Pages

Thursday, June 26, 2014

အီရန်ကို အနိုင်ကစားပြီး ကမ္ဘာ့ဖလားပထမဆုံးနိုင်ပွဲကို ဘော့စနီးယားရယူ

ဘော့စနီးယားတိုက်စစ်မှူးဇီကို ဂိုးသွင်းပြီးအောင်ပွဲခံနေစဉ်(Photo: AFP)
RangonNewsDaily:: June . 26 .2014
ကမ္ဘာ့ဖလားအုပ်စု(F)မှ နောက်တစ်ဆင့်တက်ရန်မျှော်လင့်ချက်မရှိတော့သည် နှစ်သင်းယှဉ်ပြိုင်ကစားခဲ့ရာ ဘော့စနီးယားက အီရန်အသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။
ယခုကမ္ဘာ့ဖလားတွင်မှ ပထမဆုံးယှဉ်ပြိုင်ခွင့်ရခဲ့သည့် ဥရောပဇုန်မှ ဘော့စနီးယားအသင်းသည် မျှော်လင့်ချက်မရှိတော့သော်လည်း ကမ္ဘာ့ဖလား ပထမဆုံးနိုင်ပွဲရရှိရန် အာရုံစူးစိုက်မှုအပြည့်ဖြင့်ကစားသွားခဲ့သည်။ အီရန်အသင်းမှာ နိုက်ဂျီးရီးယား၊ အာဂျင်တီးနားတို့နှင့် ကစားခဲ့သည့်ခံစစ်စွမ်း ဆောင်ရည်မျိုးကို ယခုပွဲတွင် ပြသနိုင်ခြင်းမရှိခဲ့ပေ။

ဘော့စနီးယားအသင်းအတွက် ဂိုးများကို ဇီကို၊ ပယာနစ်တို့က ပွဲချိန်(၂၃၊ ၅၉) မိနစ်တို့တွင်သွင်းယူခဲ့ပြီး အီရန်အသင်းမှဂိုချန်နီဟတ်က(၈၂)မိနစ်တွင် ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။ အီရန်ချေပဂိုးရပြီး တစ်မိနစ်အကြာတွင်ပင် ဘော့စနီး ယားမှ ဗာဆာဂျီဗီ၏သွင်းဂိုးကို ပြန်လည်ခွင့်ပြုပေးခဲ့ရသည်။

ပွဲရလဒ်
ဘော့စနီးယား ၃-၁ အီရန်

EMG , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time