Pages

Friday, June 20, 2014

အမေရိကန်နှင့် ပူးတွဲ စစ်ရေး လေ့ကျင့် ခန်းများ ပြုလုပ်ရေး အိန္ဒိယ အသင့် ပြင်ဆင် လျက်ရှိ


RangonNewsDaily:: June . 20 .2014
အိန္ဒိယနိုင်ငံသည် ဝန်ကြီးချုပ်မိုဒီ အာဏာရရှိပြီးနောက် ပထမဆုံး အကြိမ်အဖြစ် ဥတ္တရာခန်း ပြည်နယ်တွင် ပြုလုပ်မည့် Yudh Abhyas အကြမ်းဖက်တိုက်ဖျက်မှု စစ်ရေးလေ့ကျင့်ခန်းနှင့် ပစိဖိတ်သမုဒ္ဒရာတွင် ပြုလုပ် မည့် Malabar ရေတပ် စစ်ရေးလေ့ကျင့်ခန်းများ အပါအဝင် အမေရိကန်နှင့် ပူးတွဲပြုလုပ်မည့် စစ်ရေး လေ့ကျင့်ခန်းများ အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် Rajput အတန်းအစား ဖျက်သင်္ဘော တစ်စင်းနှင့် Shivalik အတန်းအစား ဖရီးဂိတ် စစ်သင်္ဘောတစ်စင်း အပါအဝင် စစ်သင်္ဘော လေးစင်းအား ဇွန်လနှောင်းပိုင်း၌ ခရီးဝေးပြည်ပတွင် ဖြန့်ကြက်ချထားရန် စေလွှတ် သွားမည်ဖြစ်ကြောင်း၊

ပထမဦးစွာ အဆိုပါ စစ်သင်္ဘောများသည် ရုရှားနိုင်ငံနှင့် ပူးတွဲပြုလုပ်မည့် Indra စစ်ရေး လေ့ကျင့်ခန်းအတွက် ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ် ကမ်းလွန်သို့ သွားရောက်မည် ဖြစ်ကြောင်း၊ ထို့နောက် အမေရိကန်နှင့် ပူးတွဲပြုလုပ်မည့် Malabar စစ်ရေး လေ့ကျင့်ခန်းအတွက် ဇူလိုင် လကုန်ပိုင်းတွင် မြောက်ပစိဖိတ်သို့ ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Malabar စစ်ရေး လေ့ကျင့်ခန်းတွင် အိန္ဒိယနှင့် အမေရိကန် နိုင်ငံတို့အပြင် ဂျပန် နိုင်ငံကလည်း ပါဝင်လေ့ကျင့်မည် ဖြစ်ကြောင်း၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အနေဖြင့် ဇန်နဝါရီလ အတွင်း၌ အိန္ဒိယ နိုင်ငံသို့ လာရောက် လည်ပတ်စဉ် အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် ပါဝင်လေ့ကျင့်ရေး အိန္ဒိယကဂျပန်နိုင်ငံ ကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 


ထို့အပြင် အိန္ဒိယနှင့် အမေရိကန်နိုင်ငံတို့ အနေဖြင့် Yadh Abhyas စစ်ရေး လေ့ကျင့်ခန်းကို စက်တင်ဘာ ၁၇ ရက်မှ ၃ဝ ရက်အထိ ဥတ္တရာခန်း ပြည်နယ်တွင် ပြုလုပ် သွားမည်ဖြစ်ကြောင်းနှင့် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း နှစ်နိုင်ငံ တပ်မတော်အကြား စစ်ရေးလေ့ကျင့် ခန်းပေါင်း ၇ဝ ကျော် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြ၀တီ , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment