Pages

Friday, June 20, 2014

ရှာရာပိုဗာ ထုတ်လုပ်သည့် AVON ရေမွှေး စရောင်းချိန်မှာပင် စံချိန်တင် ရောင်းရ


RangonNewsDaily:: June . 20 .2014
ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပဲ၌ ဗိုလ်စွဲခဲ့ပြီး နောက်ပိုင်း ရှာရာပိုဗာ သည် ရေမွှေး ထုတ်လုပ်သည့် လုပ်ငန်းကို အာရုံစိုက် ခဲ့ရာ ဇွန်လ ၁၅ ရက်တွင် ၄င်းကိုယ်တိုင် ထုတ်လုပ်ခဲ့သည့် AVON ရေမွှေးကို ကမ္ဘာတစ်ဝန်းသို့ စတင် ရောင်းချခဲ့ရာ စံချိန်တင် ရောင်းချရမှု ဖြစ်ပေါ် ခဲ့ကြောင်း ဗြိတိန် အားကစား မီဒီယာ များ၏ ဖော်ပြချက် အရ သိရသည်။
" ကျွန်မ ကိုယ်တိုင်လဲ ရေမွှေးကို အလွန် ကြိုက်ပါတယ် ၊ ကျွန်မ ပရိသတ် တွေကိုလဲ ရေမွှေးကောင်းကောင်း သုံးစေချင် ပါတယ် ၊ ကျွန်မ ဘ၀မှာ တင်းနစ် အားကစား ပြီးရင် ရေမွှေး ထုတ်လုပ်တဲ့ လုပ်ငန်းကို စိတ်အ၀င်စားဆုံး ပါပဲ ၊ ကျွန်မရဲ့ AVON ရေမွှေးကို သုံးကြပါလို့ ပြောချင် ပါတယ် .... " ဟု ရှာရာပိုဗာ က ဗြိတိန် အားကစား မီဒီယာ များကို ပြောကြား
ခဲ့သည်။

ရှာရာပိုဗာ က လက်ရှိ အချိန်တွင် ရေမွှေး ထုတ်လုပ်သည့် လုပ်ငန်းအပြင် သကြားလုံး ထုတ်လုပ် ရောင်းချသည့် လုပ်ငန်း

ကိုလည်း လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

ရှာရာပိုဗာ သည် ရေမွှေး ထုတ်လုပ် ရောင်းချသည့် လုပ်ငန်းမှ နှစ်စဉ် ဒေါ်လာသန်းချီ ရရှိမည် ဖြစ်ကြောင်းလည်း သိရ

သည်။ ရှာရာပိုဗာ ၏ AVON ရေမွှေးသည် အမျိုးသမီးများ အတွက်သာ အဓိကထား ထုတ်လုပ် ရောင်းချခြင်း ဖြစ်ကြောင်း သိရှိရသည်။

PyiChitThar , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment