Pages

Thursday, June 26, 2014

ပြည်ပဘဏ်များကို စက်တင်ဘာလအတွင်း ခွင့်ပြုမည်

RangonNewsDaily:: June . 25 .2014
 ပြည်တွင်းဘဏ်များ၏ အကျိုးစီးပွားမထိခိုက်စေရန် အစီအမံများဖြင့် ပြည်ပဘဏ်ငါးခုမှ ဆယ်ခုအထိကို ယခုနှစ် စက်တင်ဘာလအတွင်းခွင့်ပြုသွားမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးဆက်အောင်က ပြောသည်။ 
ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးကော်မတီ၏ တင်ပြချက်အရ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လွှတ်တော်သို့လာရောက်ရှင်းလင်းရန် ခေါ်ယူ၍ ရှင်းပြခဲ့ခြင်းဖြစ်သည်။

ဦးဆက်အောင်က ပြည်ပဘဏ်များ ရွေးချယ်ရေးကို စိတ်ဝင်စားမှုအဆင့်(Expectation of interest)၊ လျှောက်လွှာတင်သည့် အဆင့်နှင့် ရွေးချယ်ရေးအဆင့်ဟူ၍ခွဲခြားကာစိစစ်နေပြီး နိုင်ငံတော်၊ ပြည်တွင်းဘဏ်များနှင့် ပြည်တွင်းလုပ်ငန်းရှင်များ၏ အကျိုးစီးပွားပေါ်မူတည်ကာ ရွေးချယ်မည်ဟု ဆိုသည်။

သို့ရာတွင် ပြည်တွင်းဘဏ်များ မထိခိုက်စေရန် ပြည်ပဘဏ်များအား တစ်နိုင်ငံလုံးတွင် ဘဏ်ခွဲတစ်ခု ဖွင့်ခွင့်ပြုသော်လည်း ပြည်တွင်းဘဏ်များအား အကန့်အသတ်မရှိဖွင့်ခွင့်ပြုခြင်း၊ လက်လီ(Retail Banking)ဘဏ်စနစ်အား ခွင့်မပြုခြင်း၊ လက်ကား(Wholesale Banking) ဘဏ်စနစ်အား ပြည်ပကုမ္ပဏီများနှင့် ပြည်တွင်းဘဏ်များနှင့်သာလုပ်ဆောင်ရခြင်း စသည့်အချက်များဖြင့် ကန့်သတ်ထားမည်ဟု ၎င်းက ပြောသည်။

Mizzima - News , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment