Pages

Thursday, June 26, 2014

အုပ်စုပထမနေရာအတွက် နိုက်ဂျီးရီးယားကို အာဂျင်တီးနားအနိုင်ကစား

အာဂျင်တီးနားအတွက် ဒုတိယမြောက်ဂိုးကို ဖရီးကစ်မှတစ်ဆင့် မက်ဆီသွင်းယူနေစဉ် (Photo:AFP)
RangonNewsDaily:: June . 26 .2014
ကမ္ဘာ့ဖလားအုပ်စု(F)မှ အာဂျင်တီးနားနှင့် နိုက်ဂျီးရီးယားတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အာဂျင်တီးနားက နိုက်ဂျီးရီးယားကို (၃-၂)ဂိုးဖြင့်အနိုင်ရခဲ့သည်။
နိုက်ဂျီးရီးယားကို ရှုံးနိမ့်ပါက အုပ်စုဒုတိယနေရာရောက်သွားနိုင်သည့် အာဂျင် တီးနားသည် မက်ဆီ၊ အဂူရို၊ ဟီဂူအင်၊ ဒီမာရီယာ စသည့် အဓိကကစားသမား အစုံအလင်ဖြင့်ပွဲထွက်လာခဲ့သည်။ အပြန်အလှန်သွင်းဂိုးများဖြင့် ကြည့်ကောင်း သည့်ပွဲတစ်ပွဲဖြစ်ခဲ့ပြီး အာဂျင်တီးနားက နိုင်ပွဲရကာ အုပ်စုပထမနေရာကို ရယူ သွားခဲ့သည်။ ရှုံးနိမ့်ခဲ့သည့် နိုက်ဂျီးရီး
ယားအသင်းမှာလည်း အုပ်စုဒုတိယဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

အာဂျင်တီးနားအကျော်အမော်တိုက်စစ်မှူး မက်ဆီက ပွဲချိန် (၃၊ ၄၅)မိနစ်တို့တွင် နှစ်ကြိမ်တိုင်ဦးဆောင်ဂိုးသွင်း
ယူနိုင်
ခဲ့သော်လည်း နိုက်ဂျီးရီးယား ကွင်းလယ်လူမူဆာက (၄၊ ၄၇)မိနစ်တို့တွင် ချေပဂိုးများပြန်လည်သွင်းယူခဲ့ သည်။ 

အာဂျင်တီးနားအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန်မိနစ်(၅၀)တွင် နောက်ခံလူ ရိုဂျိုက သွင်းယူပေးခဲ့သည်။

ပွဲရလဒ်
နိုက်ဂျီးရီးယား ၂-၃ အာဂျင်တီးနား

EMG , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment