Pages

Monday, June 3, 2013

ကချင်ဒေသဘတစ်ကျော့ပြန်စစ် နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ အစီအစဉ်များ အကြိုစာနယ်ဇင်းရှင်းလင်းပွဲ ယနေ့နေ့လည်ပိုင်းက ကျင်းပ

P6030001

ဇွန် ၃၊ ၂၀၁၃
ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တစ်ကျော့ပြန်စစ်၏ နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ အစီအစဉ်များ၏ အကြိုစာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၃ ခုနှစ်၊ ဇွန်လ ၃ ရက် (တနင်္လာနေ့) နေ့လည် (၁)နာရီတွင် ရန်
ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းရှိ COMREG ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲတွင် ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ကိုဂျော်ဂွန်း၊ မမေစပယ်ဖြူ၊ အဖြူရောင်တွဲ
လက်များမှ ကိုဖိုးသား၊ လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့မှ ကိုအောင်မင်းနိုင်တို့မှ ရှင်းလင်းပြော
ပြခဲ့ကြပါသည်။

ထို့နောက် တက်ရောက်လာသော မီဒီယာများမှ မေးမြန်းကြသည်များကို ကိုဂျော်ဂွန်း၊ မမေစပယ်ဖြူ၊ ကိုဖိုး
သားနှင့် ကိုအောင်မင်းနိုင်တို့မှ ပြန်လည်ဖြေကြားခဲ့ကြပါတယ်။  အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲသို့ မီဒီယာ
များနှင့် ငြိမ်းချမ်းရေးကို စိတ်ပါဝင်စားသူများထဲမှ တချို့နှင့် စုစုပေါင်း (၄၀)၀န်းကျင်ခန့် တက်ရောက်ခဲ့ပါ
သည်။

ကချင်ဒေသတွင် တစ်ကျော့ပြန်စစ် ပြန်လည်ဖြစ်ပွားခြင်း နှစ်နှစ်ပြည့်အထိမ်းအမှတ်တွင် စစ်အတွင်းထိခိုက်
သေဆုံး ခဲ့ရသော မိသားစုများစွာတို့အတွက် ဘာသာပေါင်းစုံ အောက်မေ့ သတိရဆုတောင်းခြင်းနှင့် “စစ်ပွဲ
၏နောက် ကွယ်မှ မျှော်လင့်ချက်များ” ဗွီဒီယိုမှတ်တမ်းတိုအား ပြသခြင်းအပါအဝင် ငြိမ်းချမ်းရေးခေါ်ဖိတ်
သော ဂီတ၊ ပန်းချီ၊ ကဗျာ၊ ဓါတ်ပုံ၊ အနုပညာပြခန်းများ ခင်းကျင်းပြသခြင်းကို စစ်မှန်တရားမျှတသော ငြိမ်း
ချမ်းရေးကိုလိုလားသော အရပ်ဘက်လူမှုအဖွဲ့အစည်း၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများမှ ကြီးမှူး၍အစီ
အစဉ်များအတိုင်း (၃) ပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သံတမန်များနှင့် အလှူရှင်များကို စစ်ဘေးရှောင်ပြည်သူများ၏ လက်ရှိအနေအထားကို ရှင်းလင်းတင်ပြခြင်း အစီအစဉ်(၁)ကို ၂၀၁၃ ခုနှစ်၊ ဇွန်လ (၇) ရက်၊ သောကြာနေ့ နံနက် (၁၀း၀၀) နာရီတွင် ရန်ကုန်မြို့ Central Hotel ၌ပြုလုပ်မည်ဖြစ်ပြီး၊ အစီအစဉ်(၂)မှာ နှစ်နှစ်တာကာလ စစ်အတွင်းထိခိုက်သေဆုံးခဲ့ရသော နှစ်ဘက်
စစ်သည်များနှင့် အပြစ်မဲ့တိုင်းရင်းသား ပြည်သူ များအားလုံးတို့အတွက် ကြေကွဲလွမ်းဆွတ် အောက်မေ့သတိ
ရ အသိအမှတ်ပြုသောအားဖြင့် အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချများကို ရန်ကုန်အခြေစိုက် အသင်းအဖွဲ့
ပေါင်းစုံတို့မု ဆူးလေမဟာဗန္ဓုလပန်းခြံတွင်းမှ လွတ်လပ် ရေးကျောက်တိုင်ရှေ့သို့ သယ်ယူလာခြင်းကို ဇွန်
လ (၉)ရက်နေ့တွင်ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

အစီအစဉ်(၃)အရ ဇွန်လ (၉)ရက်နေ့တွင် လွမ်းသူ့ပန်းခွေများကို လမ်းလျှောက်အဖွဲ့မှ အလုံပိုးကရင်ခြံသို့ သယ်ဆောင်လာပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပမည့် အစီအစဉ်ဖြစ်သော်လည်း အာဏာပိုင်များမှ လာရောက်ဖိအားပေးမှုကြောင့် အလုံပိုးကရင်ခြံတွင် ပြုလုပ်နိုင်ခွင့်မရတော့ပဲ နေရာပြောင်းရွှေ့ပြုလုပ်ရန် စီစဉ်နေရကြောင်းလည်း သိရပါသည်။

ယင်းကဲ့သို့ နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ အခမ်းအနားများကိုကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ -
၁။ ကချင်ဒေသတွင် နှစ်နှစ်ပြည့်သည်တိုင်အောင် အဆုံးမသတ်နိုင်သေးသော လက်နက်ကိုင်ပဋိပက္ခများ
 ကြောင့် ထိခိုက်ဆုံးရှုံးရမှုများကို အများပြည်သူသိအောင် ဖော်ပြပြီး စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေး
ကို ဖော်ဆောင်နိုင်မည့် နိုင်ငံရေးအရဆွေးနွေးပွဲများ အမြန်ဆုံးဖြစ်ပေါ်လာရေးအတွက် တိုင်းရင်းသားပြည်
သူတစ် ရပ်လုံး၏ ပူးပေါင်းပါဝင်မှုကို ဖိတ်ခေါ်ပိုမိုရရှိနိုင်ရန်။

၂။ နှစ်နှစ်ပြည့်သည်အထိ ထိရောက်စွာကူညီဖြေရှင်းပေးနိုင်ခြင်းမရှိသေးသည့် စစ်ဘေးရှောင်ဒုက္ခသည်
စခန်း များမှ စစ်ဘေးသင့်ပြည်သူများ၏ အဓိကကျသော အခြေခံလိုအပ်ချက်များကို ဝိုင်းဝန်းကူညီ ဖြည့်
ဆည်းပေးနိုင် ရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကွန်ရက်များမှတစ်ဆင့် အားယူရန်။

၃။ ကချင်ဒေသငြိမ်းချမ်းရေးသည် တစ်နိုင်ငံလုံး၏အရေးဖြစ်သည်နှင့်အညီ လတ်တလောပြုလုပ်နေသော
 ငြိမ်း ချမ်းရေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာရေးတွင် ရန်ကုန်မြို.နေ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအသီးသီးတို့မှလည်း စစ်မှန်သောပြည်ထောင်စုစိတ်ဓါတ်ဖြင့် ညီညွတ်စွာ တစ်သားတည်း
ရှိပါ ကြောင်း အားပေးမေတ္တာပြနိုင်ရန်ဖြစ်ကြောင်းကို ကချင်ငြိမ်းချမ်းရေးကွန်ရက်သတင်းထုတ်ပြန်ချက်မှသိ
ရသည်။


အဆိုပါ အခမ်းအနားအစီအစဉ်များနှင့်စပ်လျဉ်း၍ အသေးစိတ်သိလိုလျှင် ကိုဂျော်ဂွန်း – ၀၉ ၇၃၁၄၀၇၂၈၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း သိရသည်။

M-Media , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၃.၆.၂၀၁၃

0 comments:

Post a Comment