Pages

Friday, June 20, 2014

မလေးရှားရှိ တရားမ၀င် မြန်မာလုပ်သားများအား ဇွန်လ ၂၅ ရက်မှစ၍ တရားဝင်ပါမစ်ထုတ်ပေးမည်ဟုဆို

RangonNewsDaily:: June . 20 .2014
မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်သော မြန်မာ နိုင်ငံသားများအား နှစ်နိုင်ငံအစိုးရ သဘောတူညီမှုဖြင့် တရား
ဝင်နေ ထိုင်ခွင့် ပါမစ်များကို ဇွန်လ ၂၅ ရက်တွင် ပြုလုပ်ပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။ဖေဖော်ဝါရီအတွင်း သ ဘောတူညီမှု ရရှိထားသည့် OSC ဟု အမည်တပ်ထားသော တရားမ၀င် နေထိုင်နေသည့် မြန်မာနိုင်ငံသာများအား ပါမစ် ပေးမည့် အစီအစဉ်ကို မလေးရှား နိုင်ငံမှ တရားဝင်လုပ်ဆောင်ခွင့်ရ ကုမ္ပဏီများက မြန်မာသံရုံးတွင် ပြုလုပ်ပေး
သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ဒီနှစ်ထဲမှာပဲ သဘောတူခဲ့ တာပါ။ တရားမ၀င်တွေကို တရားဝင်ဖြစ်အောင် လုပ်သွားမှာ ပါ။ ဒီလိုလုပ်ပေးမှ တရားမ၀င် နေထိုင်တဲ့ သူတွေလည်း အဆင် ပြေသွားမှာပါ’’ ဟု မလေးရှား နိုင်ငံ မြန်မာသံရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

နေထိုင်ခွင့် ပါမစ်ပြုလုပ်ပေး ရာတွင် တစ်နေရာတည်းအပြီး (One Stop Centers) စနစ်ဖြင့် ပြုလုပ်ပေးသွား
မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပါမစ်ပြုလုပ်ရာတွင် ဆောင် ရွက်ပုံအဆင့်ဆင့်၊ ဆောင်ရွက်ရ မည့် တရားဝင်သတ်မှတ်နေရာ များ၊ လိုအပ်သော စာရွက်

စာ တမ်းများ၊ တရားမ၀င် မြန်မာ နိုင်ငံသားများအတွက် လိုအပ် သော အချက်အလက်များ၊ ကုန် ကျစရိတ်များနှင့် လုပ်ငန်းစဉ်များ အားလုံးကို သက်ဆိုင်ရာမှ ထုတ် ပြန်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ပါမစ်လိုအပ်သော မြန်မာ နိုင်ငံသားအားလုံးသည် မိမိတို့ အ လုပ်ရှင်များနှင့် တိုင်ပင်ကာ ပါမစ်လျှောက်ထားရန် လိုအပ် ကြောင်း မလေးရှားနိုင်ငံ မြန်မာ သံရုံးက ထုတ်ပြန်ထားသည်။ အ လုပ်ရှင်ဘက်က ထောက်ခံမှု မရှိ သော ပါမစ်လျှောက်ထားလိုသူ များအတွက်မူ မြန်မာနိုင်ငံဘက် မှ တရားဝင်ဆောင်ရွက်ခွင့်ရ ကုမ္ပဏီ၏ အကူအညီဖြင့် ပါမစ် လျှောက်ထားရမည်ဖြစ်ပြီး မလေးအစိုးရက ခွင့်ပြုပါက ပါမစ်ပေး သွားမည်ဖြစ်ကြောင်း မြန်မာသံ ရုံးက ထုတ်ပြန်ထားသည်။

၂၀၁၃ ခုနှစ်အတွင်း မလေး ရှားနိုင်ငံတွင် နေထိုင်သော တရားမ၀င် မြန်မာနိုင်ငံသားများကို အင် အားသုံးဖမ်းဆီးရာ လူဦးရေ တစ် ထောင်ကျော် ဖမ်းဆီးခံရသည်။ ထိုသို့ ဖမ်းဆီးခံရမှုများကြောင့် မလေးရှားနိုင်ငံတွင် လုပ်ကိုင်နေ သော မြန်မာနိုင်ငံသားသုံးထောင် ကျော်ပြန်ရောက်လာခဲ့သည်။

ထိုဖြစ်စဉ်များ ဖြစ်ပွားပြီး နောက် ၂၀၁၃ ခုနှစ် အောက်တို ဘာတွင် ယခင် 6P စီမံချက်တွင် ဖမ်းဆီးခံရသော တရားမ၀င် မြန်မာများကို မလေးရှားလူဝင်မှု ကြီးကြပ်ရေးက ပါမစ်များထုတ် ပေးခဲ့သည်။ ထိုသို့ပြုလုပ်ပြီး နောက်ပိုင်းတွင်လည်း တရား မ၀င်နေထိုင်သူများကို ဖမ်းဆီးမှု များ ဆက်တိုက် ပြုလုပ်နေ သောကြောင့် မလေးရှားနိုင်ငံရှိ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ များက အလုပ်သမား လိုအပ်ချက် များကြောင့် ဖမ်းဆီးမှုများ ရပ် တန့်ပေးရန်အတွက် ဝေဖန်ရှုတ်ချ မှုများပြုလုပ်ခဲ့သည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment