Pages

Friday, June 20, 2014

ဗြိတိန်မော်ဒယ်တစ်ဦးအား စိတ်ဝင်စားနေကြောင်း ဂျနီဖာလိုပက်ဇ် ဝန်ခံ


RangonNewsDaily:: June . 20 .2014
အဆိုတော် ဂျနီဖာလိုပက်ဇ်သည် ဗြိတိန် အပျော်တမ်း မော်ဒယ်တစ်ဦးဖြစ်သူ ဒေးဗစ်ဂန်ဒီအား အနည်းငယ် စိတ်ဝင်စားမှု ရှိသည်ဟု မကြာသေးမီကပင် ဝန်ခံပြောကြား ခဲ့ကြောင်း Daily Mirror က ရေးသားဖော်ပြခဲ့သည်။
ဂျနီဖာသည် ကတ်စ်ပါစမတ်နှင့်နှစ်နှစ်တာပေါင်းသင်းပြီးနောက်လမ်းခွဲခဲ့သည်မှာ မကြာသေးပေ။ ၎င်းသည် ယခုတဖန်၎င်း၏ First Love အမည်ရှိ တေးအယ်လ်ဘမ်သစ်အား ဗွီဒီယို ရိုက်ကူးမှုတွင် ပါဝင်သရုပ်ဆောင်ထားသည့် ဗြိတိန်မော်ဒယ်ကို မျက်စိကျနေသည်ဟု ဝန်ခံလိုက်သည်။

အသက် ၄၄နှစ်ရှိ ယင်းအဆိုတော်တွင် ၎င်း၏ တတိယမြောက် ခင်ပွန်းဟောင်း မက်အန်ထိုနီနှင့် ရထားသည့် ခြောက်နှစ်အရွယ် အမွှာကလေး နှစ်ယောက်ရှိသည်။ ၎င်းသည် ကတ်စပါနှင့် လမ်းခွဲခဲ့ပြီးနောက် အလုပ်ထဲတွင်သာ စိတ်နှစ်ထားသော်လည်း ၎င်း၏ မိသားစုနှင့် မိတ်ဆွေများက ၎င်းကို စိတ်ဖြေဖျောက်မှု ရစေရန် ကူညီပေးလျက်ရှိကြသည်။

“ကျွန်မ အလုပ်တွေက ဆက်တိုက်ပဲ ရှုပ်နေတော့ အားလပ်ချိန်ရတာနဲ့ ကျွန်မကလေးတွေ မိသားစုတွေ အပေါင်းအသင်းတွေနဲ့ ပဲ အချိန်ဖြုန်းလေ့ ရှိပါတယ် ကျွန်မကိုယ်တိုင်က လွတ်လွတ်လပ်လပ် နေရတာကိုလည်း ကြိုက်ပါတယ်”ဟု ဂျနီဖာက ပြောကြားခဲ့သည်။

ဂျနီဖာသည် မည်သည့်ကိစ္စမဆို အဆုံးတွင် မှန်ကန်သော ဆုံးဖြတ်ချက်များကိုသာ အမြဲလို ချလေ့ရှိသည်ဟု မိမိကိုယ်ကို ယုံကြည်နေခြင်းကြောင့် ၎င်းဘဝတွင် ဝမ်းနည်းမှုဟူ၍ မရှိကြောင်း မကြာသေးမီကပင် ဝန်ခံပြောကြားခဲ့သည်။

Mizzima - News , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment