Pages

Wednesday, June 25, 2014

လယ်သမားအရေး ဆောင်ရွက်မှုကြောင့် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခံခဲ့ရသည့် ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့နှစ်ဦး ပြန်လည်လွတ်မြောက်

လယ်သမားအရေး ဆောင်ရွက်မှုကြောင့် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ ချခံခဲ့ရသည့် ဦးဝင်းချိုနှင့် ဦးနေမျိုးဇင်တို့အား ထောင်မကျမီက ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရစဉ်
RangonNewsDaily:: June . 25 .2014
လယ်သမားအရေး ဆောင်ရွက်မှုကြောင့် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခံခဲ့ရသည့် မြန်မာ့လူမှုဘ၀ ဖွံဖြိုးတိုး
တက်ရေး ကွန်ရက်မှ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့နှစ်ဦးသည် ဇွန် ၂၄ ရက် နံနက် ၉ နာရီတွင် အင်းစိန်
အကျဉ်းထောင်မှ ပြန်လွတ်မြောက်ခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးမှာ ပြစ်ဒဏ်သုံးလမစေ့မီ ခြောက်ရက်အလိုတွင် ပြန်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ဦးနေမျိုးဇင်ထံမှ သိရသည်။

“ကျွန်တော်တို့ ချမှတ်ခဲ့တဲ့ ထောင်ဒဏ်သုံးလ မပြည့်မီ ခြောက်ရက်အလိုမှာ ပြန်လည်လွတ်ပေးခဲ့တယ်။ အခုလို လွတ်မြောက်လာပြီး နောက်ပိုင်းမှ အဓိကအနေနဲ့ လေးပွင့်ဆိုင်တွေ့ဆုံရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်။ နောက်ပြီး ကျွန်တော်တို့ကို ချမှတ်ခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး ရဲတွေကို မေးချင်တာက ဆန္ဒပြတဲ့လူတွေ အားလုံးထဲကမှ ကျွန်တော်တို့ နှစ်ယောက်တည်းကို ဘာကြောင့် ပုဒ်မ- ၁၈ နဲ့ တရားစွဲဆိုရတာလဲ။

ကျွန်တော်တို့ကို ဖြားယောင်းပြီးတော့ တရားရုံးမှာလဲ ခွင့်ပြုမိန့်နဲ့ပြတာ မဟုတ်ဘူးဆိုတာကို ၀န်ခံခိုင်းတယ်။ အများဆုံးကျမှ ဒဏ်ငွေတစ်သောင်းဘဲ ကျမှပါဆိုပြီး လိမ်ပြောတယ်။ ဒဏ်ငွေတောင် သူတို့ဆောင်ပေးမယ်ဆိုပြီး ပြောတယ်။ တကယ်အမိန့်လဲချရော ထောင်ဒဏ်ကသုံးလ ဖြစ်သွားတယ်။ 

ကျွန်တော်တို့က ဥပဒေပြင်ပက လုပ်ခဲ့တာလဲ မဟုတ်ဘူး။ ခွင့်ပြုမိန့် တင်ရဲ့သားနဲ့ သက်ဆိုင်ရာမှ မပေးခဲ့တာပါ” ဟု မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောကြားသည်။

လယ်သမားအရေး ဆောင်ရွက်နေသူ ဦးဝင်းချိုနှင့် မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့နှစ်ဦးအား ကျောက်တံတားမြို့နယ် ရဲစခန်းမှ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြသောကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားမှုအား ကျောက်တံတားမြို့နယ် တရားရုံးမှ ဧပြီ ၁ ရက်တွင် ထောင်ဒဏ်သုံးလစီ ချမှတ်ခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၈ ရက် ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဧရာဝတီတိုင်းဒေသကြီး မော်ကျွန်းမြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တွံတေးမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ် စသည့်မြို့နယ်များမှ လယ်သမား ၅၀၀ ခန့် စုပေါင်းလာရောက်ကြ၍ ၎င်းတို့၏ လယ်ယာမြေ ဆုံးရှုံးနစ်နာမှုများ ဆန္ဒပြရာတွင် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြသဖြင့် ဆန္ဒပြပွဲအား ဦးဆောင်သူများဖြစ်သော ဦးဝင်းချိုနှင့် ဦးနေမျိုးဇင်တို့အား ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

Eleven , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment