Pages

Thursday, June 26, 2014

စပိန်အသင်းလေယာဉ် မြေပြင်သို့ ဆင်းသက်ခါနီး မိုးကြိုးပစ်ခံရ


RangonNewsDaily:: June . 25 .2014
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အဆိုးရွားဆုံးရလဒ်များဖြင့် အုပ်စုအဆင့်မှထွက်ခွာခဲ့ရပြီး မိခင်နိုင်ငံသို့ ပြန်ရောက်လာခဲ့သည့် စပိန်အသင်းသည် မက်ဒ ရစ်မြို့ရှိလေဆိပ်သို့မရောက်ခင်တွင် ထိတ်လန့်စရာအဖြစ်နဲ့ ရင်ဆိုင်ခဲ့ရသည်။
စပိန်အသင်းကို တင်ဆောင်လာပြီး ကျူရီတီဘာမှထွက်ခွာလာ ခဲ့သည့်လေယာဉ်မှာ မက်ဒရစ်မြို့၊ လက်စ်ပယ်လ်မက်
စ်လေဆိပ်သို့ ဆင်းသက်ခါနီးတွင် မိုးကြိုးပစ်ခံခဲ့ရခြင်းကြောင်း စပိန်သတင်းစာ AS က ရေးသားခဲ့သည်။

စပိန်အသင်းကို တင်ဆောင်လာခဲ့သည့် အိုင်ဘာရီယာလေကြောင်းလိုင်းမှ လေယာဉ်သည် မြေပြင်သို့ဆင်းသက်ခါနီး

တွင်တောင်ပံတစ်ဖက်ကို မိုးကြိုးထိမှန်ခဲ့ပြီး ပေါက်ကွဲသံကဲ့သို့ မြည်ဟီးသွားခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် လေယာဉ်ပေါ်
လိုက်ပါလာသူများ ထိတ်လန့်တကြားဖြစ်ခဲ့ရ သော် လေယာဉ်မှူးအနေဖြင့် မြေပြင်ပေါ်သို့ အောင်မြင်စွာဆင်းသက်နိုင်
ခဲ့သည်။ 

မိုးကြိုးထိမှန်ခဲ့သော်လည်း မည်သည့်ထိခိုက်ဆုံးရှုံးမှုမျိုးမှ မ ရှိခဲ့ကြောင်း လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရသူအမျိုး
သမီးတစ်ဦးက အတည်ပြုခဲ့သည်။

လက်ရှိချန်ပီယံဘွဲ့ကို မကာကွယ်နိုင်ခဲ့သည့်အပြင် အုပ်စုအတွင်းတွင် တစ်ပွဲသာအနိုင်ရရှိခဲ့သော စပိန်အသင်းကို လေဆိပ်တွင်လာရောက် ကြိုဆိုသည့်ပရိသတ်ဦးရေမှာလည်း ၂၀၀ ခန့်သာရှိခဲ့ပြီး စပိန်အသင်းသားများအနေဖြင့်လည်း လေဆိပ်တွင် လာရောက်စောင့်ဆိုင်းနေသည့် မီဒီယာများကိုပင် မည်သည့်အကြောင်းအရာမှ မပြောကြားခဲ့ကြဘဲ တိတ်ဆိတ်စွာထွက်ခွာသွားခဲ့ကြကြောင်း စပိန်မီဒီယာများက ဆိုသည်။

Ref: Reuters , Mizzima Sport  , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment