Pages

Monday, June 3, 2013

ရန်ကုန် - မန္တလေး အမြန်လမ်း အသုံးပြုမည့် သတင်းစာပို့ယာဉ်များ ပွိုင့်ကား အသုံးပြုရမည်

ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး တွင် ညပိုင်း၌ ဖြတ်သန်း သွားလာ နေသော ခရီးသည်တင် ယာဉ်များ လုံခြုံမှု ရှိစေရန် အတွက် သတင်းစာပို့ ယာဉ်များ၏ ရှေ့တွင် အချက်ပြယာဉ် တစ်စီး မောင်းနှင် ရမည် ဖြစ်ကြောင်း အမြန်လမ်း အင်ဂျင်နီယာ ဌာနမှ သိရသည်။
အဆိုပါ အမြန်လမ်း တစ်လျှောက်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ တွင် စတင် အသုံးပြုခွင့် ပြုခဲ့ပြီး ခရီးသည်တင် ယာဉ်နှင့် အိမ်စီးကား များကိုသာ ဖြတ်သန်း မောင်းနှင်ခွင့် ပြုထားကြောင်း သိရသည်။ အမြန် လမ်းမကြီး စ
တင်အသုံးပြုချိန်မှစ၍ယနေ့အထိ ဖြစ်ပွားခဲ့သည့်ယာဉ်တိုက်မှုများတွင် မေလ ၂၅ ရက်က ဖြစ်ပေါ် ခဲ့သည့်
ယာဉ်တိုက်မှု မှာ လူသေဆုံးမှု အများဆုံး ဖြစ်ခဲ့သည်ဟု အင်ဂျင်နီယာ ဌာနမှ သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ခရီးသည် တင်ကားများ လုံခြုံမှု ရှိစေရန် သတင်းစာပို့ ကားများရှေ့တွင် ပွိုင့်ကား

မောင်းနှင်ရန် လိုအပ်သည်ဟု အမြန်လမ်း အင်ဂျင်နီယာ ဌာန ၊ အင်ဂျင်နီယာမှူး ကပြောကြား သည်။ ၂၀၁၂ ခုနှစ် မေလ ၂၀ မှ ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့ အထိ ယာဉ် တိမ်းမှောက်မှု ၁၄၁ ကြိမ် ၊ သေဆုံးသူ ၆၉ ဦး ရှိခဲ့ကြောင်း အမြန် လမ်းမကြီး လုံခြုံရေး တာဝန် ထမ်းဆောင် နေသော ရဲတပ်ဖွဲ့မှ သိရသည်။


မြ၀တီ ,  RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၃.၆.၂၀၁၃

0 comments:

Post a Comment