Pages

Wednesday, June 25, 2014

မလေးရှားလေကြောင်းလိုင်း၏ ပျောက်ဆုံးလေယာဉ်အကြောင်းကိုအိန္ဒိယဒါရိုက်တာ ဇာတ်ကားအဖြစ် ပုံဖော်မည်


RangonNewsDaily:: June . 25 .2014
Kamasutra 3D ဇာတ်ကားရိုက်ကူးခဲ့သူ အိန္ဒိယဒါရိုက်တာ Rupesh Paul က မကြာခင်က ပျောက်ဆုံးခဲ့ရသည့် မလေးရှားလေကြောင်းလိုင်း၏ MH 370လေယာဉ်ပျောက်ဆုံးမှုဖြစ်စဉ်အပေါ်အခြေခံပြီး ရုပ်ရှင်ကားတစ်ကားဖန်တီးသွားမည်ဖြစ်ကြောင်း သိရသည်။
The Vashining Act ဟုအမည်ပေးထားသည့် အဆိုပါဇာတ်ကားကို မကြာမီက ကျင်းပပြီးစီးခဲ့သည့် ကိန်းစ်နိုင်ငံတကာ
ရုပ်ရှင်ပွဲတော်တွင် ဈေးကွက်မြှင့်တင်မှုများပြုလုပ်ခဲ့ပြီးဖြစ်ကာ နိုင်ငံတကာသို့ စက်တင်ဘာလအတွင်း စတင်ပြသသွား
မည်ဖြစ်ပြီး ယင်းဇာတ်ကားတွင် MH370 လေယာဉ်ပျောက်ဆုံးမှု နှင့်ပတ်သက်သည့် ကံဆိုးမိုးမှောင်ကျခဲ့ရသည့်ပုံ
စံတူဖြစ်ရပ်များ ပါဝင်မည်ဖြစ်ကြောင်း ယင်းဇာတ်ကားမှတာဝန်ရှိသူတစ်ဦးက ရှင်းလင်းဖြေကြားခဲ့သည်။

ထို့အပြင် ယင်းဇာတ်ကားတွင် ဒေသခံတိုင်းရင်းသားအများစုကို ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကာ ဇာတ်ဝင်ခန်းများကို အိန္ဒိယနှင့် အမေရိကန်နိုင်ငံတို့တွင် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဇာတ်ကားနှင့်ပတ်သက်ပြီး အွန်လိုင်းမှ အနုတ်လက္ခဏာပြသည့်တုံ့ပြန်ချက်များ ရရှိခဲ့သော်လည်း တရုတ်နှင့် မလေးရှားမှ ရုပ်ရှင်ကုမ္ပဏီများစွာအနက်မှ အာရှရုပ်ရှင်လောကကို ပိုမိုစိတ်ဝင်စားမှုများရရှိစေမည့်ဇာတ်ကားတစ်ကား ဖြစ်ကြောင်း ယင်းဇာတ်ကားမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။


''ကျွန်တော်တို့ မလေးရှားနဲ့ တရုတ်ရုပ်ရှင်ကုမ္ပဏီတွေက ပူးတွဲထုတ်လုပ်ရေးအတွက် ကမ်းလှမ်းခံခဲ့ရတာတွေ ရှိပါတယ်၊ အထူးသဖြင့် မလေးရှားကုမ္ပဏီတွေပေါ့၊ ဒါပေမယ့် ကျွန်တော် မပူးပေါင်းပါဘူး''ဟ Tge Vanishing Act ဇာတ်ကားကိုပုံဖော်ရိုက်ကူးမည့် ဒါရိုက်တာ Rupesh Paul က ဆိုသည်။

The Mirror Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment