Pages

Friday, June 20, 2014

ဘာသာကူးပြောင်းခြင်း ဥပဒေကြမ်းအကြံပြုချက်များကို လက်ခံစိစစ်၍ ပြင်ဆင်ဖြည့်စွက်မည်

RangonNewsDaily:: June . 20 .2014
ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက် ၍ ရဟန်းရှင်လူများ ယခုလ ၂၀ ရက် နောက်ဆုံးထား၍ အကြံပြု ချက်များ ပေးပို့ရန် ကြေညာချက် များ ထုတ်ပြန်ခဲ့ရာ ပေးပို့လာသောအကြံပြုချက်များကို လက်ခံစိစစ်၍ ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုကဲ့သို့ အကြံပြုချက်များ ပြင်ဆင်ခြင်းအပါအဝင် မူလ ပြဋ္ဌာန်းချက်များ ပါဝင်သော ဥပဒေ ကြမ်းကို အပြီးသတ်ပြုစုရေးဆွဲမှု များ ပြုလုပ်မည်ဖြစ်ပြီး ယခုလ ၃၀ရက် နောက်ဆုံးထား၍ နိုင်ငံတော်သမ္မတထံသို့ ပေးပို့မည်ဖြစ်ကြောင်း ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘သမ္မတဆီမတင်မီ ၁၀ ရက် အတွင်း အကြံပြုချက်တွေကို လက်ခံဆွေးနွေး ပြင်ဆင်ဖြည့် စွက်ဖို့ ရှိပါတယ်။ အကြံပြုချက် တွေတော့ ရောက်ပါတယ်။ ဘယ် လောက်ဆိုတာတော့ သတ်မှတ် ချိန် မစေ့သေးတဲ့အတွက် ပြောလို့မရသေးပါဘူး’’ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ဖော်ပြပါဥပဒေကြမ်းနှစ်ရပ် ရေးဆွဲနိုင်ရေးအတွက် နိုင်ငံတော် သမ္မတရုံးက မတ်လ ၇ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းကာ ဥပဒေကြမ်း ရေးဆွဲ ဆောင်ရွက်စေခဲ့သည်။ ဥပဒေကြမ်းရေးဆွဲရာတွင် ဖွဲ့စည်း ပုံ အခြေခံဥပဒေနှင့် ညီညွတ်ရေး အပါအဝင် ကွဲပြားသောဘာသာ၊ အယူဝါဒများနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မထိခိုက်စေ ရန် အလေးထားသုံးသပ်ရေးဆွဲ ရန်လိုကြောင်း အမိန့်ကြော်ငြာစာ တွင် ဖော်ပြသည်။

ဖော်ပြပါ ဥပဒေကြမ်းအရ ဘာသာကူးပြောင်းလိုသူများ သည် ဘာသာတစ်ခုမှ တစ်ခုသို့ လွတ်လပ်စွာ ကူးပြောင်းနိုင်ပြီး ကူးပြောင်းလိုပါက မြို့နယ်အသီး သီးတွင် ဥပဒေအရ ဖွဲ့စည်း ဆောင်ရွက်မည့် စိစစ်မှတ်ပုံတင် ရေးအဖွဲ့၌ မှတ်ပုံတင်ကူးပြောင်းရမည်ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ထည့်သွင်းရေးသားထားသည်။

ထိုကဲ့သို့ ဘာသာကူးပြောင်း ခြင်းကို ဖော်ပြပါအဖွဲ့သို့ လျှောက်ထားရမည်ဖြစ်ပြီး အဖွဲ့က ဘာသာကူးပြောင်းလိုသူအား မိမိ၏ သဘောဆန္ဒနှင့်အညီ ကူးပြောင်းလိုခြင်း ဟုတ်၊ မဟုတ်၊ ခြိမ်းခြောက်ခြင်း၊ အနိုင်အထက်ပြုခြင်း စသည့် ကိစ္စရပ်တစ်ခုခုကြောင့် ဘာသာကူးပြောင်းရခြင်း ဟုတ်၊ မဟုတ်စသည့်အချက်များ မေးမြန်းစစ်ဆေးမည့်အပြင် ဘာသာကူးပြောင်းလိုသူများ စဉ်းစားသုံးသပ်နိုင်ရန် အချိန်ကာလတစ်ခုသတ်မှတ်ပေးမည်ဖြစ်သည်။

မှတ်ပုံတင်အဖွဲ့ စိစစ်ခွင့်ပြု ပါက ဘာသာကူးပြောင်းခြင်းဆိုင် ရာ သက်သေခံလက်မှတ် ထုတ် ပေးမည်ဖြစ်ပြီး ဘာသာကူးပြောင်း သူများအနေဖြင့် ထိမ်းမြားလက် ထပ်မှု၊ အမွေဆက်ခံမှု၊ ပစ္စည်းခွဲ ဝေမှုတို့နှင့် စပ်လျဉ်း၍ ကူးပြောင်း ခွင့်ရရှိသော ဘာသာ၏ ဥပဒေနှင့် ရရှိခံစားခွင့် ရရှိမည်ဖြစ်သည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment