Pee mak phra khanong ဖိမာ့က်ဖရာ့ခနွန်င်
၁၉ရာစု အဦးပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာပေါ်အခြေခံပီး အစဉ်အဆက် ပါးစပ်ရာဇဝင်
လေးတခုကနေ ဒေသဆွဲရိုးရာယုံကြည်မှုကနေ လူသိများခဲ့တဲ့ ထိုင်းသရဲမလေး မဲ့နာ့က်/မဲ့နတ်/အမေနတ် အကြောင်းလေးပါ။
ထိုင်းရိုးရာအရ ထိုင်းဘုရင် မောင်းကုတ်/
မွန်ကွတ် လက်ထက်မှာ ဖြစ်ပွါးခဲ့တဲ့အဖြစ်အပျက်လေးတခုလို့ဆိုပါတယ်
ဘန်ကောက်၊ ဖရာ့ခနွန်င် ဒေသမှာနေထိုင်တဲ့ နာ့က် (Nak)
ဆိုသောမိန်းမလှလေးတယောက်က သူ့ချစ်ပွန်း မာ့က် ( Mak )
အပေါ်မှာထားရှိတဲ့အဆုံးမဲ့ချစ်ခြ
င်းတွေပေါ်အခြေခံပီး ဖြစ်ပေါ်လာခဲ့တဲ့ ချစ်ဇာတ်လမ်းလေးတပုဒ်ပါ။
မိန်းမလှလေး နာ့က်က ချစ်ခင်ပွန်း မာ့က်ရဲ့ရင်သွေးလေး လွယ်ထားရချိန်မှာ မာ့က်ဟာစစ်မှုထမ်းရန်အကြောင်းဖန်လာခဲ့ပါတယ် ( လွယ်လွယ်ပြောရင် ပေါ်တာဆွဲခံရတယ်ပေါ့ )
ရှေ့တန်းစစ်မျက်ကိုအပို့ခံခဲ့ရပါတယ် ( တချို့ဇာတ်ကြောင်းတွေမှာတော့ ရှမ်းလူမျိုးတွေနဲ့ဖြစ်တဲ့စစ်ပွဲလို့ဖော်ပြထားပါတယ် ) စစ်ပွဲမှာပဲ မာ့က်ဟာဒါဏ်ရာပြင်းထန်စွာရခဲ့တဲ့အတွက်ကြောင့်
ဒါဏ်ရာကုသရန် ဘန်ကောက်ကိုပို့ဆောင်ခဲ့ပါတယ်။
ထိုအချိန်မှာပဲ
မာ့က်ရဲ့ချစ်ဇနီး နာ့က် ဟာကလေးမီးဖွားရင်း မွေးဖွားရခက်ခဲမှုကြောင့်
ကလေးရောမိခင်ပါ မီးတွင်းထဲမှာဆုံးပါးခဲ့ပါတယ် ဒါပေမဲ့
မာ့က်အိမ်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့ သူ့ချစ်ဇနီးနဲ့သူ့ရင်သွေးလေးဟာသူ့ကိုစောင့်မျှော်နေတာတွေ့ရပါတယ် ဒါကိုအကြောင်းအရင်းအလုံးစုံသိတဲ့အိမ်နီးချင်းတွေက မာ့က်ကိုပြောဆိုသတိပေးဖို့ကြိုးစားသူတိုင်းအသတ်ခံခဲ့ရပါတယ် ။
တရက်သောနေ့မှာတော့ သံယောဇဉ်ကြီးမားတဲ့ သူရဲမလေး နာ့က်က
သူ့ချစ်ခင်ပွန်းအတွက် nam Prik ( မြန်မာလိုဆို ငရုတ်သီးထောင်း ခေါ်မလား
ငရုတ်သီးဖျော်ခေါ်မလားတော့မသိပါ ) လုပ်နေတုန်း သံပရာသီးလုံးလေးက
ထွက်ကျသွားခဲ့တယ် ဒါကို သရဲမလေးကလည်း ခပ်သွက်သွက် (
ဘယ်သူ့မှမမြင်လောက်ပါဘူးဆိုတဲ့အထာနဲ့နေမှာပေါ့ ) သူ့လက်ကိုအရှည်ကြီးဆန့်ထုတ်ပီး မြေကြီးပေါ်ကနေကောက်ယူလိုက်ပါတယ် ။
