Pages

Monday, June 3, 2013

ဘားအံ၊ ပျော်ဘွယ်၊ ပြင်ဦးလွင် သတင်းမှန်

ပထမတော့ ဘားအံမှာပါ ၅ရက်တရားပွဲလုပ်ဖို့ ဘုန်းကြီးအမည်ခံ ဝီရသူ တရားပွဲ စီစဉ်ပါတယ်။
ပထမဆုံး နေ့ စတင်တရားဟောတည်းက တရားနာတဲ့ ဗုဒ္ဓဘာသာဝင်တွေက မွတ်စလင်မ်မကောင်းကြောင်းတရားဟောမယ်ဆိုရင် မနာတော့ဘူးလို့ ကြိုပြောကြပါတယ်။ ဒါပေမယ့် ပထမဆုံးနေ့မှာဘဲ စတင်ပြီး မွတ်စလင်မ် အပုပ်ချ တရားဟောလို့ အသိဥာဏ်ရှိတဲ့ ဗုဒ္ဓဘာသာဝင်များ အကုန် ထပြန်ကြတာမှာ မှတ်မှတ်သားသား ၅ဦးဘဲ တရားနာ ပရိသတ်ကျန်ခဲ့ပါတယ်။ ဒါကြောင့် ကျန်တဲ့ ၄ရက် တရားပွဲပျက်သွားပါတယ်။ ရပ်မိရပ်ဖတွေက တရားဝင် ဖျက်သိမ်းခဲ့ပါတယ်။

တိုင်းရင်းသား တွေဖြစ်တဲ့ ပြည်နယ် အသီးသီးမှာ ဒီလို ရန်တိုက် သွေးထိုးမှုတွေ လုပ်တာကို အမှန်ဘဲ ဗုဒ္ဓဘာသာကို ချစ်မြတ်နိုးတဲ့ ဗမာ ဗုဒ္ဓဘာသာဝင်တွေ၊ ရှမ်း၊ ကရင်၊ ကချင်၊ ချင်း အစရှိတဲ့ တိုင်းရင်းသားတွေ က လက်သင့်မခံပါဘူး၊ ပြီးခဲ့တဲ့ လားရှိုး အကြမ်းဖက်မှုမှာလည်း ရှမ်း အမျိုးသားဒီမိုကရေစီ အဖွဲ့ က ဒါဟာ ရှမ်းအမျိုးသားတွေနဲ့ လုံးဝ မပါတ်သက်ကြောင်း၊ ရှမ်းပြည်ကို အနှောင့်အယှက်ပေးတာဖြစ်ကြောင်းနဲ့ ရှမ်းတိုင်းရင်းသားများလုံးဝ မပါဝင်ကြဖို့ တရားဝင်စာထုတ် ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။

အားမလျှော့သေးတဲ့ ဗုဒ္ဓဘာသာအမည်ခံ ဝီရသူဟာ ပျော်ဘွယ်မှာတရားပွဲလုပ်ဖို့ ကြိုးစားပါတယ်။
ပျော်ဘွယ် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ခွင့်မပြုခဲ့ပါဘူး၊ ခရိုင်ကို ဆက်တက်တော့ ခရိုင်ကလည်း ခွင့်ပြုမိန့် မထုတ်ပေးခဲ့ပါဘူး၊ အဲ့လို ဒေသတွင်း အာဏာပိုင်တွေ၊ အုပ်ချုပ်ရေးတွေက ခွင့်မပြုသော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်ကတော့ ခွင့်ပြုလိုက်တယ်လို့ အံ့သြဖွယ်သတင်းရရှိပါသည်။ တကယ်ဘဲ ရှေ့မှာ ပြသနာတွေ တောက်လျှောက်ဖြစ်ခဲ့ပြီးဖြစ်တာတောင် ငြိမ်းချမ်းရေးကို တကယ်လိုလားရင်၊ ဒေသတွင်းပြည်သူများရဲ့ အရေးကို ထည့်တွက်ရင် ဒီလို အမုန်းတရားဖြန့်ဝေ နေခြင်းကို ဘာကြောင့်ခွင့်ပြုပါသလဲလို့ မေးစရာဖြစ်လာပါတယ်။
ပျော်ဘွယ်မှာ ဝီရသူလာရောက်ချိန်မှာ လက်နက်တပ်ဆင်ထားတဲ့ ဆိုင်ကယ် အစီး ၅၀ခန့်၊ ကားများနှင့် ဂိုဏ်းစတား များသဖွယ် လာရောက်ခဲ့ပြီး၊ ဒါဟာ ပြည်သူနဲ့ တရားဥပဒေကို မထေမဲ့မြင်ပြုတဲ့ ပုံစံနဲ့ လှည့်ပတ်ခဲ့ခြင်းအသွင်ဆောင်နေပါတယ်။

ပြင်ဦးလွင်မှာတော့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က မြို့မိမြို့ဖ တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဘာသာေ
ရး ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပြီး ပြသနာမဖြစ်ပေါ်စေရန်၊ ထူးခြားဖြစ်စဉ်ရှိပါက ချက်ချင်း အကြောင်းကြားရန်၊ ထိထိမိမိကိုင်တွယ်ရန်နှင့် လားရှိုးမြို့ပေါ်တွင် စီမံ ပံ့ပိုးခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲ့ဒီ ညမှာဘဲ ဆိုင်ကယ်၅စီးခန့်က နာရီစင်ဗလီကြီးနားမှာ လက်နက်များ ကိုင်ဆောင် လှည့်ပါတ်ခဲ့ပါတယ်။
ဒေသခံတွေက ဆိုင်ရာကို ဆက်သွယ်ခဲ့လို့ ချက်ချင်းရောက်လာပါတယ်။ ပြင်ဦးလွင်မှာ အဲ့လို ရိသဲ့သဲ့လုပ်တာကလွဲရင် အားလုံး အေးချမ်းပါတယ်။

Mg Mhan (FB), RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၃.၆.၂၀၁၃

0 comments:

Post a Comment