Pages

Monday, June 3, 2013

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် မြေကျွံမှုကြောင့် ဆေးရုံအင်္ဂတေကြမ်းပြင်နိမ့်ကျ၍ နံရံအက်ကွဲမှုများဖြစ်ပေါ်..

(3.6.2013, Monday)

မေလ(၃၁)ရက်နေ့၊ နံနက်(၈)နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ ခရိုင်အထွေထွေရောဂါကုဆေးရုံကြီးမှ ခုတင်(၂၀၀)ဆံ့ အမျိုးသားဖျားနာဆောင်နှင့် ကူးစက်ရောဂါကုသဆောင်၏ အင်္ဂတေကြမ်းပြင်မြေကျွံမှုကြောင့် အနည်းငယ်နိမ့်ဆင်းသွားကာပေ(၄၀)
ခန့် နံရံအက်ကွဲမှုများဖြစ်ပေါ်ခဲ့သည်။အဆောက်အဦသည် (၁၉၉၁)ခုနှစ်တွင်ဆောက်လုပ်ခဲ့ပြီး အလျားပေ(၈၀)၊အနံပေ(၃၀) ကျယ်ဝန်း၍ အင်္ဂတေကြမ်းပြင်(၁)လက်မခွဲခန့်နိမ့်ကျသွားကြောင်းသိရှိရသည်။
အဆိုပါအမျိုးသားဖျားနာဆောင်နှင့် ကူးစက်ရောဂါဆောင်များ တွင်တက်ရောက်ကုသလျှက်ရှိ
သော သံဃာတော်(၂)ပါးနှင့် လူနာ(၃၉)ဦးတို့အား နား ၊နှာခေါင်း၊ လည်ချောင်းကုသဆောင်၌ပြောင်းရွှေ့ထားရှိပြီး ခေတ္တဆေးရုံအုပ်ကြီးဒေါက်တာအောင်ကျော်မြင့်နှင့်မအူပင်မြို့နယ်၊ ပြည်သူ့ဆောက်လုပ်ရေး
လုပ်ငန်းမှ တာဝန်ရှိသူများပူးပေါင်းပြုပြင်ဆောင်ရွက်ရန်စီစဉ်လျှက်ရှိကြောင်းသတင်းရရှိသည်။
မြ၀တီ ,  RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၃.၆.၂၀၁၃

0 comments:

Post a Comment