ဒါကို အမှတ်မထင်မမျှော်လင့်ပဲ သူ့ချစ်ခင်ပွန်း မာ့က်ကမြင်တွေ့လိုက်ခဲ့တယ် မာ့က်လည်းမျက်ဝါးထင်ထင်မြင်လိုက်ရတော့ ဇောချွေးတွေပြန် ထူပူကြောက်လန့်ပီး သူ့ဇနီးဟာ သရဲမလေးဖြစ်နေတယ်ဆိုတာကို လက်တွေ့သိလိုက်ရတယ် မာ့က်ကကြောက်လန့်တုန်လှုပ်လွန်းပီး သူ့ဇနီးသရဲမလေးမသိအောင်ဟိုး--အဝေးကိုထွက်ပြေးဖို့
ကြိုးစားခဲ့ပါတယ် ထိုညအိပ်နေရာမှ မာ့က်ကအောက်ထပ်ဆင်း
သေးသွားပေါက်အုံးမယ်လို့ သူ့ဇနီးသရဲမလေးကို လိမ်ညာပြောပီး တချိုးတည်း
သုတ်ခြေတင် ညမှောင်ထဲကိုပြေးတော့တာပဲ ။
ဒါကိုသရဲမလေးကသိသွားတော့ သူ့ခင်ပွန်းကို ညတွင်းချင်းလိုက်ပီး ရှာတော့တာပါပဲ မာ့က်ကသူ့ဇနီးသူရဲမလေးကိုလည်းမြင်ရော နတ်(ထိုင်း )ဖုမ္မသိမ်း(မြန်မာ) ( Blumea balsamifera)ပင်ချုံပုတ်နောက်မှာဖုံးကွယ်ပုန်းနေရှာပါတယ် ပါးစပ်ပြောအရပ်ပြောအရ သရဲတွေကဖုမ္မသိမ်းပင်အစေးကိုကြောက်ကြတယ်လို့ဆိုပါတယ် ထို့နောက် မာ့က်က ဝါက်မဟာဘုဒ် ( Wat Mahabut )ဘုရားကျောင်းကိုပြေးပါလေတော့တယ် ထိုဘုရားကျောင်းကသရဲတွေမဝင်နိုင်ဘူး တန်ခိုးကြီးမားလွန်းပါတယ်တဲ့---------
ဖိမာ့က်ဖရာ့ခနွန်င်ဒေသလေးမှာတော့ သရဲမလေး နာ့က်ဟာ သူ့ရဲ့ဝမ်းနည်းပေါက်ကွဲကြေကွဲ မကျေနပ်မှုတွေကို ထိုဒေသခံတွေအပေါ်မှာ ခြောက်လှန့်ပြုစားသောင်းကြမ်းရင်း လက်စားခြေ ခဲ့ပါတယ် သူမဟာ သူ့ခင်ပွန်းစွန့်ခွါသွားခြင်းက ဒီဒေသကလူတွေကြောင့်လို့ပဲထင်မှတ်ခဲ့ပါတယ် ။
ဒါပေမဲ့ သရဲမလေးနာ့က်ဟာ နောက်ဆုံးမှာ သရဲဖမ်းဆရာတွေရဲ့ဖမ်းဆီးခြင်းခံခဲ့ရပါတယ် သူမကို သရဲဖမ်းဆရာတွေက ရွှံ့မီးဖုတ်ခရားထဲထည့်ပီး ဖိမာ့က်ဖရာ့ခနွန်င်တူးမြောင်းထဲမျှောခဲ့ပါတယ်
တခြားအဆိုများအရကလည်း တနေ့မှာ ငါးဖမ်းတံငါသည်အိုဇနီးမောင်နှံက ထိုသရဲမလေးပိတ်လှောင်ခံထားရတဲ့ခရားကို ဆယ်မိရာမှ ခရားအဖုံး ဖွင့်လိုက်တဲ့အတွက်သရဲမလေးဟာ လွတ်မြောက်သွားခဲ့ပါတယ်တဲ့ ။
တချို့ကလည်းထိုသရဲမလေးဟာ တန်ခိုးကြီးဘုန်းတော်ကြီးတပါးကဖမ်းဆီးပီး သူမရဲ့ဝိညာဉ်ကို သူမဦးခေါင်းခွံနဲ့မံပီး ထိုဘုန်းတော်ကြီးရဲ့သင်းပိုင်နဲ့စည်းထားခဲ့ပါတယ် သမိုင်းများအဆိုရထိုသင်းပိုင်ဟာ ထိုင်းတော်ဝင်မိသားစုတွေလက်ထဲမှာလို့ဆိုပါတယ်
တချို့ကလည်းထိုဘုန်းတော်ကြီးကသရဲမလေးကို နောက်ဘဝမှာသူမရဲ့ချစ်ခင်ပွန်းနဲ့ပြန်လည်စုံစည်းပေါင်းသင်းရန်ဆုမွန်ကောင်းတောင်းစီမံပေးလိုက်တဲ့အတွက် သရဲဘဝမှကျွတ်လွတ်သွားတယ်လည်းဆိုကြပြန်ပါတယ် ။
ဘယ်သူတွေဘယ်လိုပြောပြော ဘယ်လိုရေးရေး မဲ့နာ့က်/မဲ့နတ်/အမေနတ်ရဲ့
သူ့ခင်ပွန်းအပေါ်ထားရှိတဲ့ အဆုံးမဲ့ချစ်ခြင်းအကြောင်းအရာလေးကတော့
ကြီးကြီးငယ်ငယ် အသက်အရွယ်အားလုံးကြားမှာ ပြောစမှတ်တွင်ထင်ကျန်ရစ်ခဲ့တာပါပဲ
သူမရဲ့နတ်ကွန်းအဆောက်အဦးကိုတော့
ဝါက်မဟာဘုဒ် ( Wat Mahabut )ဘုရားကျောင်းထဲမှာ ထားရှိခဲ့ပါတယ်
၁၉၉၇ခုနှစ်မှာတော့ သူမရဲ့နတ်ကွန်းကို Suan Luang
(Prakhanong)ဒေသကိုပြောင်းရွှေ့ခဲ့ပါတယ် ။
ယနေ့အချိန်အထိ ထိုဒေသလေးမှာ မဲ့နာ့က်နတ်ကွန်းကို ရိုးရာအစွဲအလမ်းယုံကြည်မှုအဖြစ်ကိုးကွယ်နေကြ
ဆဲပါ ထိုနတ်ကွန်းမှ မဲ့နာ့က်နဲ့သူ့ရင်သွေးရုပ်ထုရှေ့မှာဆုတောင်းပူဇော်ပသရင်ပြည်တယ်လို့ယုံကြည်ကြဆဲ
ပါအထူးသဖြင့်အမျိုးသမီးများအားမီးဖွားရလွယ်ကူအောင်/ ပေါ်တာဆွဲစစ်မှုထမ်းခြင်းမှသူတို့ခင်ပွန်းများလွတ်
ကင်းအောင် စတဲ့ ရိုးရာယုံကြည်မှုတွေနဲ့ နတ်ကွန်းနောက်ကညောင်ပင်မှာ ရောင်စုံအဝတ်များပတ်လှူ၍
သော်လည်းကောင်း သစ်သီးများ ကြာပန်းများ အမွှေးတိုင်များဖြင့်ပူဇော်ပသနေကြဆဲပါ။
ဒါ့အပြင်ဖိမာ့က်ဖရာ့ခနွန်င်တူးမြောင်းထဲကို ဘေးမဲ့ငါးများလွှတ်ခြင်း ကြာပန်းကြာဖူးများမျှောခြင်းအစရှိသ
ဖြင့်မိမိယုံကြည်ရာအလိုက် ကိုးကွယ်ပူဇော်ပသဆုတောင်းကြဆဲပါတဲ့----------------------------
( မှတ်ချက်။ ။အမှားများပါရှိပါကလည်းခွင့်လွှတ်စေချင်ပါသည်ထိုင်းစကားထိုင်းစာတလုံးမျှမသိသောကြောင့်
အခေါ်အဝေါ်များချို့ယွင်းချက်ရှိပါကသည်းခံဖတ်၍အမှန်ပြင်ပေးနိုင်ပါတယ်ခင်ဗျာ မြန်မာမှသူငယ်ချင်းများ
စတေးတပ်တွေတင်ကြလွန်းလို့ ကိုယ်မကြည့်ရသေးသော်ငြား ရှာကြံဖတ်ကြည့်ရာမှ Wikipedia အားကိုးကား
၍ဘာသာတတ်သလောက်လေးပြန်ရေးသားခြင်းဖြစ်ပါသည် )
Pee Mak မှာ ထိုအချစ်ဇာတ်လမ်း၏ ၃၃ခါမြောက်ပြန်ရိုက်သော ဇာတ်ကားဖြစ်သည်.. Pee Mak ရှေ့တွင် ဇာတ်လမ်းဆင်တူအများအပြားထွက်ခဲ့ဖူးသည်..
Credit: Zwepai Mhu
RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၃.၆.၂၀၁၃
0 comments:
Post a Comment