Pages

Thursday, June 26, 2014

၂၀၁၃ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို ရုပ်ရှင်အစည်းအရုံးမှ ပထမဆုံး တာဝန်ယူပေးအပ်ချီးမြှင့်သွားမယ်


RangonNewsDaily:: June . 25 .2014
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးအပ်ချီးမြှင့်ခြင်းကို ၁၉၅၂ခုနှစ်မှ စတင်ပေးအပ်ခဲ့ရာက ပြန်ကြားရေးဝန်ကြီးဌာန မှတာဝန်ယူပေးအပ်ချီုးမြှင့်ခဲ့တာဖြစ်ပြီး ၂၀၁၂ခုနှစ်ထိပေးအပ်ခဲ့ပြီးဖြစ်ရာ ၂၀၁၃ခုနှစ်မှစတင်ကာ ရုပ်ရှင်အစည်းအရုံးကနေ တာဝန်ယူပေးအပ်မှာ ဖြစ်တာကြာင့် အကယ်ဒမီနဲ့ ပတ်သက်ပြီး စီစဉ်ဆောင်ရွက်ဖြစ်ပုံတွေကို မေးဖြစ်ခဲ့တဲ့အခါ “၂၀၁၃ခုနှစ်အတွက် ရွေးချယ်မယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီရွေးချယ်ရေး ပထမအဆင့်မှာ ဝါရင့်အနုပညာရှင် အများအပြားပါဝင်ဖို့ စီစဉ်နေပါတယ်။
ရွေးချယ်စီစစ်ရေး ပထမအဆင့်ကို ဇူလိုင်လဆန်းမှာ စတင်စီစစ်မှာဖြစ်ပြီး ပါဝင်မယ့် အဖွဲ့များ စာရင်းကို ဇွန်လကုန်ပိုင်းမှာ ထုတ်ပြန်ကြေညာသွားမှာပါ။ ၂၀၁၃ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ခြင်းကို ရုပ်ရှင်အစည်းအရုံးက တာဝန်ယူပေးအပ်ခွင့်ရရှိမှာဖြစ်ပြီးတော့ ယခုနှစ်မှာ အကယ်ဒမီ ရွေးချယ်စီစစ်ရေး အဆင့်နှစ်ဆင့်နဲ့ ရွေးချယ်မှာဖြစ်ပါတယ်။

အကယ်ဒမီ ရွေးချယ်စီစစ်ရေး ပထမအဆင့်အတွက် လူစာရင်းတွေ လျာထားညှိုနှိုင်းနေတယ်။ ဝါရင့် အနုပညာရှင်တွေ အများအပြား ပါဝင်နိုင်အောင်လည်း ဆောင်ရွက်နေပါတယ်။ အဆင့်နှစ်ဆင့်နဲ့ ရွေးချယ် စီစစ်သွားမှာပါ။ ရွေးချယ်ထားတဲ့ လူစာရင်းကို မကြာခင် ထုတ်ပြန်ကြေညာပေးသွားပါမယ်။ ဇူလိုင်လဆန်းမှာ စတင်စီစစ်သွားမှာပါ။ 

ပထမအဆင့်က ရွေးချယ်ထားတဲ့ ဆန်ခါတင်စာရင်းကိုမှ ဒုတိယအဆင့်မှာ ထပ်မံရွေးချယ်သွားမှာပါ။ အကယ်ဒမီ ရွေးချယ်ရေး စံချိန်စံညွှန်းတွေကိုလည်း ရေးဆွဲထားပြီးသား ဖြစ်တာကြောင့် စံချိန်စံညွှန်းတွေ အတိုင်းပဲ ရွေးချယ်ဆုံးဖြတ်ကြမှာပါ” လို့ ရုပ်ရှင်အစည်းအရုံးမှ ဒုတိယဥက္ကဌ(၂)ဦးအေးကြူလေး ကရှင်းပြခဲ့ပါတယ်။

အကယ်ဒမီရွေးချယ်ရေး ပထမအဆင့်ဖွဲ့စည်းရာမှာ ရုပ်ရှင်၊ ဂီတ၊ စာပေအနုပညာရှင်များ ပါဝင် ဖွဲ့စည်းမှာ ဖြစ်ပြီးတော့ ၂၀၁၃ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား အားလုံးကို စီစစ် အကဲဖြတ် သွားမှာပါ။ 


၂၀၁၃ခုနှစ် အကယ်ဒမီအတွက် ရုပ်ရှင်ဇာတ်ကား ၁၅ကားရုံတင်ပြသထားပြီး ဒရာမာဇာတ်ကား ငါးကားနှင့် ဟာသဇာတ်ကား ၁၀ကား ပါဝင်ပါတယ်။

 ဒီဇာတ်ကားတွေကတော့ ဆယ့်နှစ်နာရီသတို့သား၊ စေတန်ရဲ့ကချေသည်၊ ဇာတ်လမ်းဟောင်းတွေရှိခဲ့ရင်၊ ပြုံးပြုံးပျော်ပျော် ထော်လော်ကန့်လန့်၊ ရက်စ်ဘော့စ်၊ နင်စေရင်၊ အမိုက်စား၊ ဟတ်ကော့၊ ကိုယ့်အထာနှင့်ကိုယ်၊ လူရွှင်တော်အိမ်မက်၊ အဖြူရောင်ရဲတိုက်၊ သေးသေးလေးပဲလားကြီးကြီးလား၊ အလန်းဇယား၂၊ စုန်းပြူး နဲ့ ကြယ်စင်မော်ကွန်း စတဲ့ ရုပ်ရှင်ဇာတ်ကားတွေပဲ ဖြစ်ကြပါတယ်။ 

Trend Myanmar , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment