Pages

Monday, June 3, 2013

ခိုးဝင်သည့် လှေနစ်မြှုပ်၊ မြန်မာ ၁၂ ဦး အလောင်း ထိုင်းပင်လယ်ကမ်းခြေ၌ တွေ့၊ ၃၈ ယောက် ကယ်ဆယ်ထားနိုင်

ဇွန်-၃၊၂၀၁၃

ထိုင်းနိုင်ငံ အနောက်ပိုင်းကမ်းခြေဒေသရှိ ရနောင်းမြို့ အနီး ကျွန်းများတွင် မြန်မာပြည်မှ လှေဖြင့် ခိုးဝင်လာရာမှ ရာသီဥတု ဆိုးရွားမှုကြောင့် လှေနစ်ပြီး သေဆုံးသည်ဟု ယူဆရသော အလောင်း ၁၂ လောင်းခန့် တွေ့ရှိခဲ့ရသည်။ စနေ့နေ့မနက်ပိုင်းက လှေနှစ်မြုပ်ခဲ့ပြီးနောက်၊ တနင်္လာနေ့တွင် ရနောင်းမြို့ အနီးရှိ ကျွန်းများတွင် အလောင်းများ တွေ့ရှိခဲ့ရကြောင်း၊ အမျိုးသား ၆ ဦး နှင့် အမျိုးသမီး ၃ ဦးတို့၏ အလောင်းများ ဖြစ်ကြောင်း၊ ရဲချုပ်ကြီး တာဝီပွန် ချူရင်(Taweeporn Churin) မှပြောကြားခဲ့သည်။

ယင်းမတိုင်မီ စနေနေ့က ရေတပ်ရဲတပ်ဖွဲ့မှ အမျိုးသမီးအလောင်း ၃ လောင်းအား တွေ့ရှိခဲ့သည် ဟု သူက ထည့်သွင်းပြောကြားခဲ့သည်။

တာဝီပွန်၏ ပြောပြချက်အရ အသက်ရှင်ကျန်ရစ်သူ ၃၈ ယောက် အားလည်း ရဲတပ်ဖွဲ့မှ ကယ်ဆယ်လိုက်နိုင်ကြောင်း သိရသည်။

ရနောင်းသည် ဘန်ကောက် နှင့် မြန်မာပြည် နယ်နိမိတ် ၏ တောင်ပိုင်းတွင်ရှိပြီး ၄၆၀ ကီလိုမီတာ ကွာဝေးကြောင်း၊ ရဲများ၏ ပြောပြချက်အရ မြန်မာပြည်ဘက်မှ ခိုးဝင်လာသော အလုပ်သမားများသည် ၄င်းကဲ့သို့ပဲ လှေများနှင့်လာကြကာ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ကျကြောင်း ပြောကြားခဲ့သည်။

မဇ္ဈိမတွင် ဖော်ပြထားသော သတင်းတပုဒ်အရ သေဆုံးသူများ၏ ကိုယ်ပေါ်မှ မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားများ တွေ့ရှိခဲ့ရကြောင်းနှင့် အသက်မသေကယ်ဆယ်နိုင်သူ ၃၈ ယောက်ကို ရနောင်းအချူပ်မှာ ချူပ်နှောင်ထားကြောင်းသိရပါသည်။

Ref: aljazeera ,
M-Media,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၃.၆.၂၀၁၃

0 comments:

Post a Comment