Pages

Monday, June 3, 2013

မလေးရှားတွင် မြန်မာနိုင်ငံသား အချင်းချင်း အပြန်အလှန် တိုက်ခိုက်မှုများ ကြောင့်သေဆုံးမှုများရှိ

မလေးရှားတွင် မြန်မာနိုင်ငံသား အချင်းချင်း အပြန်အလှန် တိုက်ခိုက်မှုများ ကြောင့်သေဆုံးမှုများရှိ 
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

သတင်း - ကျော်သက် ( မလေးရှား )
ဇွန် ၃၊ ၂၀၁၃

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ဦးအား ရာဝမ်း Country Home တွင် ရခိုင်လူမျိုးများ က ရိုက်နှက်ခဲ့ခြင်းကြောင့် သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ဆလားယန်းဈေးအတွင်း မြန်မာနိုင်ငံသား အချင်းချင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း။ အဆိုပါ ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာဝင် ၂ ဦး သေဆုံးခဲ့ကြောင်း Bernama သတင်းများ အရသိရှိခဲ့ရပါသည်။ 

ထိုနည်းတူ ရခိုင်လူမျိုး ၁ ဦး အပါအ၀င် အခြား မြန်မာနိုင်ငံသား အချို့ပျောက်ဆုံးနေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး တရားမ၀င် မလေးရှားတွင် လာရောက်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အများစုမှာ မိမိတို့ လုပ်ငန်းခွင်သို့ မသွားကြတော့ပဲ တိမ်းရှောင်နေကြကြောင်း၊ အချို့မှာ လူပွဲစားများဖြင့် မြန်မာပြည်သို့ ပြန်လည်ထွက်ခွာနေပြီ ဖြစ်ကြောင်း၊ သတင်းများထွက်ပေါ်ခဲ့ပါသည်။ 

" ခက်တာကပေါ့နော် လူပွဲစားတွေကလဲ အခု ဘယ်ရောက်နေလဲ မသိဘူးလေ ၉၆၉ တုန်းက သူတို့ ကထိပ်ဆုံးက လုပ်ခဲ့တာ ဆိုတော့ အခုလို သတင်းတွေကြားတော့ သူတို့လဲ ပြေးပြီ၊ ကျွန်မတို့ လာတုံးက ကိုတိုနီ ပို့ပေးတာအခုတော့ သူလဲ ဘယ်ရောက်နေလဲ မသိဘူး၊ သိရသလောက်က သူကိုယ်တိုင်ကလဲ ပါမစ်မရှိဘူး တဲ့ အခု သံရုံးကလဲ ဘာမှ မဖြစ်ဘူးဆိုတော့ ခက်တာပေါ့။ ဒီမှာက အရင်က ဘာမှ ပြသနာ မရှိပါဘူး၊ ဒီ ၉၆၉ လုပ်လို့ ဒီပြသာနာေ တွဖြစ်လာတာ  အခုတော့ နေဖို့လဲ ခက် ပြန်ဖို့လဲ ခက်ပြီ ပါမစ်ကလဲ မရှိတော့ အဖမ်းခံလိုက်တာပဲ ကောင်းပါတယ်။ တိုင်းပြည်ကို အစိုးရ ကဖျက်နေတာ၊ ပြည်သူတွေ အချင်းချင်း ရန်တိုက်ပေးနေတာ။ သူတို့ကောင်းစားဖို့ အတွက် ပြည်သူတွေကို စတေးနေတာ၊ ကျန်းမာကြပါစေ တော် "ဟု ယခင်ဆလားယန်းတွင် နေထိုင်ခဲ့သူ တစ်ဦးမှ မြန်မာမွတ်စလင်မ် မီဒီယာ၏ ဆက်သွယ်မေးမြန်းချက်အား ဖြေကြားခဲ့ပါသည်။ 

မလေးရှားတွင် ရခိုင် တပ်မတော် အားထောက်ပံပေးသည့်အဖွဲ့များ ရှိနေသလို၊ ၉၆၉ အား ငွေအလုံးအရင်းဖြင့် ထောက်ပံပေးနေသော စီးပွားရေးသမားများ ရှိကြောင်း၊ ပီနန်းမြို့တွင် မကြာသေးခင်က ၉၆၉ ခေါင်းဆောင် လူပွဲစားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရဘူးကြောင်း သတင်းများရရှိပါသည်။


ဇွန် ၃၊ ၂၀၁၃

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ဦးအား ရာဝမ်း Country Home တွင် ရခိုင်လူမျိုးများ က ရိုက်နှက်ခဲ့ခြင်းကြောင့် သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ဆလားယန်းဈေးအတွင်း မြန်မာနိုင်ငံသား အချင်းချင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း။ အဆိုပါ ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာဝင် ၂ ဦး သေဆုံးခဲ့ကြောင်း Bernama သတင်းများ အရသိရှိခဲ့ရပါသည်။

ထိုနည်းတူ ရခိုင်လူမျိုး ၁ ဦး အပါအ၀င် အခြား မြန်မာနိုင်ငံသား အချို့ပျောက်ဆုံးနေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး တရားမ၀င် မလေးရှားတွင် လာရောက်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အများစုမှာ မိမိတို့ လုပ်ငန်းခွင်သို့ မသွားကြတော့ပဲ တိမ်းရှောင်နေကြကြောင်း၊ အချို့မှာ လူပွဲစားများဖြင့် မြန်မာပြည်သို့ ပြန်လည်ထွက်ခွာနေပြီ ဖြစ်ကြောင်း၊ သတင်းများထွက်ပေါ်ခဲ့ပါသည်။

" ခက်တာကပေါ့နော် လူပွဲစားတွေကလဲ အခု ဘယ်ရောက်နေလဲ မသိဘူးလေ ၉၆၉ တုန်းက သူတို့ ကထိ
ပ်

ဆုံးက လုပ်ခဲ့တာ ဆိုတော့ အခုလို သတင်းတွေကြားတော့ သူတို့လဲ ပြေးပြီ၊ ကျွန်မတို့ လာတုံးက ကိုတိုနီ ပို့ပေးတာအခုတော့ သူလဲ ဘယ်ရောက်နေလဲ မသိဘူး၊ သိရသလောက်က သူကိုယ်တိုင်ကလဲ ပါမစ်မရှိဘူး တဲ့ အခု သံရုံးကလဲ ဘာမှ မဖြစ်ဘူးဆိုတော့ ခက်တာပေါ့။ 

ဒီမှာက အရင်က ဘာမှ ပြသနာ မရှိပါဘူး၊ ဒီ ၉၆၉ လုပ်လို့ ဒီပြသာနာေ တွဖြစ်လာတာ အခုတော့ နေဖို့လဲ ခက် ပြန်ဖို့လဲခက်ပြီ ပါမစ်ကလဲမရှိတော့ အဖမ်းခံလိုက်တာပဲ ကောင်းပါတယ်။ တိုင်းပြည်ကို အစိုးရ ကဖျက်
နေတာ၊ ပြည်သူတွေ အချင်းချင်း ရန်တိုက်ပေးနေတာ။ သူတို့ကောင်းစားဖို့ အတွက် ပြည်သူတွေကို စတေး
နေတာ၊ ကျန်းမာကြပါစေ တော် "ဟု ယခင်ဆလားယန်းတွင် နေထိုင်ခဲ့သူ တစ်ဦးမှ မြန်မာမွတ်စလင်မ် မီဒီ
ယာ၏ ဆက်သွယ်မေးမြန်းချက်အား ဖြေကြားခဲ့ပါသည်။

မလေးရှားတွင် ရခိုင် တပ်မတော် အားထောက်ပံပေးသည့်အဖွဲ့များ ရှိနေသလို၊ ၉၆၉ အား ငွေအလုံးအ
ရင်း

ဖြင့် ထောက်ပံပေးနေသော စီးပွားရေးသမားများ ရှိကြောင်း၊ ပီနန်းမြို့တွင် မကြာသေးခင်က ၉၆၉ ခေါင်း
ဆောင် လူပွဲစားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရဘူးကြောင်း သတင်းများရရှိပါသည်။
သတင်း - ကျော်သက် ( မလေးရှား )
Myanmar Muslim.Net , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၂.၆.၂၀၁၃

0 comments:

Post a Comment