Pages

Thursday, June 26, 2014

အမှုမှသေဆုံးသူအားသိရှိပါက ဆက်သွယ်သတင်းပေးခြင်းဖြင့် ပူးပေါင်းကူညီနိုင်ပါရန် မေတ္တာရပ်ခံခြင်း


RangonNewsDaily:: June . 26 .2014
၂၄.၆.၂၀၁၄ရက်နေ့၀၀၃၀အချိန်တွင်လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် လှိုင်သာယာ မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေး၊ န၀ဒေးမှတ်တိုင်အနီး၊ တိုကျိုပိုက်စက်ရုံရှေ့တံတား၌အမျိုးသားတစ်ဦးလဲကျနေကြောင်းသတင်း အရသွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ အမည်မသိအမျိုးသားတစ်ဦးအား ၀ဲပါးတွင်ပြတ်ရှဒဏ်ရာ(၁)ချက်နှင့် ၀မ်းဗိုက်တွင်
ထိုးသွင်းဒဏ်ရာ(၃)ချက်တို့ရရှိကာသေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်း (ပ)၈၉၇/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် ကာ စုံစမ်းဖော်

ထုတ်လျက်ရှိပါသည်။

အမှုမှ သေဆုံးသူအမျိုးသားမှာ အသက်(၃၀)နှစ်ခန့်၊အသားညို၊ ခန္ဓာကိုယ်ပိန်၊ အရပ်(၅)ပေ (၆)လက်မခန့်ရှိသူဖြစ်ပြီး ကိုယ်ပေါ်တွင်အပွင့်များပါသည့် ရှပ်အင်္ကျီိအဖြူ ၊TEN တံဆိပ် နီညိုရောင် မိုးကာအင်္ကျီနှင့် အပြာရောင်ကွက်စိပ်ပုဆိုး

တို့ကိုဝတ်ဆင်ထားပါသည်။

အမှုအား ရဲတပ်ဖွဲ့မှစုံစမ်းဖော်ထုတ်လျက်ရှိရာတွင် မိဘပြည်သူများမှလည်းသေဆုံးသူ အမျိုးသားမှာ မည်

သူဖြစ်ကြောင်းနှင့်၎င်း၏အချက်အလက်များအားသိရှိပါကအောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ် သတင်းပေးခြင်းဖြင့် ပူးပေါင်းကူညီနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်-

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၂၃၀၇၄၇
ရဲမှူး (မှုခင်း)၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၀၉ ၈၆၀၂၃၆၃
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၆၄၅၈၂၃
လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၆၄၅၀၁၅
လှိုင်သာယာမြို့မရဲစခန်း - ၀၁ ၆၄၅၀၁၆

Yangon Police , 
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment