Pages

Friday, June 20, 2014

သာသနာမျိုးမစောင့် အမျိုးသမီးသာစောင့်မည့်အဖွဲ့

RangonNewsDaily:: June . 20 .2014
မဘသ တစ်နှစ်ပြည့် အစည်းအဝေးတွင် သန္တိသုခအရေး ဆွေးနွေးမည် မဟုတ်
တစ်နှစ်ပြည့် ဗဟိုအစည်းအဝေးတွင် မျိုးစောင့်ဥပဒေအကြောင်းသာ အဓိက ဆွေးနွေးမည်ဖြစ်ပြီး သံဃာငါးပါးအား လူဝတ်လဲပြီး အင်းစိန်ထောင်ထဲထည့်ခံထားသည့် မဟာသန္တိသုခကျောင်းတိုက်အရေး ဆွေးနွေးမည်မဟုတ်ဟု အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)၏ ဗဟိုကော်မတီဆရာတော် ဒေါက်တာသောပါက က ဇွန်လ ၁၈ ရက်တွင် မိန့်သည်။
မဘသ တစ်နှစ်ပြည့်အစည်းအဝေးကို ဇွန်လ ၂၁ နှင့် ၂၂ ရက်တို့တွင် ရန်ကုန်မြို့ရှိ အောင်ဆန်းတပ်ဦး ကျောင်းတိုက်
တွင် ကျင်းပမည်ဖြစ်သည်။ သံဃာတော်များ ဦးဆောင်နေသည့် မဘသအဖွဲ့မှာ ဗုဒ္ဓဘာသာ အမျိုးသားရေး ဦးဆောင်
လှုပ်ရှား နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

“အဓိကက မျိုးစောင့်ဥပဒေနဲ့ပတ်သက်တဲ့ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေ အဓိက ဆွေးနွေးမှာပါ။ သန္တိသုခကိစ္စကိုတော့ ဆွေးနွေးဖို့မရှိပါဘူး”ဟု သာကီသွေးဂျာနယ်တာဝန်ခံလည်းဖြစ်သည့် ဒေါက်တာ သောပါ က ကမိန့်သည်။
::
ပြီးခဲ့သည့်နှစ် ဇွန်လ ၂၇ ရက်ကလည်း (မဘသ) အစည်းအဝေးကျင်းပခဲ့ဖူးပြီး သံဃာပေါင်း ၁,၅၀၀ ကျော် တက်ရောက်

ခဲ့သည်။

မဟာသန္တိသုခကျောင်းတိုက် အရေးကိစ္စအပေါ် မှတ်ချက်မပေးလိုသော်လည်း“ထင်သြာ
မင်သာရှိတဲ့ အချိန်တော့ ဖြစ်သင့်

တာပေါ့”ဟု ဒေါက်တာသောပါက ကမိန့်သည်။
::
အဆိုပါကျောင်းတိုက်ကို ဇွန် ၁၁ ရက် ညက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နိုင်ငံတော်သံဃမဟာနာယကတို့ ပူးပေါင်းကာ ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်

Mizzima - News ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment