Pages

Friday, June 20, 2014

Amazon အသစ်ဖြန့်ချီတော့မည့် ကင်မရာ (၅) ခုနဲ့ စမတ်ဖုန်း


RangonNewsDaily:: June . 20 .2014
မကြာသေးခင်ကမှ Amazon က ထုတ်ပြန်လိုက်တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Amazon Fire ဖုန်းလို့ခေါ်ပြီး ဂျူလိုင်လ ၂၅ရက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ အရှေ့ဘက်မှာ ရိုက်ကူးသူရဲ့ အနေအထားအမျိုးမျိုးကို ကျယ်ပြန့်စွာ ဖော်ပြနိင်တဲ့ ကင်မရာ ၅လုံးပါရှိပါတယ်။
အနောက်ဖက် ကင်မရာမှာ 13 Megapixel ရှိပြီး ကင်မရာတွေအားလုံးဟာ အနီအောက်ရောင်ခြည်တပ်ဆင်ပေးထား
တဲ့အတွက်အလင်းရောင်နည်းပါးတဲ့နေရာတွေမှာပါ အဆင်ပြေစွာ ရိုက်ကူးနိင်မှာ ဖြစ်ပါတယ်။

နောက်ထပ်ပါဝင်လာတာကတော့ 3D မျက်နှာပြင် Screen ဖြစ်ပါတယ်။ ၃ဖက်မြင် မြင်ကွင်းများကို မြင်ရမှာ ဖြစ်ပြီး ၀က်

ဒ်ပေ့ခ်ျတွေကို သုံးနေတဲ့အခါမှာလည်း အောက်ကို လက်ဖြင့် ဆွဲကာကြည့်ရူနိင်မည့်နေရာတွင်ဖုန်းကိုအနည်းငယ်စောင်း
ရုံနဲ့ အောက်ကို အော်တို ရောက်ရှိနိင်တဲ့ အစိတ်အပိုင်းတွေ ပါဝင်ထားပါတယ်။

 နောက်ထပ်အနေနဲ့ အွန်လိုင်းရှော့ပင်းဆိုဒ်မှ ထုတ်ထားတဲ့အတွက် ဈေးဝယ်ကဒ်တွေကိုလည်း built-in အနေနဲ့ ထည့်
သွင်းပေးထားပြီး Amazon ထုတ် ပစ္စည်း အဆက်အနွယ်တွေဖြစ်တဲ့ Amazon's Fire TV သို့လည်းကောင်း၊ X box နဲ့ အခြားPlay station တွေသို့လည်းကောင်းဖုန်းထဲမှာရှိတဲ့အချက်အလက်တွေကို ရွှေပြောင်းနိင်ပါသေးတယ်။ကုမ္ပဏီ
ရဲ့ Kindle Fire line ထဲမှာပါဝင်တဲ့အတွက် စာဖတ်ရူရာမှာ ဖုန်းရဲ့ အစိတ်အပိုင်းတွေကတစ်ဆင့် အသံဖြင့် နားဆင်နိင်
ပါသေးတယ်။ 

ဟုတ်ပါတယ်။ စာအုပ်ရဲ့ အော်ဒီယို ဗားရှင်းတွေကိုလည်း စကားပြောနေစဉ် ကားမောင်းနေစဉ်စတဲ့အချိန်တွေမှာ နား
ဆင်နိင်ပါတယ်။ သီချင်းတွေနားဆင်ရာမှာလည်း X-ray အစိတ်အပိုင်းပါဝင်တာမို့ နားဆင်နေတဲ့ သီချင်းတွေကို စာ
သားတွေပါ တစ်ခါတည်း ဖော်ပြပေးနိင်မယ်။ 

ဓာတ်ပုံများအတွက် Amazon cloudရဲ့ ၀န်ဆောင်မူထဲမှာ အကန့်အသတ်မရှိ အခမဲ့ ဓာတ်ပုံတွေကို သိမ်းဆည်းနိင်
မဲ့ ၀န်ဆောင်မူကိုလည်း ရရှိနိင်မှာ ဖြစ်ပါတယ်။

၎.၇ လက်မ မျက်နှာပြင်ရှိပြီး ၊ 2.2 GHz quad-core processor သုံးကာ ဂရပ်စ်ဖက် အတွက် Adreno 339processor

ကိုသုံးပါတယ်။ RAM 2GB ရှိပြီး Fire OS လို့ခေါ်တဲ့ Amazon ရဲ့ Android custom ဗားရှင်းကို သုံးထားပါတယ်။

ဂျူလိုင် ၂၅ ရက်နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပြီး US မှာဆိုရင်တော့ AT&T ဖုန်းစီစဉ်သူ ကုမ္ပဏီက သီးသန့်ရရှိမှာ ဖြစ်ပြီး 32GB နဲ့ 64 GB ဆိုပြီး ဗားရှင်းနှစ်မျိုးရရှိပါတယ်။ Amazon.com မှာ ၀ယ်မယ်ဆိုရင်တော့ ဒေါ်လာ ၆၄၉ ကျသင့်မှာ ဖြစ်ပါတယ်။

ရိုးရာလေး  , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment