Pages

Friday, June 20, 2014

နယူးဒေလီမြန်မာသံရုံးအရေးပေါ်လုံခြုံရေး မြန်မာအစိုးရတောင်းဆို

RangonNewsDaily:: June . 20 .2014
နယူးဒေလီ-အိန္ဒိယနိုင်ငံ နယူးဒေလီရှိ မြန်မာသံရုံးအားလုံခြုံရေးအရေးပေါ် ကာကွယ်ပေးရန်အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနသို့ မြန်မာအစိုးရက တောင်းဆိုလိုက်ကြောင်း နယူးဒေလီမှလာသည့်သတင်းအရ သိရသည်။
ဘာသာရေးလွတ်လပ်ခွင့် ပိတ်ပင်သည့်ဥပဒေကြမ်းအပေါ် ဆန္ဒပြမှုများကြောင့် သံရုံးလုံခြုံရေးအတွက် မြန်မာအစိုးရက တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ဆန္ဒပြသူများကို သံရုံးအနီး သွားလာခွင့်မပြုရန်နှင့် သံရုံးလုံ ခြုံရေးတိုးမြှင့်ပေးရန် ပြည်ထဲရေး ၀န်ကြီးဌာနက ဒေလီရဲဌာနကို ပြောကြားသည်။ ဆန္ဒပြသူ ဦးရေ ၁၀၀ မှ ၁၅၀ခန့်သည်သံရုံးအနီးတွင်စခန်းချဆန္ဒပြနေပြီး ၎င်းတို့အကြမ်းဖက်လာမည်ဆိုပါက လုံခြုံရေးအတွက် အင်အားမပြည့်စုံဟု မြန်မာအစိုးရကပြောဆိုခဲ့ကြောင်းတာဝန်ရှိသူအရာရှိက ပြောသည်။

မြန်မာအစိုးရသည် ဘာသာရေးကန့်သတ်သည့် ဥပဒေကြမ်း ကို မေလ ၂၇ရက်က တင်သွင်းခဲ့ ရာတွင် နိုင်ငံသားများ ဘာသာပြောင်းမည်ဆိုပါက တရားဝင်ခွင့်ပြုမိန့်တောင်းခံရမည်ဟု ဖော်ပြထားပြီး ယင်းသို့ ကူးပြောင်းမည့်သူသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်ပြောင်းခြင်းဟုတ်၊မဟုတ် အာဏာပိုင်များက ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟုသိရသည်။

ကိုးကား-India Times
7Day Daily , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment