Pages

Monday, June 3, 2013

ဘီဘီစီမိုဘိုင်းသတင်းထုတ်လွင့်မှု ယနေ့ ဇွန်လ၃ရက်နေ့ တွင်စတင်ပြီ

နောက်ဆုံးရ သတင်းတွေကို မနက် ၈ နာရီမှာ တကြိမ် ညနေ ၆ နာရီခွဲမှာ တကြိမ် မိုဘိုင်းဖုန်းပေါ်ကနေ နားဆင်နိုင်

ဘီဘီစီမိုဘိုင်းသတင်းစတင်ထုတ်လွှင့် ပြီဖြစ်ကြောင်းယနေ့ ဇွန်လ၃ရက်နေ့ Chatrium Hotel မှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲကတက်ရောက်လာတဲ့ဧည့်ပရိသတ်များ သတင်းထောက် များကိုကြေညာအသိပေး
လိုက်ပါတယ်။ဘီဘီစီနဲ့ Blue Ocean ကုမ္ပဏီ တို့ရဲ့ပူးပေါင်း ဆောင်ရွက်မှုနဲ့ နောက်ဆုံးရ သတင်းတွေကို မနက် ၈ နာရီ
မှာ တကြိမ် ညနေ ၆ နာရီခွဲမှာ တကြိမ် မိုဘိုင်းဖုန်းပေါ်ကနေ နားဆင်နိုင်မှာပါ။”လို့ ယင်းသတင်းစာရှင်းလင်း
ပွဲကအသိပေးလိုက်ပြီလည်းဖြစ်ပါတယ်။
 
“ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းတွေ အပြင် ပရိသတ် နှစ်သက်တဲ့ အားကစားသတင်းတွေကိုလည်း ထုတ်လွှင့်
ပေးမယ့်အကြောင်း ဘီဘီစီမြန်မာပိုင်းအစီအစဉ်ရဲ့ Desk Editor ဦးမင်းထက်ကပြောကြားအသိပေးသလို“ဘီ
ဘီစီဟာ worldwide အသံလွှင့်ဌာနဖြစ်တယ်၊ လူတိုင်းလည်းသိတာ ရေဒီယိုနားထောင်ချိန် နည်းလာသူတွေ
အတွက်mobileဖုန်းကနေ နားထောင်နိုင်အောင်ဒီအစီအစဉ်ကိုဆောင်ရွက်နေတာ ဖြစ်တယ်လို့ Blue Ocean
ရဲ့ Managing Director ဦးထွန်းထွန်းနိုင်က ပြောပါတယ်။
 
“မိုဘိုင်းဖုန်း ဆိုတာ သုံးတဲ့သူဖက်က ပြောတာချည်းမဟုတ်ဘဲ သုံးတဲ့သူကိုသတင်းတွေ ပြန်ပြောပြတဲ့ ကိရိ
ယာ ဖြစ်လာပါပြီလို့ ”လည်းBBC Business Development ဌာနက Indushekhar Sinha ကပြောပါတယ်။
 
“မိုဘိုင်းဖုန်းနဲ့ သတင်းရယူရင် ၀န်ဆောင်ခ ဘယ်လိုပေးရသလဲ၊ ၁၅၀၀ တန် SIM ကဒ် တွေနဲ့ရော နား
ထောင်လို့ရနိုင်လား၊လိုင်းမကျပ်အောင်ဘယ်လိုစီစဉ်ဆောင်ရွက်ထားလဲ”ဆိုတာတွေကိုသတင်းထောက်
တွေဖက်ကမေးခဲ့ ကြသလို“ဘီဘီစီရဲ့ နောက်ဆုံးရသတင်းတွေကို လက်ကိုင်ဖုန်းကနေ တဆင့် ထုတ်လွှင့်
ပေးတဲ့ အစီအစဉ်ကို ဇွန်လ ၃ ရက်နေ့မှာစတင် လိုက်ပါပြီ။
 
 … ၀၁၂၃၉၉၆၀၀ ကိုခေါ်ပြီး register လုပ်နိုင်ပါတယ်”လို့ လည်းသတင်းစာရှင်းလင်းပွဲသတင်းနဲ့ အတူBBC Burmese ဖေ့ဘုတ်ကလူထုပရိသတ်ကိုအသိပေးထားပါတယ်။
 
”ဓါတ်ပုံနှင့်သတင်းကိုးကား-BBC Burmese
 RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၃.၆.၂၀၁၃

0 comments:

Post a Comment