Pages

Friday, June 20, 2014

အိမ်၊ ခြံ၊ မြေ၊ ဆိုင်၊ ဂိုဒေါင် ငှားရမ်းထားသူများကို စာရင်းကောက်ယူကာ အခွန်စည်းကြပ်မည်

RangonNewsDaily:: June . 20 .2014
အခွန်ရုံးသို့ဆက်သွယ်ခြင်းမရှိသည့် အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်၊ စက်ရုံ၊ အဆောက်အုံ၊ ငှားရမ်းခြင်းဖြင့် ၀င်ငွေရသူများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးများထံမှ စာရင်းကောက်ယူကာ ပြည်တွင်းအခွန်များ ဦးစီးဌာနက အခွန်စည်းကြပ်သွား
ည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်၊ စက်ရုံ၊ အဆောက်အအုံငှားရမ်းခြင်းဖြင့်ရရှိသည့် ၀င်ငွေများသည် အခွန်ဥပဒေ အရ အခွန်
စည်းကြပ်မည့် ၀င်ငွေအမျိုးအစားဖြစ်သည့် အတွက် ယင်းလုပ်ငန်းများဖြင့် ၀င်ငွေရရှိသူများ သည် ငှားရမ်းသည့်
အဆောက်အအုံ၊ မြေတည်ရှိရာ လိပ်စာ၊ ပိုင်ရှင်၊ နေရပ်၊ တယ်လီဖုန်း၊ ငှားရမ်းသူ အမည်၊ ကာလ၊ တစ်နှစ်ငှားရမ်းခစ
သည့်သတင်းအချက်အလက်များကို သက်ဆိုင်ရာမြို့နယ်အခွန် ဦးစီး ဌာနများသို့ ပေးပို့ထားကြရန် နှိုးဆော်ထားသည်။

အခွန်ရုံးသို့ ဆက်သွယ်ခြင်းမရှိသည့် အိမ်၊ ခြံ၊ မြေ၊ ဆိုင်၊ ဂိုဒေါင်၊ စက်ရုံ၊ အဆောက်အအုံ၊ ငှားရမ်းခြင်း ဖြင့် ၀င်ငွေရရှိသူ

များကိုစိစစ်နိုင်ရန် ရန်ကုန်တိုင်း အစိုးရ ထံတင်ပြသွားမည်ဖြစ်ပြီး ခရိုင်၊ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံမှ စာ
ရင်းကောက်သွားမည်ဖြစ်သည်။

စာရင်းကောက်ခံရရှိသည့် အခွန်ရုံးသို့ ဆက်သွယ်ခြင်းမရှိသူများကို ပြည်တွင်း အခွန်များဦးစီးဌာနက ကွင်း ဆင်းစစ်ဆေး

သွားမည်ဟု ဆိုသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က “ ကိုယ့်ဝင်ငွေက သိန်း၂၀ မကျော်လည်း အခွန်ရုံး ကိုဆက်သွယ်

ရမယ်။မကျော်ဘူးဆိုပြီး မဆက် သွယ်လို့တော့မရဘူး။ အဓိက အခွန်ရုံးကို ဆက်သွယ် သတင်းပို့ရမှာပါ။ သိန်း၂၀ မကျော်
ရင် သုညရာခိုင်နှုန်းသက်သာခွင့်ပေးထားတာပဲ ” ဟုပြောသည်။

ယခုကာလများသည် အသိပေးသည့် ကာလဖြစ်ပြီး အခွန်ရုံးသို့ဆက်သွယ်ဆောင် ရွက်ခြင်းမရှိသည့် အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်၊ စက်ရုံ၊ အဆောက်အုံငှားရမ်းခြင်းဖြင့် ၀င်ငွေ ရရှိသူများကို သြဂုတ်မှ စတင်ကာ စိစစ် သွားမည်ဖြစ်သည်။

အိမ်ခြံမြေငှားရမ်းခနှုန်းထားများ ဈေး ကြီးမြင့်လျက်ရှိသည့် ရန်ကုန်မြို့၏ အိမ်ခြံမြေငှားရမ်းမှု ၈၀ ရာခိုင် နှုန်းသည် အခွန် ထမ်းဆောင်မှုနည်းပါးလျက်ရှိပြီး သက်ဆိုင် ရာအုပ်ချုပ်ရေးမှူးရုံး၊ ရဲတပ်ဖွဲ့၊ စည်ပင်သာ ယာရေးအဖွဲ့နှင့် အခွန်ရုံးတို့က ပူးပေါင်းစစ်ဆေးသွားမည်။ နိုင်ငံခြားငွေဖြင့် ငှားရမ်းထားသည့် အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်၊ စက်ရုံ၊ အဆောက်အုံများ

ကိုလည်း ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲနှုန်းဖြင့် တွက်ချက်ကာ အခွန်ကောက်သွားမည် ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ပထမဆုံးပြဋ္ဌာန်းထားသည့် ပြည်ထောင်စု အခွန်အကောက်ဆိုင်ရာ ဥပဒေတွင် ၀င်ငွေ

ခွန်ကို သတ်မှတ်ထားသော ခံစားခွင့်များ ခုနှိမ်ပြီးနောက် ကျန်ဝင်ငွေအပေါ်တွင် တစ် ကျပ်မှ သိန်း၂၀ အထိကို သုည ရာခိုင်နှုန်း၊ သိန်း ၂၀ မှ သိန်း ၅၀ အထိကို ၅ ရာခိုင်နှုန်း၊ သိန်း ၅၀ မှ သိန်း ၁၀၀ အထိကို ၁၀ ရာခိုင်နှုန်း၊ သိန်း၁၀၀ မှ သိန်း ၂၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ သိန်း ၂၀၀ မှ သိန်း ၃၀၀ အထိကို ၂၀ ရာခိုင် နှုန်း၊ သိန်း၃၀၀ အထက်ကို ၂၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဟုပြဋ္ဌာန်းထားသည်။

Mizzima - News , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment