Pages

Friday, June 20, 2014

သန္တိသုခအရေး သမ္မတဖြေရှင်းရန် ပီနန်ဆရာတော် စာပို့မေတ္တာရပ်ခံ

RangonNewsDaily:: June . 20 .2014
ဇွန်လ ၁၀ ရက် ည ၁၁ နာရီအချိန်က တာမွေ နတ်ချောင်းရပ်ကွက်အတွင်းရှိ မဟာသန္တိသုခ ဘုန်းတော်ကြီးကျောင်းသို့ ၀င်ရောက်စီးနင်းကာ သံဃာတော်များအား ဖမ်းဆီးခဲ့ခြင်း၊ လန်ဒန်ဆရာတော် ဦးဥတ္တရအပါအ၀င် သံဃာ ငါးပါးအား အတင်းအဓမ္မ လူဝတ်လဲ ရုံးတင်တရားစွဲခဲ့သည့်ကိစ္စ ကိုယ်တိုင်ဖြေရှင်းပေးရန် သမ္မတဦးသိန်းစိန်ထံ ဇွန် ၁၇ ရက်က မေတ္တာရပ်ခံစာပိုခဲ့သည်ဟု ပီနန်ဆရာတော်က ဇွန် ၁၉ ရက် တွင် မဇ္ဈိမကို မိန့်သည်။“ဒီကိစ္စကိုမြန်မြန်ရှင်းပေးပါ။ တစ်ကမ္ဘာလုံးကလည်း ယူကျုံးမရနဲ့ စိတ်မချမ်းမသာ ဖြစ်နေတယ်”ဟု ဆရာတော်ကမိန့်သည်။

ဂျပန်နိုင်ငံရှိ သာသနာပြုလုပ်ငန်းများ ပြီးဆုံးပါက ပြန်လည်ကြွရောက်မည် ဖြစ်သည်ဟု လည်း မိန့်ဆိုသည်။အကယ်၍ မြန်မာပြည်ရှိ ဒကာ၊ ဒကာမများက အရေး ကြီးကြောင်း လျှောက်ကြားပါက ချက်ချင်း ပြန်လာမည်ဖြစ်သည်ဟု မိန့်ကြား သည်။ ကျောင်း၏ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ဆရာတော်အား မြေငှား ဂရန်ဟုဆိုကာအမည် ပေါက် ထုတ်ပေးခဲ့သော် လည်းနောက်ပိုင်းတွင် သာသနာ့မြေဟု ပြန်လည်ပြင်ဆင်ခဲ့ သည်ဟုမိန့်ကြားပြီး စာရွက်စာတမ်းများ လက်ဝယ်ရှိသည် ဟု ဆိုသည်။

လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာငါးပါးအားဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး ဆရာတော်ကြီးက “လူဝတ် လဲ တယ်ဆိုတာ အရမ်းလဲလို့မရဘူး။ သူတို့ ဘာအမှုတွေကျူးလွန်ခဲ့လဲဆိုတာကို ၀ိနည်းကြောင်းအရ စိစစ်ဖို့လိုပါတယ်”ဟု မိန့်ကြားခဲ့သည်။

ဆရာတော်ဘုရားကြီးက ဦးအံ့မောင် ဦးဆောင်ပြီး ထိုကျောင်းတော်ကို ဟိုတယ်ကဲ့သို့ သတ်မှတ်ကာ ငှားရမ်းစား သောက်နေသဖြင့် ပြန်လည်သိမ်းယူခဲ့ခြင်းဟု မိန့် သည်။ ထို့ပြင် ဆရာတော်က မည်သူက မှားပြီး၊ မည်သူက မှန်သည် ဆိုခြင်းကို ၀ိနိစ္ဆယရုံးတော်တွင် ဖြေရှင်းလိုသော်လည်း ဦးအံ့မောင် ဦးဆောင်သည့် မဟနအဖွဲ့နှင့် မျက်နှာချင်းဆိုင် ဖြေရှင်းလိုခြင်း မရှိကြောင်းလည်း ပြောကြားခဲ့သည်။

ဆရာတော်ကြီးအား ပုဂ္ဂလိက နာမည် ဖြင့် ပေးအပ်ထားခြင်းဖြစ်သဖြင့် နိုင်ငံခြားတွင် နေထိုင်သည့် တပည့်၊ ဒကာ၊ ဒကာမ များ၏ အလှူများ၊ ပြည်တွင်းရှိ ဒကာ၊ ဒကာမများ၏ အလှူများအားလုံး ပါဝင်ခဲ့ သည်ဟု ဆရာတော်ကြီးက မိန့် ကြားသည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က ဆရာတော်ကြီးမရှိသည့် အချိန်တွင် ထိုကျောင်းကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံတော် သံဃမဟာနာယကထံ ခေတ္တ အပ်နှံထားကြောင်း ပန်ကြားခဲ့သည်ဟု ဆရာတော်ကြီးက မိန့်သည်။
အစိုးရအနေနှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပြီး၊ ဝေ့လည်ကြောင်ပတ်နှင့် ခေါင်းရှောင်နေခြင်းက မည်သူ့အတွက်မှ အကျိုး မဖြစ်ထွန်းနိုင်ကြောင်း မိန့်ကြားခဲ့သည့်အပြင် သမ္မတသည် ညကြီးအချိန်မတော် ၀င်ရောက်ဖမ်းဆီးမှုအပေါ်တွင် မြန်မြန် ဆန်ဆန်ရှင်းလင်းသင့်သည်ဟု ဆက်လက် မိန့်ကြားသည်။

Mizzima - News , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment