Pages

Wednesday, June 25, 2014

ဟန်းဆက် တင်သွင်းရောင်းချသူများ အဖွဲ့ဖွဲ့ဖို့ ညွှန်ကြား


RangonNewsDaily:: June . 25 .2014
ပြည်တွင်းကို တင်သွင်းအသုံးပြုနေတဲ့ မိုဘိုင်းဖုန်း ဟန်းဆက် ၉၈ ရာခိုင်နှုန်းကျော် တရားမ၀င် အကောက်ခွန်မဲ့တွေ ဖြစ်နေတဲ့ ပြသနာကို ဖြေရှင်းနိုင်ဖို့ ဟန်းဆက် တင်သွင်းရောင်းချသူများအသင်း ဖွဲ့စည်းဖို့ ညွှန်ကြားထားတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
ဇွန် ၂၁ ရက်နေ့က ရန်ကုန် ကမ်းနားလမ်းရှိ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးရုံး ခန်းမမှာ ကျင်းပတဲ့ ပုဂ္ဂလိကနဲ့ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးမှာ သူက ခုလို ပြောခဲ့တာပါ။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မြန်မာနိုင်ငံမှာ လက်ရှိ အသုံးပြုနေတဲ့ မိုဘိုင်းဖုန်း ဟန်းဆက် ၁၀ သန်းလောက်ရှိပြီး အဲဒီအထဲကမှ တရားဝင်တင်သွင်းမှုက ၂ သိန်းပဲရှိတဲ့အကြောင်း၊ ကျန်တာ အားလုံး တရားမ၀င် မှောင်ခိုဖြစ်နေတဲ့အကြောင်း၊ ဒါကြောင့် မိုဘိုင်းဖုန်း ဟန်းဆက် တင်သွင်းတဲ့ ကုမ္ပဏီတွေ အနေနဲ့လည်း ဟင်းဆက် တင်သွင်းမှု တရားဝင် ဖြစ်လာအောင် အသင်းဖွဲ့တာ အပြင် ဘယ်လိုလုပ်သင့်သလဲ အကြံဥာဏ်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မိုဘိုင်းဖုန်း ဟန်းဆက် တင်သွင်းတဲ့ ကုမ္ပဏီကြီးတွေကတော့ နိုင်ငံတကာမှာ မိုဘိုင်းဖုန်းကို ရိုးရိုးနဲ့ စမတ်ဖုန်း ဆိုပြီး ၂ မျိုးပဲ ခွဲတဲ့အကြောင်း၊ ဒါကြောင့် အဲလို ၂ မျိုးခွဲခြားပြီး ၁ လုံးကို ဘယ်လောက် အခွန်ဆောင်ရမလဲ၊ နိုင်ငံတကာ နည်းတူ သက်သာတဲ့ နှုန်းထားနဲ့ ဆိုရင် အခွန်ဆောင်ပြီး တရားဝင် တင်သွင်းလာကြမယ် ဖြစ်ကြောင်း တင်ပြထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ဒုညွှန်ချုပ် ဦးညွန့်အောင်က ဒီဗွီဘီ ကို ရှင်းပြပါတယ်။

DVB TV  , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment