Pages

Monday, June 3, 2013

အနာဂတ်အတွက် ကွန်ပျူတာဘောလုံး (E-Ball)

Photo: အနာဂတ်အတွက် ကွန်ပျူတာဘောလုံး (E-Ball)

၂၀၀၇ ခုနှစ် နိုင်ငံတကာ ကွန်ပျူတာဒီဇိုင်းပြိုင်ပွဲမှာ လူကြိုက်များခဲ့တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အနာဂတ်မှာ ပေါ်ပေါက်လာမယ့် ကွန်ပျုတာ စာရင်းထဲမှာလည်း ပါဝင်ပါတယ်။ 

မန်ဆီဒိုးနီးယမ်းလူမျိုး ဒီဇိုင်နာ Apostol Tnokovski မှ ဖန်တီးခဲ့ တာ ဖြစ်ပါ တယ်။ သာမန် PC တစ်လုံးလိုပဲ ပစ္စည်းပစ္စယ အစုံအလင် ပါရှိ မှာ ဖြစ်ပါ တယ်။ ဘောလုံးပုံသဏ္ဍန်လုပ်ရခြင်းအကြောင်းက အမြင် အားဖြင့် လည်းတင့်တည်ပြီး ခရီးသွားရင်တောင် သယ်သွားလို့ ရအောင် ဖြစ်တယ်လို့ ဆိုပါတယ်။ 

မိုက်ခရိုပရိုဆက်ဆာ (Dual core 2), mini Hard drive (250-500GB), 2GB RAM, graphic ကဒ်၊ audio ကဒ်၊ 5W စပီကာ နှစ်လုံး၊ Blue Ray burner, ကြိုးမဲ့ Optical mouse, လေဆာ ကီးဘုတ်၊ LAN ကဒ်၊ WLAN ကဒ်၊ Modem, ဘက်ထရီ၊ LCD ပရိုဂျက်တာ စတာတွေ အားလုံးကို E-Ball တစ်ခုတည်းမှာပဲ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 

အပိုပစ္စည်းအနေနဲ့ စာရွက်ပါရှိပြီး နံရံမရှိတဲ့နေရာမှာ Screen အနေနဲ့ အသုံးပြုလို့ရအောင် ဖြစ်ပါတယ်။ 

ဆော်ဖ်ဝဲ interface ကလည်း အသုံးပြုရန် လွယ်ကူပြီး icon တွေကို အလွယ်တကူ မှတ်သားသိနိုင်စေမှာ ဖြစ်ပါတယ်။ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင် ကြည့်ရှုခြင်းတို့ကို ဘာ Operating System မှ အလုပ်မလုပ်ပဲနဲ့ လည်း ပြုလုပ်လို့ရမှာ ဖြစ်ပါတယ်။ Audio , ဗီဒီယို file တွေကို သီးသန့် folder ထဲမှာ သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ လေဆာကီးဘုတ်၊ ပရိုဂျက်တာ မျက်နှာပြင်အသုံးပြုမှုက နည်းပညာအဆင့်မြင့်ပါမယ်။ ဥပမာ အခန်းတွင်း အလင်းရောင် ပမာဏကို ချိန်ဆပြီး သာမန်လူတစ်ယောက် မြင်နိုင်တဲ့ အလင်းရောင် ပမာဏနဲ့ အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း Manually ချိန်ဆယူနိုင်ပါတယ်။ 

E-ball ကို ပလက်စတစ်အစိတ်အပိုင်း အနည်းငယ်နဲ့ အလူမီနီသတ္တုအများ အပြား အသုံးပြုမှာ ဖြစ်ပါတယ်။ သဘာဝန်းကျင်နဲ့ လည်း လိုက်လျော ညီထွေမယ့် Eco-friendlty ဒီဇိုင်းလို့ ဆိုပါတယ်။ 

www.behance.net/tnokovski

ရိုးရာလေး


၂၀၀၇ ခုနှစ် နိုင်ငံတကာကွန်ပျူတာဒီဇိုင်းပြိုင်ပွဲမှာလူကြိုက်များခဲ့တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။အနာဂတ်မှာ ပေါ်
ပေါက်လာမယ့် ကွန်ပျုတာ စာရင်းထဲမှာလည်း ပါဝင်ပါတယ်။
မန်ဆီဒိုးနီးယမ်းလူမျိုး ဒီဇိုင်နာ Apostol Tnokovski မှ ဖန်တီးခဲ့ တာ ဖြစ်ပါ တယ်။ သာမန် PC တစ်လုံးလိုပဲ ပစ္စည်းပစ္စယ အစုံအလင် ပါရှိ မှာ ဖြစ်ပါ တယ်။ ဘောလုံးပုံသဏ္ဍန်လုပ်ရခြင်းအကြောင်းက အမြင် အားဖြင့် လည်းတင့်တည်ပြီး ခရီးသွားရင်တောင် သယ်သွားလို့ ရအောင် ဖြစ်တယ်လို့ ဆိုပါတယ်။

မိုက်ခရိုပရိုဆက်ဆာ (Dual core 2), mini Hard drive (250-500GB), 2GB RAM, graphic ကဒ်၊ audio ကဒ်၊ 5W စပီကာ နှစ်လုံး၊ Blue Ray burner, ကြိုးမဲ့ Optical mouse, လေဆာ ကီးဘုတ်၊ LAN ကဒ်၊ WLAN ကဒ်၊ Modem, ဘက်ထရီ၊ LCD ပရိုဂျက်တာ စတာတွေ အားလုံးကို E-Ball တစ်ခုတည်းမှာပဲ ထည့်သွင်းထားမှာ
 ဖြစ်ပါတယ်။

အပိုပစ္စည်းအနေနဲ့ စာရွက်ပါရှိပြီး နံရံမရှိတဲ့နေရာမှာ Screen အနေနဲ့ အသုံးပြုလို့ရအောင် ဖြစ်ပါတယ်။

ဆော်ဖ်ဝဲ interface ကလည်း အသုံးပြုရန် လွယ်ကူပြီး icon တွေကို အလွယ်တကူ မှတ်သားသိနိုင်စေမှာ ဖြစ်
ပါတယ်။ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင် ကြည့်ရှုခြင်းတို့ကို ဘာ Operating System မှ အလုပ်မလုပ်ပဲနဲ့ လည်း
 ပြုလုပ်လို့ရမှာ ဖြစ်ပါတယ်။ 
Audio , ဗီဒီယို file တွေကို သီးသန့် folder ထဲမှာ သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ လေဆာကီးဘုတ်၊ ပရို
ဂျက်တာ မျက်နှာပြင်အသုံးပြုမှုက နည်းပညာအဆင့်မြင့်ပါမယ်။ ဥပမာ အခန်းတွင်း အလင်းရောင် ပမာဏ
ကို ချိန်ဆပြီးသာမန်လူတစ်ယောက် မြင်နိုင်တဲ့အလင်းရောင်ပမာဏနဲ့ အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ကိုယ်
တိုင်လည်း Manually ချိန်ဆယူနိုင်ပါတယ်။

E-ball ကို ပလက်စတစ်အစိတ်အပိုင်း အနည်းငယ်နဲ့ အလူမီနီသတ္တုအများ အပြား အသုံးပြုမှာ ဖြစ်ပါတယ်။ သဘာဝန်းကျင်နဲ့ လည်း လိုက်လျော ညီထွေမယ့် Eco-friendlty ဒီဇိုင်းလို့ ဆိုပါတယ်။

www.behance.net/tnokovski

ရိုးရာလေး
RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၃.၆.၂၀၁၃

0 comments:

Post a Comment