက် အားလုံးကို အခမဲ့ရရှိနိုင်ဖို့ ရည်မှန်းထားပါတယ်။

တယ်လီနောရဲ့ ကူညီမှုနဲ့ မြန်မာပြည်သူတွေ အတွက် ဘက်ပေါင်းစုံက အသိပညာဖလှယ်တဲ့ Wikipedia မှာ ပါဝင်နိုင်ပါပြီ ဟု Wikipedia Foundation မှ Head OF Global Mobile psrtnerships ဖြစ်သူ Carolynne Schloeder က ပြောသည်။ 

တယ်လီနော မြန်မာနှင့် Wikipedia Foundation တို့ ဒေတာ အခမဲ့ ကြည့်ရှုနိုင်ရန် လက်တွဲဆောင်ရွက်မှု သဘောတူညီမှု စာချုပ်အား ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးခဲ့ကြောင်း တယ်လီနောမြန်မာမှ သိရသည်။

Messenger News , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment