Pages

Wednesday, June 25, 2014

နဗီတမန်တော်ဟူးဒ်(အ)အကြောင်း


RangonNewsDaily:: June . 25 .2014
တမန်တော်ဟူးဒ်(အ)၏ဖခင်အမည်မှာ"အဗ္ဗဒွလ္လာဟ်"ဟုခေါ်သည်။တမန်တော်ဟူးဒ်(အ)၏ခန္ဒာကိုယ်အရောင်အဆင်း
မှာဂျုံနုရောင်ကဲ့သို့ ဖြူဖွေးပြီးအလွန်ချောမောလှပသောနဗီတမန်တော်တစ်ပါးဖြစ်သည်။ရုပ်ဆင်တော်အားဖြင့်ဖခင်ကြီး
အာဒမ်(အလိုင်း)နှင့်အလွန်ပင်တူလေသည်။

တမန်တော်ဟူးဒ်(အလိုင်း)အားအလ္လာဟ်အရှင်မြတ်သည်(အားဒ်)အမျိုးနွယ်ဝင်ပထမအုပ်စုဘက်သို့ နဗီအဖြစ်တင်မြှောက်
၍စေလွတ်ခဲသည်။ထိုစဉ်က(အားဒ်)အမျိုးနွယ်ဝင်များသည်(အာမ္မာန်း)နှင့်(ဟာဇရာမော့သ်)မြို့၏အကြားတွင်နေထိုင်
ခဲ့ကြလေးသည်ထိုအပြင်"ယီမင်း"နိုင်ငံ၏ပတ်ဝင်းကျင်၌လည်းနေထိုင်ကြသည်။

(အားဒ်)အမျိုးနွယ်ဝင်များ၏ခန္ဒာကိုယ်တောင့်တင်ခိုင်မာထွားကျိုင်းမူသည်အံအားသင်လောက်အောင်ရှိခဲ့သည်(အားဒ်)
အမျိုးနွယ်ဝင်များမှအရပ်ပုဆုံးလူမှာအတာင်(၆၀)ခန့်ရှိသည်။ခန္ဒာကိုယ်အလွန်ထွားကျိုင်းပြီးလူသန်မာများဖြစ်ခဲ့ကြသည်။
၎င်းမျိုးနွယ်တစ်ဦး၏(နတ်ရှ်သာ)နံနက်စောစီးစွာစာသောက်မူမှာကုလားအုပ်တစ်ကောင်ဖြစ်သည်။

ထိုခေတ်အခါကအလ္လာဟ်အရှင်မြတ်သည်ကုလားအုတ်များပေါက်ပွားမူကိုတောတိုင်း၊တောင်တိုင်းတွင်ပြည့်နှက်စွာပေါက်
ပွားစေခဲ့သည်။

"အားဒ်"အမျိုးနွယ်ဝင်များသည်၎င်းတို့ ကဲ့သို့ သန်မာထွားကျိုင်းသောသူများတွေ့ မြင်ခြင်းမရှိသည်အခါအင်အားနည်းပါး
သောအလ္လာဟ်အရှင်မြတ်၏အခြား(မခ်လူးက်)အဖန်ဆင်ခံများအားအထင်အမြင်သေခြင်းသာမကညှင်ပန်းနှိတ်စက်မူများလည်းပြုလုပ်ခဲ့ကြသည်။ရုပ်ထုများကိုကိုးကွယ်ခြင်းဖက်သို့ ကိုင်းညွတ်လာကြလေသည်။

၎င်းတို့ သည်မိမိတို့ ၏သန်မာမူကိုအကြောင်ပြု၍ဘဝင်မြင့်ကြ၏။အကြောင်းမဲ့အကျိုးမရှသောကြီးကျယ်ခမ်းနားသည်
အဆောက်အအုံများကြည်ဆောက်ကြ၏။ထိုအပြင်ခိုင်ခန့် မြင့်မားသောရဲတိုက်ကြီးများတည်ဆောက်ရာတွင်အလွန်
ဝါသနာထုံကြလေသည်။

(အားဒ်)အမျိုးနွယ်ဝင်"ရှဒ်ဒါးဒ်"အမည်ရှိဘုရင်တစ်ပါးသည်(ဘာအေရာမ်)မည်သောဥယာဉ်ကြီးအားတည်ဆောက်ခဲသည်
၎င်းဥယာဉ်သည်လောက၌ပြိုင်စံရှားဖြစ်သည်ဟူ၍အလ္လာဟ်အရှင်မြတ်ကကျမ်းမြတ်ကုရ်အာန်တွင်မိန့် ကြားထား
သည်။

တမန်တော်ဟူးဒ်(အလိုင်း)သည်"အားဒ်"အမျိုးနွယ်ဝင်များအားသွန်သင်ဆုံးမခဲ့သည်။အလာဟ်အရှင်မြတ်တစ်ပါးထဲတည်
ရှိကြောင်းနှင့်အလ္လာဟ်အရှင်မြတ်အပေါ်အီမာန်သက်ဝင်ယုံကြည့်ကြရန်တိုက်တွန်းနှိုးဆော်ခဲ့သည်။

တုပနှိုင်းယှဉ်ကိုးကွယ်ခြင်း၊အလ္လာဟ်အရှင်မြတ်အားငြင်းဆိုခြင်နှင့်ရုပ်တုများအားကိုးကွယ်ခြင်းမှတားမြစ်ခဲ့သည်။သို့ သော်၎င်းတို့ သည်ကျွန်ပ်တို့ ထက်သန်မာထွားကျိုင်းသောသူမည်မျှရှိ၍ကျွန်ပ်တို့ အနေဖြင့်၎င်း၏အမိန့်ကိုနာခံရမည်နည်း
ဟုပြောဆိုခဲ့ကြလေသည်။

တမန်တော်ဟူးဒ်(အ)၏ဆုံးမလမ်းညွနမူကိုငြင်းဆန်ခဲ့သောကြောင့်"အားဒ်"အမျိုးသားများ၏ဒေသ၌မိုးခေါင်ခဲ့သည်သုံး
နှစ်တိုင်တိုင်ပြင်းပြင်းထန်ထန်ကပ်ဆိုက်ခဲ့သည်။လယ်ယာကိုင်းကျွန်းများခြောက်သွေ့ ကာက်ပဲသီးနှံများလည်းလုံးဝမရ
ရှိခဲ့ကြပေ။

ကပ်ကြီးဆိုက်ရောက်မူကြောင့်"အားဒ်"အမျိုးနွယ်ဝင်များသည်အလွန်ထိတ်လန့် သွားကြသည်။ထိုအခါထုံတမ်းစဉ်လာ
အရ"အားဒ်"အမျိုးသာများမှအချိုးခေါင်ဆောင်များသည်(ကာ့အ်ဗာ)ကျောင်းတော်သို့ ဝင်ရောက်ခစာကြကာရိုးကျိုးစွာဖြင့်
အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌မိုးရွာစေရန်ဆုပန်ကြသည်။

မိုးဆုပန်ကြပြီနှောက်ပိုင်းတွင်မိုးကောင်းကင်အထက်၌မိုးသာတိမ်လိပ်သုံးခုဖြစ်ပေါ်လာသည်။ထိုမိုးသာတိပ်လိပ်သုံးခု
အနက်တစ်ခုမှာအနီရောင်ဖြစ်ပြီးဒုတိယတစ်ခုမှာအဖြူရောင်ဖြစ်၍တတိယမိုးသားမှာအနက်ရောင်ဖြစ်သည်။ထိုအချိန်တွင်
မိုးသားသုံးခုအနက်တစ်ခုခုအာအသင်တို့ ရွေးကြလောဟုအကွယ်မှအသံတစ်ခုပေါ်ထွက်လာသည်။ခေါင်းဆောင်များ
ည်အနက်ရှိမိုးသားအားမိုးရေများစွားရရှိမည်ဟုယူဆကြကာ၎င်းအနက်ရောင်ရှိမိုးသာကိုရွေးချယ်ကြသည်။

သို့ ရှိရာ၎င်းအနက်ရောင်ရှိမိုးသားသည်"ကာ့အ်ဗာ"ကျောင်းတော်အထက်မှယီမင်းနိုင်ငံဖက်သို့ ဦးတည်ကာရွေးလျား
သွားပြီး"အားဒ်"အမျိုးသားမျာနေထိုင်ရာဒေသပေါ်သိုရပ်တန်းခဲ့သည်။"အားဒ်"အမျိုးသားခေါင်းဆောင်များယူဆခဲ့သည်
အတိုင်အနက်ရောင်မိုးသားတွင်ရေများမရရှိခဲ့ကြပေ။

အလ္လဟ်ာအရှင်မြတ်၏"အာဇားဗ်"ပြစ်ဒဏ်သာပါးလာခဲ့သည်။ထိုအချင်အရာကို"အားဒ်"အမျိုးနွယ်ဝင်မှ"မဟဒ်"အမည်ရှိ
မျိုးသမီးတစ်ဦးသည်ဦးစွာပထမမြင်တွေ့ ခဲ့ရသည်။

၎င်းအမျိုးသမီးသည်"အားဒ်"အမျိုးသားအပေါ်ဖုံးလွှမ်းနေသည့်အနက်ရောင်မိုးသား၌မီးတောက်မီလျှံများကိုတွေရှိကာ အို့ အမျိုးသားအပေါင်တို့ တမန်တော်ဟူးဒ်(အလိုင်)အပေါ်အီမာန်သက်ဝင်ကြလေကုန်။သို့ မဟုတ်ပါကမကြာမီတွင်းအသင်
တို့ သည်အပြစ်ရကြကုန်အံဟုဟစ်အော်ကြွေးကြော်ခဲ့သည်"အာဇားဗ်"ပြစ်ဒဏ်၏အတိတ်နိမတ်အကြောင်းကိုအသိပေး
ခြင်းခံရသော်လည်းဂုဏ်မာနထောင်လွှား၍မိမိကိုယ်မိမိအထင်ကြီးနေကြသောအားဒ်အမျိုးသားများသည်မည်သို့ မျှနာ
လည်သဘောပေါက်ခြင်မရှိခဲ့ချေ။

သို့ ရာတွင်"အာဇားဗ်"ပြစ်ဒဏ်၏အလွန်ပြင်းထန်သောလေနီကြမ်းကြီးတိုက်ခိုက်လေသည်။၎င်းလေနီကြမ်းသည်အားဒ်
အမျိုးသားများနေထိုင်ရာမြေအားလှုပ်ခါသွားစေခဲသည်။ထို့ အပြင်တောင်ကြီးငယ်များကျောက်တုံး၊ကျော်ခဲများသစ်ပင်ကြီး
ငယ်များအားအမြစ်မှနူတ်ယူကာအားဒ် အမျိုးသားများအပေါ်သို့ ကျရောက်စေခဲ့သည်။

၎င်းလေနီကြမ်းသည်ခုနှစ်ညနှင့်ရှစ်ရက်တိုင်တိုင်အဆတ်မပြတ်တိုက်ခက်ခဲ့သည်။တမန်တော်ဟူးဒ်(အလိုင်း)နှင့်၎င်း
အပေါ်အီမာန်သက်ဝင်ယုံကြည်သူများမှအပကန်"အားဒ်"အမျိုးသားအားလုံးသည်၎င်းလေနီကြမ်း၏ချေမူန်းခြင်းကိုခံခဲ့ရလေသည်။ဤကမ္ဘာမြေပေါ်တွင်သန်မာထွားကျုင်ခဲ့သော"အားဒ်"အမျိုးသားများ၏အစအနပင်ရှမတွေ့ အောင်ပျက်စီးေ
ကြေခဲ့ကြလေသည်။

တမန်တော်ဟူးဒ်(အလိုင်း)သည်သက်တော်(၁၈၀)တစ်ရာ့ရှစ်ဆယ်နှစ်အရွယ်တွင်"ဝဖားသ်"အရှင်အမိန်ကိုခံယူပြီးမက္ကာ
ရွှေမြို့ တော်၌(ဒဖန်)မြုပ်နှံခြင်းခံတော်မူလေသည်။အချိုးသမိုင်ပညာရှင်များက"ဟာဇရမော့ သ်"မြို့ ၌လည်းကောင်း၊"ဒမတ်
ရှ်ကတ်"မြို့ ၌လည်းကောင်းမြုပ်နှံသည်ဟုဆိုကြလေသည်။

ဒီအကြောင်အရာကိုမသိသေသောညီအကိုမောင်နှမများသိစေချင်သောနိယာတ်ဖြင့်ရေးသာခြင်ဖြစ်ပါသည်။အစ္စလာမ်
မိုင်းမှာအထောက်အထားဖြင့်ရှိသည့်အကြောင်းကိုပံနှင့်တကွရေးသားဖေါ်ပြခြင်းဖြစ်သည်။

salam ပါညီနှောင်တို့ ဒိုအာမှာသတိရပါ။
Abdul Sathar Sathar Bai , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment