Pages

Monday, June 3, 2013

ဖားကန့်မှ ရှစ်တန်းကျောင်းသူတစ်ဦး မန္တလေး၌ ကြိုးဆွဲချသေဆုံး

ဇွန်လ ၃ ရက် ၊ ၂၀၁၃ ခုနှစ်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အဆောင်တစ်ခုသို့ ဖားကန့်မှလာရောက် ပညာသင်ကြားနေသော အဆောင်သူတစ်ဦး မှာ မေလ(၃၁)ရက်နေ့ ညနေပိုင်းက ကြိုးဆွဲချသေဆုံးမှု တစ်ရပ်ဖြစ် ပွားခဲ့သည်။အဆိုပါ အဆောင်၌ပင် ညနေ၄နာရီ၁၅မိနစ်အချိန်၌ လွယ်အိတ်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ ဖားကန့်ဒေသ တာမာခံ၌ နေထိုင်သူတစ်ဦးဖြစ်ပြီး၊ မည်သည့် အတွက်ကြောင့် သေဆုံးသည်ကိုမူအတိအကျသိရှိခြင်းမရှိသေးကြောင်းနှင့် သေဆုံးသူမှာ ပျော်ပျော်နေတတ်သူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

`ကြိုးဆွဲချ မသေခင်တစ်ရက်က အဆောင်နေသူငယ်ချင်းတွေကို ပန်ချီးကား တစ်ချပ် ဆွဲပေးခဲ့ပါတယ်၊အဲ့ဒီပန်ချီ ကားကို ငါဒီနေ့နင်တို့ကို ပေးခဲ့မယ် ဒါပေမယ့် မနက်ဖြန်မှာတော့ ငါမရှိတော့ဘူးလို့ပြောတာမျိုးတော့ သူသူငယ် ချင်းတွေဆီက ကြားသိရပါတယ်။ ဒါပေမယ့်သူက ပျော်ပျော်နေတတ်တော့ မထင်ခဲ့ပါဘူး၊ ဒါ့အပြင်ဆွဲကြိုးချ မသေခင်မှာလည်း အဆောင်နေ သူငယ်ချင်းတွေနဲ့ စနောက်နေကျပါသေးတယ်၊ဒါကြောင့် အခုလိုဖြစ် သွား တော့ အလွန်အံ့သြမိပါတယ်´ဟု အဆိုပါသင်တန်းမှ ဆရာတစ်ဦး ကပြောသည်။

ထို့ပြင် သူမနေထိုင်သောအဆောင်၌ မည်သည့်ဖိအားမျှမရှိကြောင်းနှင့် နယ်မှလာရောက်သောသူများအနေဖြင့် အိမ်လွမ်းသည့် ဝေဒနာသာ ရှိကြောင်းကိုလည်း အဆိုပါအဆောင်တွင် နေထိုင်သည့် အဆောင်သူ များထံမှသိရ သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်း မှ သေမှုသေ ခင်းအမှတ် ၁၆/၂၀၁၃ဖြင့် အမှုဖွင့်အ ရေးယူထားသည်ဟု မြို့နယ်ရဲစခန်းမှ သိရသည်။

မင်းခန့်-မန္တလေး(မြစ်မခ) , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၃.၆.၂၀၁၃

0 comments:

Post a Comment