Pages

Wednesday, June 25, 2014

ဦးအံ့မောင်အား ဖမ်းဆီးထားခြင်း မရှိကြောင်း သမ္မတပြောရေး ဆိုခွင့်ရှိသူ အတည်ပြု


RangonNewsDaily:: June . 25 .2014
သာသနာရေး ပြည်ထောင်စု ၀န်ကြီး သရေ စည်သူ ဦးဆန်းဆင့် အား အလွဲသုံးစား မှုဖြင့် ထိန်းသိမ်းခဲ့ ပြီးနောက်တွင် သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဟောင်း နိုင်ငံတော် သမ္မတရုံး အကြံပေး ဦးအံ့မောင်ကို ဖမ်းဆီး ထိန်းသိမ်းထားခြင်း မရှိကြောင်း သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ် က The Messenger Media သို့ ပြောသည်။
ယမန်နေ့ထုတ် ပုဂ္ဂလိက သတင်းစာတချို့တွင် ဦးအံ့မောင် အား (စစစ) မှ ခေါ်ယူ စစ်ဆေး နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်း ဖော်ပြခဲ့ပြီး၊ အွန်လိုင်း စာမျက်နှာများ တွင်လည်း ထိန်းသိမ်းခံ ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဦးအံ့မောင်သည် မဟာ သန္တိသုခကျောင်းတိုက်တွင် သီတင်းသုံး နေသော သံဃာတော်များ ဖယ်ရှားမှုတွင် နောက်ကွယ်က ပါဝင် ပတ်သက်နေသူ ဟု ဝေဖန်ထားခံ ရပြီး၊ နိုင်ငံတော် သမ္မတရုံးမှ လည်း သမ္မတ အကြံပေးမဟုတ်ဘဲ သာသနာရေး ၀န်ကြီးဌာန အကြံပေးသာ ဖြစ်ကြောင်း မီဒီယာများကို ပြန်လည်ဖြေရှင်းခဲ့သည်။

သာသနာရေး ၀န်ကြီးဌာန တွင် ဇွန်လ (၁၀) ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မဟာသန္တိသုခ ကျောင်းတိုက် ကိစ္စနှင့် ပတ်သက်၍ ဦးအံ့မောင်၏ ပြောကြားမှုများအား သံဃာတော်များက မကျေနပ်ကြကြောင်း ဆရာတော်ကြီး တချို့က မီဒီယာများကို ထုတ်ဖော်ပြောထား သည်။

ထို့အပြင် ထိန်းသိမ်းထားခြင်းခံရသော သာသနာရေး ပြည်ထောင်စု ၀န်ကြီး ဦးဆန်းဆင့်၏ မိသားစုဝင် များအား နေအိမ် အကျယ် ချုပ်ချထားခြင်း ရှိမရှိနှင့် ပတ်သက်၍လည်း နိုင်ငံတော်သမ္မတ ပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ်က အတည်ပြု ပြောကြားခဲ့ခြင်း မရှိသေးပေ။ ဦးအံ့မောင်၏ ပြုမှုပြောဆိုချက် များနှင့် ပတ်သက်၍ အရေးယူပေးရန် သံဃာတော်များက တောင်းဆိုခဲ့ကြကြောင်း သိရသည်။

Messenger News , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment