Pages

Thursday, June 26, 2014

ဆေးကုသခွင့် လိုင်စင်(ဆမ) လက်မှတ် စတင် ထုတ်ပေးတော့မည်

RangonNewsDaily:: June . 26 .2014
ဆရာဝန်မှတ်ပုံတင်နဲ့ ဆေးကုသခွင့် လိုင်စင်များကို မြန်မာနိုင်ငံ ဆေးကောင်စီကနေ လာမယ့် လဆန်းမှာ စတင်ထုတ်ပေးမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များကနေ (၂၀၁၄)ခုနှစ် အတွင်း M.B,B.S ဘွဲ့ရပြီးသူ ဆရာဝန်များကို ဆရာဝန်မှတ်ပုံတင်နဲ့ ဆေးကုသခွင့်လိုင်စင် (ဆမ) လက်မှတ် လျှောက်လွှာများကို မြန်မာနိုင်ငံ ဆေးကောင်စီက ခေါ်ယူပြီး ဖြစ်ပါတယ်။
ဆေးကုသခွင့်လိုင်စင် (ဆမ)လက်မှတ်များကို လျှောက်ထားသူတို့ရဲ့ အမည်ပထမစာလုံး အင်္ဂလိပ်အက္ခရာ အစဉ်အတိုင်း စီစဉ်ထားတဲ့ အတွက် သတ်မှတ်ထားတဲ့ နေ့ရက်မှာ လာရောက် ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။

သတ်မှတ်ထားတဲ့ နေ့တွေကတော့ ဇူလိုင်(၇)ရက်မှာ A,B,E ဇူလိုင်(၈)ရက်မှာ C,D,F,H ဇူလိုင်(၉)ရက်မှာ K ဇူလိုင်(၁၀)ရက်မှာ I,J,L,N ဇူလိုင်(၁၄)ရက်မှာ M,O ဇူလိုင်(၁၅)ရက်မှာ P,Z ဇူလိုင်(၁၆)ရက်မှာ S ဇူလိုင်(၁၇)ရက်မှာ T နဲ့ဇူလိုင်(၁၈)ရက်မှာ U,W,Y တို့ဖြစ်ပါတယ်လို့ သိရပါတယ်။

 ဆေးကုသခွင့် လိုင်စင် လာရောက် ထုတ်ယူရာမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းတင်ပြမှသာ ထုတ်ယူခွင့်ပြုမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ နေ့ရက်အတွင်း လာရောက် မထုတ်ယူနိုင်သူများကို ဇူလိုင်(၁၈)ရက် နောက်ပိုင်းမှသာ ပြန်လည် ထုတ်ပေးမယ်လို့ သိရပါတယ်။ 

အဲဒီအချက်အလက်တွေ ပြည့်စုံစွာ တင်ပြနိုင်သူ ဆရာဝန်ဘွဲ့ရတွေ အတွက် ဆေးကုသခွင့် လိုင်စင်ကို မြန်မာနိုင်ငံ ဆေးကောင်စီ ရုံးအမှတ်၁၂၃၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်မှာ နေ့စဉ် မနက်(၁၀)နာရီကနေ ညနေ(၃)နာရီအတွင်း သက်ဆိုင်ရာ ဆရာဝန် ကိုယ်တိုင် လာရောက် ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။

 ပြည်ပနိုင်ငံများကနေ ဆေးပညာဘွဲ့ M.B,B.S နဲ့ အလားတူ ဘွဲ့ရရှိပြီးသူ မြန်မာနိုင်ငံသား ဆရာဝန်များကတော့ ဆေးကု
သခွင့် လိုင်စင်ထုတ်ယူဖို့ အရည်အချင်းစစ် စာမေးပွဲဖြေဆိုရမှာ ဖြစ်ပါတယ်။ 

စာမေးပွဲဖြေဆိုခွင့် လျှောက်ထားလိုသူများက မြန်မာနိုင်ငံ ဆေးကောင်စီမှာ ဇူလိုင်(၂၅)ရက် နောက်ဆုံးထားပြီး လျှောက်
ထားရမယ်လို့ သိရပါတယ်။ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ ဆေးကောင်စီမှာ ရုံးချိန်အတွင်း စုံစမ်းနိုင်တယ်လို့ သတင်းရရှိပါသည်။

skynet , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment