Pages

Monday, June 3, 2013

KIA မှ ၅၀၀၀ကျပ်တန်အတုပြုလုပ်မှုတွင် ပါဝင်ပတ်သတ်နေသည်ကို ဗိုလ်ချုပ်ဂွမ်မော်ဝန်ခံ

KIA မှ ၅၀၀၀ကျပ်တန်အတုပြုလုပ်မှုတွင် ပါဝင်ပတ်သတ်နေသည်ကို ဗိုလ်ချုပ်ဂွမ်မော်ဝန်ခံ
----------------------------------------------------------


 ပြီးခဲ့သည့်လတွင် မြန်မာနိုင်ငံအတွင်း၌ ၅၀၀၀တန်အတုများစွာနှင့် အတုပြုလုပ်သည့်စက်ကို ဖမ်းဆီး ရမိခဲ့မှုတို့တွင် KIA မှပါဝင် ပတ်သတ်နေကြောင်း KIA ဒုဦးစီးချုပ်မှဝန်ခံခဲ့ပါသည်။ KIA နှင့် အစိုးရတို့    မြစ်ကြီးနားမြို့ မနောကွင်းတွင်ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ  သတင်းထောက်များနှင့် သတင်း မီဒီယာ များ ၀င်ရောက်သတင်းရယူခြင်းမရှိဘဲ တံခါးပိတ်ဆွေးနွေးမှုများ   ပြုလုပ်ခဲ့သော်လည်း   ဆွေးနွေး ပွဲအပြီးတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများကို သတင်းမီဒီယာများကို လွတ်လပ် စွာ မေးမြန်းခဲ့ ကြ ပါသည်။


 သတင်းထောက်တစ်ဦးမှ ဗိုလ်ချုပ်ဂွမ်မော်အား ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် ပတ်သတ်သော အချက် များ၊ တိုက်ပွဲအကြောင်းအရားများအပြင် ပြီးခဲ့သော ဧပြီလနှင့် မေလတို့ တွင် ၅၀၀၀တန်ငွေစက္ကူ အတုများနှင့် ငွေ စက္ကူ အတု ပြုလုပ် သောစက်နှင့် ပတ်သတ်ပြီး မေးမြန်းမှု များပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ဗိုလ်ချုပ်ဂွမ်မော်မှ ဖမ်းဆီးရမိသော ငွေတုများနှင့် ငွေတုလုပ်စက်များတွင် KIA မှ အရာရှိတစ်ဦးနှင့် KIO မှ အုပ်ချုပ်ရေးအရာရှိ တစ်ဦးပါဝင်ခဲ့ကြောင်း၊ ၎င်းတို့ကိုအစိုးရတို့လွဲပြောင်းပေးဖို့ အစီအစဉ်မရှိကြောင်း၊ မိမိတို့အဖွဲ့ကလူ ဖြစ်သော ကြောင့် မိမိတို့သာ တရားစီရင်မည်ဖြစ်ကြောင်း    ပြောကြားခဲ့ပါသည်။
၅၀၀၀ကျပ်တန်အတုများကို ဧပြီလတစ်လတည်းတွင် မြစ်ကြီးနား၊ မန္တလေး၊ မြ၀တီ၊ မှော်ဘီ၊ အင်စိန်မြို့ တို့တွင် ဖမ်းဆီးရမီခဲ့ပြီး မတ်လ(၂) ရက်နေ့တွင် တရုတ်နယ်စပ်မြို့တွင်   ငွေတုလုပ်သည့် စက်ကိုပါ တရုတ် ထောက်လှမ်းရေးများက KIO မှ အုပ်ချုပ်ရေးအရာရှိတစ်ဦးအပါအ၀င် ပြုလုပ်သူ ၃ဦးအားဖမ်းဆီးရမိခဲ့သည်။ ငွေတုပြုလုပ်ခဲ့သော KIO က အရာရှိတစ်ဦးကိုတော့ တရုတ်မှ ဖမ်းဆီးထားပြီး   ငွေတုပြုလုပ်မှုတွင် ပါဝင်ခဲ့သော KIA/KIO မှအရာရှိများကို KIA ဗဟိုဌာနချုပ်လိုင်ဇာတွင်ရှိကြောင်း ဗိုလ်ချုပ် ဂွမ်မော် မှဝန်ခံပြောဆိုသွားပါသည်။


KDN

ပြီးခဲ့သည့်လတွင် မြန်မာနိုင်ငံအတွင်း၌ ၅၀၀၀တန်အတုများစွာနှင့် အတုပြုလုပ်သည့်စက်ကို ဖမ်းဆီး ရမိခဲ့မှု
တို့တွင် KIA မှပါဝင် ပတ်သတ်နေကြောင်း KIA ဒုဦးစီးချုပ်မှဝန်ခံခဲ့ပါသည်။ KIA နှင့် အစိုးရတို့ မြစ်ကြီးနားမြို့ မနောကွင်းတွင်ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ သတင်းထောက်
များနှင့် သတင်း မီဒီယာ များ ၀င်ရောက်သတင်းရယူခြင်းမရှိဘဲ တံခါးပိတ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်
လည်း ဆွေးနွေး ပွဲအပြီးတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများကို သတင်းမီဒီယာများကို လွတ်လပ် စွာ မေးမြန်းခဲ့ ကြ ပါသည်။

သတင်းထောက်တစ်ဦးမှ ဗိုလ်ချုပ်ဂွမ်မော်အား ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် ပတ်သတ်သော အချက် များ၊ တိုက်ပွဲအကြောင်းအရားများအပြင် ပြီးခဲ့သော ဧပြီလနှင့် မေလတို့ တွင် ၅၀၀၀တန်ငွေစက္ကူ အတုများနှင့်
 ငွေ စက္ကူ အတု ပြုလုပ် သောစက်နှင့် ပတ်သတ်ပြီး မေးမြန်းမှု များပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ 
 
ဗိုလ်ချုပ်ဂွမ်မော်မှ ဖမ်းဆီးရမိသော ငွေတုများနှင့် ငွေတုလုပ်စက်များတွင် KIA မှ အရာရှိတစ်ဦးနှင့် KIO မှ အုပ်ချုပ်ရေးအရာရှိ တစ်ဦးပါဝင်ခဲ့ကြောင်း၊ ၎င်းတို့ကိုအစိုးရတို့လွဲပြောင်းပေးဖို့ အစီအစဉ်မရှိကြောင်း၊ မိမိတို့
အဖွဲ့ကလူ ဖြစ်သော ကြောင့် မိမိတို့သာ တရားစီရင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၅၀၀၀ကျပ်တန်အတုများကို ဧပြီလတစ်လတည်းတွင် မြစ်ကြီးနား၊ မန္တလေး၊ မြ၀တီ၊ မှော်ဘီ၊ အင်စိန်မြို့ တို့
တွင်ဖမ်းဆီးရမီခဲ့ပြီးမတ်လ(၂)ရက်နေ့တွင်တရုတ်နယ်စပ်မြို့တွင် ငွေတုလုပ်သည့်စက်ကိုပါတရုတ် ထောက်
လှမ်းရေးများက KIO မှ အုပ်ချုပ်ရေးအရာရှိတစ်ဦးအပါအ၀င် ပြုလုပ်သူ ၃ဦးအားဖမ်းဆီးရမိခဲ့သည်။
 
 ငွေတုပြုလုပ်ခဲ့သော KIO က အရာရှိတစ်ဦးကိုတော့ တရုတ်မှ ဖမ်းဆီးထားပြီး ငွေတုပြုလုပ်မှုတွင် ပါဝင်ခဲ့
သော KIA/KIO မှအရာရှိများကို KIA ဗဟိုဌာနချုပ်လိုင်ဇာတွင်ရှိကြောင်း ဗိုလ်ချုပ် ဂွမ်မော် မှဝန်ခံပြောဆို
သွားပါသည်။

Kachin Daily New, RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၃.၆.၂၀၁၃

0 comments:

Post a Comment