Pages

Thursday, June 26, 2014

ကမ္ဘာ့ဖလားကျရှုံးခဲ့မှုကို ဖြေဖျောက်ရန်အတွက် အင်္ဂလန်ပရိသတ်များ လိင်ဆက်ဆံသင့်ကြောင်း ဗြိတိန်အစိုးရ တိုက်တွန်း


RangonNewsDaily:: June . 25 .2014
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းကျဆုံးခဲ့ရမှုကြောင့် စိတ်ဓာတ်ကျဆင်းနေကြသည့် အင်္ဂလန်ပရိသတ်များအနေဖြင့် ဖိအားများပြေပျောက်ရန် လိင်ဆက်ဆံသင့်ကြောင်း ဗြိတိန်အစိုးရက တိုက်တွန်းပြောဆိုလိုက်သည်။
အင်္ဂလန်အသင်း ကမ္ဘာ့ဖလားမှ စောစီးစွာထွက်ခဲ့ရခြင်းသည် ပရိသတ်များအတွက် တစ်မျိုးကောင်းမွန်ကြောင်းလည်း ကျန်းမာရေးစောင့်ရှောက် မှုအဖွဲ့က ဆိုသည်။

အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်တွင် အဆိုးရွားဆုံးရလဒ်ဖြင့် ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။
ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုအဖွဲ့က အင်္ဂလန်ပရိသတ်များအနေဖြင့် စိတ်ပျက်ဝမ်းနည်းမှုများပြေပျောက်စေရန် အကောင်းဆုံးနည်းလမ်းမှာ လိင်ဆက်ဆံခြင်းဖြစ်ကြောင်း ပြောသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ သီချင်းသီဆိုခြင်း တို့ကိုလည်း ပြုလုပ်သင့်ကြောင်း တိုက်တွန်းခဲ့သည်။


အင်္ဂလန်အသင်း နောက်အဆင့်များသို့ တက်ရောက်သွားခဲ့ပါက ကျန်းမာရေးဆိုင်ရာထိုခိုက်မှုများရှိလာနိုင်သည်ဟု လည်း ထိုအဖွဲ့က ပြောသည်။


၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရှုံးထွက်အဆင့်တွင် အင်္ဂလန်အသင်းက အာဂျင်တီးနားအသင်းကို ပင်နယ်တီအဆုံး

အဖြတ်ဖြင့် ရှုံးနိမ့် ခဲ့ပြီးနောက် အင်္ဂလန်နိုင်ငံ၌ နှလုံးရောဂါ heart attacks ဖြင့် ဆေးရုံသို့တင်ပို့ခဲ့ရသူပေါင်း၂၅ ရာခိုင်နှုန်း တိုးခဲ့သည်။

Ref: mid-day , Mizzima Sport News , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment