Pages

Wednesday, June 25, 2014

ဓာတ်ကြိုးပြတ်ကျ၍ သေဆုံးခဲ့သူများ နာရေးအတွက်သာ ၀န်ကြီးဌာန တာဝန်ယူ


RangonNewsDaily:: June . 25 .2014
လှည်းတန်းဈေးအနီး တွင် ဓာတ်ကြိုးပြတ်ကျ၍ သေဆုံးသူနှစ်ဦးအတွက် လျှပ်စစ်စွမ်း အားဝန်ကြီးဌာနက နာရေးလိုအပ် ချက်များနှင့် ရက်လည်ဆွမ်း ကျွေးအတွက်သာ ဆောင်ရွက် ပေးကြောင်းနာရေးတွင် လိုက်ပါဆောင်ရွက်နေသည့် ဈေးသူ၊ ဈေးသားများကပြောသည်။
သေဆုံးသူနှစ်ဦးတို့အနက် အမျိုးသမီးငယ်ကို ထိန်ပင်သု သာန်နှင့် အမျိုးသားကို ရေဝေး သုသာန်တွင် ဇွန်လ ၂၃ ရက် ညနေ ၃ နာရီက အသီးသီးမီး သင်္ဂြိုဟ်ခဲ့သည်။

‘‘ရက်လည်ဆွမ်းကျွေးရယ်၊ နာရေးရယ်အတွက် သွားရေး၊ လာရေးအားလုံးလုပ်ပေးတယ်။ ထောက်ပံ့ကြေးကတော့ အစအ ဆုံးဌာနကနေ ကူညီပေးတယ်’’ ဟု ကမာရွတ်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်မိုးညိုက ပြောသည်။

သေဆုံးသွားသည့် မိန်းက လေးသည် လှည်းတန်းဈေးထဲ တွင် ပြောင်းဖူးနှင့် ကုန်စိမ်း ရောင်းသော မိန်းကလေးဖြစ်ပြီး မိဘနှစ်ဦးကို အလုပ်အကျွေးပြု နေသော မိန်းကလေးဖြစ်သည်။

‘‘ကျွန်တော့် မြို့နယ်ထဲမှာ မတော်တဆပဲဖြစ်ဖြစ်၊ ဘာ ကြောင့်ပဲဖြစ်ဖြစ် ဌာနကတာဝန် ရှိတဲ့ ကျွန်တော့်ကိုပဲ အရေးယူ ဆောင်ရွက်သွားမှာပါ’’ဟု ကမာ ရွတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦး အောင်ကျော်မိုးညိုကပြောသည်။

ဇွန်လ ၂၁ ရက် ညနေ ၅ နာရီခွဲခန့်က လှည်းတန်းဈေးအနီး ပေ ၅၀ လမ်းတွင် Main Service လျှပ်စစ်ကြိုး ပြတ်ကျခဲ့သော ကြောင့် ဓာတ်လိုက်၍ လူနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ ခြင်းဖြစ်သည်။

ထိုကဲ့သို့လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျ သေဆုံးခဲ့ခြင်းကြောင့် လျှပ်စစ်ဝန်ကြီးဌာနက ဖြေရှင်းပေးသင့်ပြီး တာဝန်ရှိသူများကိုလည်း အရေးယူမှုများ ပြုလုပ် သင့်ကြောင်း ပြည်သူများကြား ဝေဖန်မှုများလည်း ပေါ်ထွက်နေသည်။

7 Day Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment