Pages

Friday, June 20, 2014

ပြည်တွင်းဂျုံစိုက်ပျိုးမှုနည်းလာသောကြောင့် အိန္ဒိယမှ ဂျုံမှုန့်များ မှာယူတင်သွင်းနေရ

RangonNewsDaily:: June . 20 .2014
 ပြည်တွင်းဂျုံစိုက်ပျိုး တောင်သူများဂျုံစိုက်ပျိုးမှုနည်းပါး လာခြင်းကြောင့် ဂျုံအထွက်နည်းပြီး ဈေးကွက်တွင် ဂျုံမှုန့်လုံလောက်စေရန် အိန္ဒိယမှ ဂျုံမှုန့်များကို တမူးနယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် မှာယူတင် သွင်းနေရကြောင်း မုံရွာစက်မှုဇုန်မှ ခေါက်ဆွဲ၊ ဂျုံလုပ်ငန်းရှင်များကပြော သည်။

မုံရွာစက်မှုဇုန်စီမံခန့်ခွဲရေးကော် မတီရုံး အထွေထွေအတွင်းရေးမှူး ဦးအောင်ကျော်စိုးက ''ခေါက်ဆွဲစက် တွေကတော့ ဂျုံကို အမှုန့်အတိုင်းရ ချင်ကြတယ်။ ပြည်တွင်းဂျုံဆန်ဈေး မကောင်းတာ ကြာပြီ။ တောင်သူတွေ ကလဲ ဂျုံမစိုက်တာ နှစ်နှစ်လောက်ရှိ ပြီ''ဟု ပြောသည်။

မြန်မာပြည်အတွင်း ဂျုံစိုက်အ များဆုံးနှင့် ဂျုံထွက်အကောင်းဆုးံမှာ မုံရွာမြို့အနီးတစ်ဝိုက်ရှိ ဘုတလင်၊ ချောင်းဦး၊ ပုလဲ၊ ယင်းမာ ပင်မြို့နယ် တို့မှဖြစ်ပြီး ယခုအခါ ၎င်းဒေသများ ရှိတောင်သူများသည် ဈေးကောင်းရ သောကုလားပဲနှင့် ဖရဲသီးတို့ ကိုပြောင်း လဲစိုက်ပျိုးလာခြင်းကြောင့် ပြည်တွင်း ဂျုံဆန်အထွက်နှုန်းလျော့ကျလာခြင်း ဖြစ်ကြောင်း သိရသည်။

မုံရွာစက်မှုဇုန် ခေါက်ဆွဲ ဂျုံလုပ် ငန်းစုဥက္ကဋ္ဌ ဦးဇော်ဝင်းအောင်က ''စက်မှုဇုန်မှာ ခေါက်ဆွဲစက်၂၅စက်ရှိ တယ်။ အိန္ဒိယဂျုံက အမြဲမသုံးရဘူး။ သူက အရည်အသွေး သိပ်မမီဘူး၊ အကူအနေနဲ့ပဲသုံးတယ်။ မုံရွာဂျုံကိုပဲ သုံးတာများတယ်။ မြန်မာဂျုံနဲ့ ရော သုံးရတယ်။ ပြည်တွင်းဂျုံစိုက်သူ နည်းနေတာ အိန္ဒိယကဝင်နေလို့သာ ဈေးသက်သက်သာသာနဲ့ ရနေတာ ပါ။ ဒါပေမဲ့ အိန္ဒိယက ဂျုံစေ့တင် သွင်းရင် င်္ီဗ အသိအမှတ်ပြုတံဆိပ် ပါတယ်။ အမှုန့်ကျ မပါဘူး''ဟု ပြော သည်။

Democracytoday , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment